အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့လို့ အန်ဆလော့တီ ပေါက်ကွဲနေ

ဗယ်လီကာနိုနဲ့ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်မှုနဲ့အတူ လက်ရှိ ဘောလုံးရာသီ ပထမဆုံး လာလီဂါရှုံးပွဲ စတွေ့ခဲ့ရပြီး ဘာစီလိုနာကိုလည်း

အမှတ်ပေဇးယား ထိပ်ဆုံးနေရာ ပေးလိုက်ရတဲ့အတွက် ရီးရဲလ်နည်းပြ အန် ဆလော့တီက အသင်းသားတွေအပေါ်မှာ အပြစ်တင်လိုက်ပါတယ်။

ဗယ်လီကက်စ်မှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ ပထမပိုင်းပြီးဆုံးချိန်မှာတော့ တစ်ဖက် နှစ်ဂိုး စီနဲ့ သရေကျနေခဲ့တာဖြစ်ပေမဲ့ ဒုတိယပိုင်းမှာတော့ အော်စကာ ထရီဂျိုရဲ့ နှစ်ခါပြန်ကန်ခွင့်ရတဲ့

ပင်နယ်တီသွင်းဂိုးကြောင့် အိမ်ရှင်တို့ ဦးဆောင်ခွင့်ရခဲ့ပြီး ပွဲအပြီးမှာ ၃-၂ ဂိုးရ လဒ်နဲ့ အနိုင်ရခဲ့တာပါ။ ဒီပွဲကို ရှုံးနိမ့်လိုက်တဲ့အတွက် ရီးရဲလ်ဟာ ဘာစီလိုနာ နောက် ဒုတိယနေရာမှာ

ရပ်တည်ခဲ့ရပြီး ၂ မှတ် ကွာဟသွားပြီဖြစ်ပါတယ်။ ဒါကြောင့် အပိုင်အခွင့်အရေး သုံးကြိမ်လောက် ဖြုန်းတီးပစ်ခဲ့တဲ့ တိုက်စစ်မှူး ဗီနီစီးယပ်စ်အပေါ်မှာ အန်ဆလော့တီက

ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ‘’သူတို့ ဒီလိုမျိုး ကစားမယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ တစ်ဦးချင်း ရင်ဆိုင်တဲ့နေရာမှာ သူတို့က ကျွန်တော်တို့ထက်ပိုပြီး

အားကောင်းနေတယ်။ ဒီညကတော့ ဆိုးပါတယ်ဗျာ။ ဒါပါပဲ။ ဗီနီက ပုံမှန်သွင်းနေကျ သွင်းဂိုး နှစ်ကြိမ် သုံးကြိမ်လောက်ကို လွဲချော်ခဲ့တယ်။ အဆန်စီယိုကစားတာ

ကောင်းတယ်။ ဒါပေမဲ့ ဒီပွဲက ကျွန်တော်တို့ အတွက် မဟုတ်ခဲ့တာ။ ပွဲတွေအများကြီး ကစားခဲ့ရပြီးတဲ့နောက် ကျွန်တော်တို့ လန်းဆန်းမှု မရှိတာဟာ ပုံမှန်ပါပဲ။

ဒါဟာ ရာသီရဲ့ ပထမအ ဆင့်ပဲ ရှိတာကိုလည်း ထည့်တွက်ရမယ်။ ကျွန်တော်တို့ ကောင်းကောင်း လုပ် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို

ရောက်ထားပြီး လာလီဂါမှာလည်း ကောင်းကောင်း လုပ်ပြထားနိုင်ပါတယ်’’ လို့ အန် ဆလော့တီက ပြောဆိုခဲ့ပါတယ်။ ရီးရဲလ်ဟာ လာမယ့် ကြားရက်မှာ

ကာဒစ်ဇ်နဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ရှိနေပြီး အဲဒီပွဲစဉ် ပြီးဆုံးသွားတဲ့အခါမှာတော့ အသင်းသားတွေ အားလုံးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီကို

သက်ဆိုင်ရာ လက်ရွေးစင်အသင်း တွေနဲ့အတူ သွားရောက်ကြရတော့မှာ ဖြစ်ပါတယ်။

(Zawgyi)

အပိုင္အခြင့္အေရးေတြ အသုံးမခ်ႏိုင္ခဲ့လို႔ အန္ဆေလာ့တီ ေပါက္ကြဲေန

ဗယ္လီကာႏိုနဲ႔ပြဲစဥ္မွာ အပိုင္အခြင့္အေရးေတြ အသုံးမခ်ႏိုင္မႈနဲ႔အတူ လက္ရွိ ေဘာလုံးရာသီ ပထမဆုံး လာလီဂါရႈံးပြဲ စေတြ႕ခဲ့ရၿပီး ဘာစီလိုနာကိုလည္း အမွတ္ေပဇးယား

