အပိုင်အခွင့်အရေးဖန်တီးနိုင်မှု နည်းပါးခဲ့လို့ ဂိုးမရှိသရေရလဒ်ထွက်ခဲ့တဲ့ ဥရုဂွေးနဲ့ တောင်ကိုရီးယား

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (H) ရဲ့ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဥရုဂွေးနဲ့ တောင်ကိုရီးယား တို့ရဲ့ ပွဲစဉ်မှာတော့ တစ်ဖက်နဲ့တစ်ဖက် ပြတ်ပြတ်သားသား အသာစီးရ အောင်

မကစားနိုင်ခဲ့ကြလို့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ နည်းပြ အလွန်ဆိုရဲ့ ဥရုဂွေးဟာ ၄-၄-၃ ပုံစံနဲ့ တိုက်စစ်အသားပေး ပွဲထွက်လာခဲ့တာဖြစ်ပေမဲ့

ပွဲအစပိုင်းမှာ တိုက်စစ်ကို ခေါင်းတစ်လုံးပိုမြင့် အောင် ပုံဖော်နိုင်ခဲ့တာက တောင်ကိုရီးယားဖြစ်ပြီး ဆွန်ဟောင်မင်၊ လီဂျေ ဆောင်၊ နာဆောင်ဟိုတို့ရဲ့ အားထုတ်မှုတွေက

ဥရုဂွေးကို ခံစစ်ဇုန် ထဲ ရောက်သွားစေခဲ့တယ်။ ပွဲချိန် ၁၀ မိနစ် ကျော်လာသည်အထိ အာရှ အခြေစိုက်အသင်းကပဲ ပွဲကို ဦးဆောင်သွားခဲ့ပြီး ယုံကြည်မှုရှိရှိနဲ့

အားထည့်ကစား ခဲ့တာကြောင့် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့တယ်။ ပွဲချိန် မိနစ် ၂၀ ကျော်လာတဲ့အချိန်မှာ ဥရုဂွေးက တစ်ဦး ချင်း အားသာချက်တွေကို အသုံးချပြီး ပွဲကို

တန်ပြန်စိုးမိုးလာခဲ့တာကြောင့် နည်းပြ ပေါ်လိုဘန်တိုရဲ့ တောင်ကိုရီးယားဟာ တန်ပြန်တိုက်စစ်အဝေးပေး စနစ်နဲ့ တုံ့ပြန်ခဲ့ရတယ်။ ပွဲချိန် ၂၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကတစ်ဆင့် ဥရုဂွေး ဂိုးရဖို့ ကြိုးစားခဲ့ပေမဲ့

တောင်ကိုရီးယားဂိုးသမား ကင်ဆောင်ဂျူ ကာကွယ်နိုင်ခဲ့ တယ်။ မိနစ် ၃၀ ကျော်လာတဲ့ အချိန်မှာတော့ တောင်ကိုရီးယားဟာ ဘောလုံး ပိုင်ဆိုင်မှုကို ဦးစားပေးလာခဲ့ပြီး ၃၄ မိနစ်မှာ ညာတောင်ပံကနေ

ကင်တေဟွမ် ဖြတ်ပေးတာကို ဟွမ်းအီဂျို အနီးကပ် ပိတ်သွင်းခဲ့ပေမဲ့ ဂိုးဘားပေါ် ကျော်သွားခဲ့လို့ တောင်ကိုရီးယားတို့ နစ်နာခဲ့ရတယ်။ ပွဲချိန် ၄၃ မိနစ်မှာ ထောင့်ကန်ဘောကတစ်ဆင့် ဂိုဒင်

ခေါင်းတိုက်သွင်းပေမဲ့ ဂိုးတိုင်ထိပြီး ပြန် ထွက်ခဲ့လို့ ဥရုဂွေး နစ်နာမှု ကြီးမားခဲ့တယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးဟာ အမှားနည်းဖို့ကို ဦးစားပေးကစားပြီး နေရာလွတ်တွေ

မပေးရအောင် အာရုံစိုက်ခဲ့တာကြောင့် နှစ်သင်းစလုံး အပိုင်အခွင့်အရေး ဖန်တီးနိုင်မှု နည်းပါးခဲ့တယ်။ ပွဲချိန် ၆၄ မိနစ်မှာတော့ ဥရုဂွေးဟာ ဆွာရက်ဇ်နေရာမှာ ကာဗာနီ ကိုထည့်ပြီး

