အန်ဖီးလ်မှာ ဒီလောက်ကြီးဆိုးရွားလွန်းခဲ့တာကြောင့် ရှက်လို့လဲတောင်သေချင်တယ်လို့ ကာရေဂါ ပေါက်ကွဲ

ရီးရဲလ်ကို ၅-၂ နဲ့အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်က လီဗာပူးရဲ့

ဒုတိယပိုင်းကစားပုံကို နောက်ခံလူဟောင်း ကာရေဂါက ပြင်းပြင်းထန်ထန်

ဝေဖန်သွားပါတယ်။ ကြိုးကြာနီတွေဟာ ပွဲချိန် မိနစ် ၂၀ အတွင်းမှာ

ဒါဝင်းနူးနက်ဇ်၊ ဆာလက်တို့ရဲ့ဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်ခဲ့ပေမယ့်

ပြိုင်ဘက်ကို ၅ ဂိုးအထိပြန်ပေးခဲ့ရတာဖြစ်တယ်။ မတ်လ ၁၅ ရက်နေ့မှာ

ဘာနေဗျူးကိုတစ်ကျော့ပြန်သွားရမယ့် လီဗာပူးအတွက်မျှော်လင့်ချက်က

ကင်းမဲ့သလောက်ဖြစ်သွားခဲ့ပါပြီ။ အန်ဖီးလ်မှာ ရီးရဲလ်ရဲ့ဖြိုချခြင်းခံရတဲ့

အသင်းဟောင်းနဲ့ပက်သတ်လို့တော့ ကာရေဂါကရှက်ဖို့ကောင်းလွန်းတယ်လို့

ဆိုခဲ့တာဖြစ်တယ်။ “နားထောင်ပါ၊ ပထမဆုံးပြောချင်တာနဲ့

ငါဆိုလိုချင်တာက အန်ဖီးလ်ကိုလာပြီး ရီးရဲလ်ကဘယ်လို

စွမ်းဆောင်ပြသွားတာလဲ။ ဒီလို ဥရောပ ညတစ်ညမှာ

အသင်းတစ်သင်းက အန်ဖီးလ်ကိုလာပြီး ခုလိုလုပ်ခဲ့တာမျိုး

တစ်ခါမျှမမြင်ဖူးဘူး။ ငါအားလုံးမှတ်မိတယ်၊ ငါက အဲ့အသင်းမှာ

ကစားခဲ့တာ။ လီဗာပူးဖျက်စီးခံလိုက်ရတာမျိုး ငါမြင်ခဲ့ရတယ်။

ဒါဟာ လီဗာပူးရဲ့အရှက်ကွဲခြင်းပါပဲ။ ရှက်စရာကောင်းလွန်းတယ်။

သူတို့တစ်ရာသီလုံးဆင်ခြေတွေပေးနေပြီး ဒါက အရင်ရာသီတွေကလို

မလုပ်နိုင်တဲ့အကြောင်းအရင်းတွေပါပဲ။ ဒုတိယပိုင်းက

လက်ခံနိုင်စရာမရှိပါဘူး…သူတို့အခွင့်အရေးတောင်ရအောင်

မလုပ်နိုင်ဘဲ ပြိုင်ဘက်ကိုဂိုးတွေပေးပြီး ၃-၀ နဲ့ရှုံးသွားတယ်။

၂-၂ မှာတိုက်စစ်ဖွင့်ကစားပြီး နောက်ကောက်ကျခဲ့တဲ့ပွဲဖြစ်သလို

ကျွန်တော်ပြောခဲ့သလို အရမ်းရှက်ဖို့ကောင်းတယ်။

အရှက်ကွဲတာနဲ့ပက်သတ်ပြီး ငါပြောချင်နေတာ။

ငါတို့ တစ်ရာသီလုံး ခံစစ်ပိုင်း အရှက်အကြောက်ကြီးတဲ့

အကြောင်းပြောနေတာ” လို့ CBS Sports ကတစ်ဆင့် ကာရေဂါက ပြောဆိုခဲ့ပါတယ်။

zawgyi

အန္ဖီးလ္မွာ ဒီေလာက္ႀကီးဆိုး႐ြားလြန္းခဲ့တာေၾကာင့္ ရွက္လို႔လဲေတာင္ေသခ်င္တယ္လို႔ ကာေရဂါ ေပါက္ကြဲ