ထိပ္ဆုံးေနရာ ေပးလိုက္ရတဲ့အတြက္ ရီးရဲလ္နည္းျပ အန္ ဆေလာ့တီက အသင္းသားေတြအေပၚမွာ အျပစ္တင္လိုက္ပါတယ္။ ဗယ္လီ ကက္စ္မွာ ကစားခဲ့တဲ့ အဲဒီပြဲမွာ

ပထမပိုင္းၿပီးဆုံးခ်ိန္မွာေတာ့ တစ္ဖက္ ႏွစ္ဂိုး စီနဲ႔ သေရက်ေနခဲ့တာျဖစ္ေပမဲ့ ဒုတိယပိုင္းမွာေတာ့ ေအာ္စကာ ထရီဂ်ိဳရဲ႕ ပင္ နယ္တီသြင္းဂိုးေၾကာင့္

အိမ္ရွင္တို႔ ဦးေဆာင္ခြင့္ရခဲ့ၿပီး ပြဲအၿပီးမွာ ၃-၂ ဂိုးရ လဒ္နဲ႔ အႏိုင္ရခဲ့တာပါ။ ဒီပြဲကို ရႈံးနိမ့္လိုက္တဲ့အတြက္ ရီးရဲလ္ဟာ ဘာစီလိုနာ ေနာက္ ဒုတိယေနရာမွာ ရပ္တည္ခဲ့ရၿပီး ၂ မွတ္

ကြာဟသြားၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ အပိုင္အခြင့္အေရး သုံးႀကိမ္ေလာက္ ျဖဳန္းတီးပစ္ခဲ့တဲ့ တိုက္စစ္မႉး ဗီနီစီးယပ္စ္အေပၚမွာ အန္ဆေလာ့တီက ေဝဖန္သြားခဲ့တာပဲ ျဖစ္ပါတယ္။

‘’သူတို႔ ဒီလိုမ်ိဳး ကစားမယ္ဆိုတာ ကြၽန္ေတာ္တို႔ သိၿပီးသားပါ။ တစ္ဦးခ်င္း ရင္ဆိုင္တဲ့ေနရာမွာ သူတို႔က ကြၽန္ေတာ္တို႔ထက္ပိုၿပီး အားေကာင္းေနတယ္။ ဒီညကေတာ့

ဆိုးပါတယ္ဗ်ာ။ ဒါပါပဲ။ ဗီနီက ပုံမွန္သြင္းေနက် သြင္းဂိုး ႏွစ္ႀကိမ္ သုံးႀကိမ္ေလာက္ကို လြဲေခ်ာ္ခဲ့တယ္။ အဆန္စီယိုကစားတာ ေကာင္းတယ္။ ဒါေပမဲ့ ဒီပြဲက

ကြၽန္ေတာ္တို႔ အတြက္ မဟုတ္ခဲ့တာ။ ပြဲေတြအမ်ားႀကီး ကစားခဲ့ရၿပီးတဲ့ေနာက္ ကြၽန္ေတာ္တို႔ လန္းဆန္းမႈ မရွိတာဟာ ပုံမွန္ပါပဲ။

ဒါဟာ ရာသီရဲ႕ ပထမအ ဆင့္ပဲ ရွိတာကိုလည္း ထည့္တြက္ရမယ္။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း လုပ္ ႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ဟာ

ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကို ေရာက္ ထားၿပီး လာလီဂါမွာလည္း ေကာင္းေကာင္း လုပ္ျပထားႏိုင္ပါတယ္’’ လို႔ အန္ ဆေလာ့တီက ေျပာဆိုခဲ့ပါတယ္။

ရီးရဲလ္ဟာ လာမယ့္ ၾကားရက္မွာ ကာဒစ္ဇ္နဲ႔ လာလီဂါ ပြဲစဥ္ ကစားဖို႔ရွိေနၿပီး အဲဒီပြဲစဥ္ ၿပီးဆုံးသြားတဲ့အခါမွာေတာ့ အသင္းသားေတြ အားလုံးဟာ

ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးဆီကို သက္ဆိုင္ရာ လက္ေ႐ြးစင္အသင္း ေတြနဲ႔အတူ သြားေရာက္ၾကရေတာ့မွာ ျဖစ္ပါတယ္။