တိုက်စစ်မြှင့်ခဲ့ပေမဲ့ ခံစစ်ပိုင်း တည်ငြိမ်တဲ့ တောင်ကိုရီးယားကို မကျော်နိုင်ခဲ့ဘူး။ ပွဲချိန် ၇၄ မိနစ်မှာတော့ တောင်ကိုရီးယားက လူစားလဲမှုတွေလုပ်ခဲ့လို့ တိုက်စစ်က ပိုသွက်လာခဲ့တယ်။

ပွဲချိန် ၈၁ မိနစ်မှာ ကာဗာနီရဲ့ ဖန်တီးပေးမှုကတစ်ဆင့် နူနက်ဇ် ကန်သွင်းခဲ့တဲ့ တစ်ကြိမ်ကလွဲ လို့ တောင်ကိုရီးယားဘက်ကို ဥရုဂွေးတို့ ထိထိမိမိ မခြိမ်းခြောက်နိုင်ခဲ့ဘူး။

ဘောလုံးကို အဆုံးရှုံးမခံတဲ့ တောင်ကိုရီးယားဟာ ပွဲချိန် တစ်လျှောက်လုံး တည်ငြိမ်မှုကို ထိန်းထားနိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၉၀ မှာ နှစ်ဖက်စလုံး အဝေးကန် ချက်တွေနဲ့ ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမဲ့

ဂိုးမဝင်ခဲ့တာကြောင့် ဂိုးမရှိ သရေရလဒ် နဲ့ ပြီးဆုံးသွားခဲ့တယ်။

(Zawgyi)

အပိုင္အခြင့္အေရးဖန္တီးႏိုင္မႈ နည္းပါးခဲ့လို႔ ဂိုးမရွိသေရရလဒ္ထြက္ခဲ့တဲ့ ဥ႐ုေဂြးနဲ႔ ေတာင္ကိုရီးယား

ကမာၻ႔ဖလားၿပိဳင္ပြဲ အုပ္စု (H) ရဲ႕ အဖြင့္ပြဲစဥ္ျဖစ္တဲ့ ဥ႐ုေဂြးနဲ႔ ေတာင္ကိုရီးယား တို႔ရဲ႕ ပြဲစဥ္မွာေတာ့ တစ္ဖက္နဲ႔တစ္ဖက္ ျပတ္ျပတ္သားသား အသာစီးရ ေအာင္ မကစားႏိုင္ခဲ့ၾကလို႔ ဂိုးမရွိ

သေရရလဒ္ ထြက္ေပၚခဲ့ပါတယ္။ နည္းျပ အလြန္ဆိုရဲ႕ ဥ႐ုေဂြးဟာ ၄-၄-၃ ပုံစံနဲ႔ တိုက္စစ္အသားေပး ပြဲထြက္လာခဲ့တာျဖစ္ေပမဲ့ ပြဲအစပိုင္းမွာ တိုက္စစ္ကို ေခါင္းတစ္လုံးပိုျမင့္ ေအာင္

ပုံေဖာ္ႏိုင္ခဲ့တာက ေတာင္ကိုရီးယားျဖစ္ၿပီး ဆြန္ေဟာင္မင္၊ လီေဂ် ေဆာင္၊ နာေဆာင္ဟိုတို႔ရဲ႕ အားထုတ္မႈေတြက ဥ႐ုေဂြးကို ခံစစ္ဇုန္ ထဲ ေရာက္သြားေစခဲ့တယ္။ ပြဲခ်ိန္ ၁၀ မိနစ္

ေက်ာ္လာသည္အထိ အာရွ အေျခစိုက္အသင္းကပဲ ပြဲကို ဦးေဆာင္သြားခဲ့ၿပီး ယုံၾကည္မႈရွိရွိနဲ႔ အားထည့္ကစား ခဲ့တာေၾကာင့္ ေဘာလုံးပိုင္ဆိုင္မႈ အသာရခဲ့တယ္။ ပြဲခ်ိန္ မိနစ္ ၂၀ ေက်ာ္လာတဲ့အခ်ိန္မွာ