ရီးရဲလ္ကို ၅-၂ နဲ႔အေရးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္က လီဗာပူးရဲ႕

ဒုတိယပိုင္းကစားပုံကို ေနာက္ခံလူေဟာင္း ကာေရဂါက ျပင္းျပင္းထန္ထန္

ေဝဖန္သြားပါတယ္။ ႀကိဳးၾကာနီေတြဟာ ပြဲခ်ိန္ မိနစ္ ၂၀ အတြင္းမွာ

ဒါဝင္းႏူးနက္ဇ္၊ ဆာလက္တို႔ရဲ႕ဂိုးေတြနဲ႔ ႏွစ္ဂိုးျပတ္ဦးေဆာင္ခဲ့ေပမယ့္

ၿပိဳင္ဘက္ကို ၅ ဂိုးအထိျပန္ေပးခဲ့ရတာျဖစ္တယ္။ မတ္လ ၁၅ ရက္ေန႔မွာ

ဘာေနဗ်ဴးကိုတစ္ေက်ာ့ျပန္သြားရမယ့္ လီဗာပူးအတြက္ေမွ်ာ္လင့္ခ်က္က

ကင္းမဲ့သေလာက္ျဖစ္သြားခဲ့ပါၿပီ။ အန္ဖီးလ္မွာ ရီးရဲလ္ရဲ႕ၿဖိဳခ်ျခင္းခံရတဲ့

အသင္းေဟာင္းနဲ႔ပက္သတ္လို႔ေတာ့ ကာေရဂါကရွက္ဖို႔ေကာင္းလြန္းတယ္လို႔

ဆိုခဲ့တာျဖစ္တယ္။ “နားေထာင္ပါ၊ ပထမဆုံးေျပာခ်င္တာနဲ႔

ငါဆိုလိုခ်င္တာက အန္ဖီးလ္ကိုလာၿပီး ရီးရဲလ္ကဘယ္လို

စြမ္းေဆာင္ျပသြားတာလဲ။ ဒီလို ဥေရာပ ညတစ္ညမွာ

အသင္းတစ္သင္းက အန္ဖီးလ္ကိုလာၿပီး ခုလိုလုပ္ခဲ့တာမ်ိဳး

တစ္ခါမွ်မျမင္ဖူးဘူး။ ငါအားလုံးမွတ္မိတယ္၊ ငါက အဲ့အသင္းမွာ

ကစားခဲ့တာ။ လီဗာပူးဖ်က္စီးခံလိုက္ရတာမ်ိဳး ငါျမင္ခဲ့ရတယ္။

ဒါဟာ လီဗာပူးရဲ႕အရွက္ကြဲျခင္းပါပဲ။ ရွက္စရာေကာင္းလြန္းတယ္။

သူတို႔တစ္ရာသီလုံးဆင္ေျခေတြေပးေနၿပီး ဒါက အရင္ရာသီေတြကလို

မလုပ္ႏိုင္တဲ့အေၾကာင္းအရင္းေတြပါပဲ။ ဒုတိယပိုင္းက

လက္ခံႏိုင္စရာမရွိပါဘူး…သူတို႔အခြင့္အေရးေတာင္ရေအာင္

မလုပ္ႏိုင္ဘဲ ၿပိဳင္ဘက္ကိုဂိုးေတြေပးၿပီး ၃-၀ နဲ႔ရႈံးသြားတယ္။

၂-၂ မွာတိုက္စစ္ဖြင့္ကစားၿပီး ေနာက္ေကာက္က်ခဲ့တဲ့ပြဲျဖစ္သလို

ကြၽန္ေတာ္ေျပာခဲ့သလို အရမ္းရွက္ဖို႔ေကာင္းတယ္။

အရွက္ကြဲတာနဲ႔ပက္သတ္ၿပီး ငါေျပာခ်င္ေနတာ။

ငါတို႔ တစ္ရာသီလုံး ခံစစ္ပိုင္း အရွက္အေၾကာက္ႀကီးတဲ့

အေၾကာင္းေျပာေနတာ” လို႔ CBS Sports ကတစ္ဆင့္ ကာေရဂါက ေျပာဆိုခဲ့ပါတယ္။