ဥ႐ုေဂြးက တစ္ဦး ခ်င္း အားသာခ်က္ေတြကို အသုံးခ်ၿပီး ပြဲကို တန္ျပန္စိုးမိုးလာခဲ့တာေၾကာင့္ နည္းျပ ေပၚလိုဘန္တိုရဲ႕ ေတာင္ကိုရီးယားဟာ တန္ျပန္တိုက္စစ္အေဝးေပး စနစ္နဲ႔ တုံ႔ျပန္ခဲ့ရတယ္။

ပြဲခ်ိန္ ၂၇ မိနစ္မွာ တန္ျပန္တိုက္စစ္ကတစ္ဆင့္ ဥ႐ုေဂြး ဂိုးရ ဖို႔ ႀကိဳးစားခဲ့ေပမဲ့ ေတာင္ကိုရီးယားဂိုးသမား ကင္ေဆာင္ဂ်ဴ ကာကြယ္ႏိုင္ခဲ့ တယ္။ မိနစ္ ၃၀ ေက်ာ္လာတဲ့ အခ်ိန္မွာေတာ့ ေတာင္ကိုရီးယားဟာ

ေဘာလုံး ပိုင္ဆိုင္မႈကို ဦးစားေပးလာခဲ့ၿပီး ၃၄ မိနစ္မွာ ညာေတာင္ပံကေန ကင္ေတဟြမ္ ျဖတ္ေပးတာကို ဟြမ္းအီဂ်ိဳ အနီးကပ္ ပိတ္သြင္းခဲ့ေပမဲ့ ဂိုးဘားေပၚ ေက်ာ္သြားခဲ့လို႔ ေတာင္ကိုရီးယားတို႔

နစ္နာခဲ့ရတယ္။ ပြဲခ်ိန္ ၄၃ မိနစ္မွာ ေထာင့္ကန္ေဘာကတစ္ဆင့္ ဂိုဒင္ ေခါင္းတိုက္သြင္းေပမဲ့ ဂိုးတိုင္ထိၿပီး ျပန္ ထြက္ခဲ့လို႔ ဥ႐ုေဂြး နစ္နာမႈ ႀကီးမားခဲ့တယ္။ ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းစ လုံးဟာ

အမွားနည္းဖို႔ကို ဦးစားေပး ကစားၿပီး ေနရာလြတ္ေတြ မေပးရေအာင္ အာ႐ုံစိုက္ခဲ့တာေၾကာင့္ ႏွစ္သင္းစလုံး အပိုင္အခြင့္အေရး ဖန္တီးႏိုင္မႈ နည္း ပါးခဲ့တယ္။ ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ ဥ႐ုေဂြးဟာ

ဆြာရက္ဇ္ေနရာမွာ ကာဗာနီ ကိုထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမဲ့ ခံစစ္ပိုင္း တည္ၿငိမ္တဲ့ ေတာင္ကိုရီးယားကို မေက်ာ္ႏိုင္ခဲ့ဘူး။ ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ေတာင္ကိုရီးယားက လူစားလဲမႈေတြလုပ္ခဲ့လို႔

တိုက္စစ္က ပိုသြက္လာခဲ့တယ္။ ပြဲခ်ိန္ ၈၁ မိနစ္မွာ ကာဗာနီရဲ႕ ဖန္တီးေပးမႈကတစ္ဆင့္ ႏူနက္ဇ္ ကန္သြင္းခဲ့တဲ့ တစ္ႀကိမ္ကလြဲ လို႔ ေတာင္ကိုရီးယားဘက္ကို ဥ႐ုေဂြးတို႔ ထိထိမိမိ မၿခိမ္းေျခာက္ႏိုင္ခဲ့ဘူး။

ေဘာလုံးကို အဆုံးရႈံးမခံတဲ့ ေတာင္ကိုရီးယားဟာ ပြဲခ်ိန္ တစ္ေလွ်ာက္လုံး တည္ၿငိမ္မႈကို ထိန္းထားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၉၀ မွာ ႏွစ္ဖက္စလုံး အေဝးကန္ ခ်က္ေတြနဲ႔ ဂိုးသြင္းဖို႔

ႀကိဳးစားခဲ့ေပမဲ့ ဂိုးမဝင္ခဲ့တာေၾကာင့္ ဂိုးမရွိ သေရရလဒ္ နဲ႔ ၿပီးဆုံးသြားခဲ့တယ္။