အန်တိုနီရဲ့ပြောင်းရွှေ့ကြေးအပေါ် ဝေဖန်ခဲ့တဲ့ အေဂျက်စ်နည်းပြကို အဲရစ်တန်ဟက် တုံ့ပြန်

ဘာစီလိုနာမှာ ရော်နယ်ကိုးလ်မန်းလက်ထက်က လက်ထောက်နည်းပြဖြစ်ခဲ့တဲ့

အေဂျက်စ်နည်းပြ ရှရူဒါဟာ အန်တိုနီရဲ့အပြောင်းအရွှေ့ကိစ္စမှာ ဝေဖန်အပြစ်တင်မှုတွေလုပ်နေပါတယ်။

ဒါကြောင့်လည်း ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်က ပြောင်းရွှေ့ကြေးကြောင့်

သူ့ရဲ့တပည့်ကျော် အန်တိုနီရဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေမဖြစ်စေဖို့

မနှစ်ကအထိ သူ့ရဲ့လက်ထောက်ဖြစ်ခဲ့တဲ့ ရှရူဒါရဲ့ ဝေဖန်မှုတွေအပေါ်

တုံ့ပြန်ပြောဆိုမှုတွေ ပြန်လည်လုပ်ခဲ့လိုက်ရပါတယ်။

ယူနိုက်တက်အသင်းဟာ အန်တိုနီကို

ပေါင်(၈၅.၅)သန်းနဲ့ခေါ်ယူခဲ့ပြီး ဒါက ၂၀၁၆ ခုနှစ်တုန်းက ပေ့ါဘာကို

ဂျူဗင်တပ်စ်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့

ခေါ်ယူခဲ့ပြီးတဲ့နောက် ဒုတိယမြောက် ပြောင်းရွှေ့ကြေးအများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် ရှရူဒါက “တချို့ကစားသမားတွေအတွက် ကလပ်အသင်းတွေက

ပေးချေနေတဲ့ပြောင်းရွှေ့ကြေးတွေကအတော့်ကိုမြင့်ပါတယ်။

ဒမ်ဘီလီအတွက် ယူရို ၁၁၅ သန်း၊ ဆန်ချို အတွက် ယူရို သန်း ၁၀၀၊

အခု အန်တိုနီရဲ့ပြောင်းရွှေ့ကြေးကလည်း ယူရိုသန်း ၁၀၀၊

ဒီကစားသမားတွေက ဒီလောက်တန်ဖိုးရှိနေကြတာလား၊

ကျွန်တော့်အမြင်မှာတော့ ဒါက အတော်များတဲ့ ပမဏပါ။

ဒါပေမယ့် ဒီကလပ်တွေဘက်က စံချိန်တင်ပေးချေမှုတွေရှိနေတာကိုတော့ ကျွန်တော်တို့ လက်ခံပါတယ်။”ဆိုပြီး

အန်တိုနီအတွက် မတန်တဆ ပြောင်းရွှေ့ကြေးသုံးခဲ့တဲ့ ယူနိုက်တက်အသင်းကို ဝေဖန်ခဲ့ကာ အန်တိုနီဟာ

အဲဒီလောက်အထိ တန်ကြေးရှိတဲ့ကစားသမားမဟုတ်ဘူးလို့ ဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် အဲရစ်တန်ဟက်က “ပရီးမီးယားလိဂ်ထိပ်တန်းကလပ်တွေဟာ

အခုနွေရာသီမှာ ငွေကြေးအများကြီးသုံးစွဲခဲ့ကြပါတယ်။ ဒါက လက်ရှိဈေးကွက်

တောင်းဆိုမှုအရဖြစ်ပြီး အဲဒီအတွက် ကျွန်တော်လည်း ဘာမှမတတ်နိုင်သလို

ဘယ်သူကမှလည်း ဘာမှလုပ်လို့မရပါဘူး။ ဈေးကွက်အရဖြစ်နေတဲ့

ကိစ္စဖြစ်နေတာကြောင့် ကျွန်တော်တို့ မဖြစ်မနေ လက်ခံရမှာပါပဲ”လို့ပြောကြားခဲ့ပါတယ်။

zawgyi

အန္တိုနီရဲ႕ေျပာင္းေ႐ႊ႕ေၾကးအေပၚ ေဝဖန္ခဲ့တဲ့ ေအဂ်က္စ္နည္းျပကို အဲရစ္တန္ဟက္ တုံ႔ျပန္

ဘာစီလိုနာမွာ ေရာ္နယ္ကိုးလ္မန္းလက္ထက္က လက္ေထာက္နည္းျပျဖစ္ခဲ့တဲ့

ေအဂ်က္စ္နည္းျပ ရွ႐ူဒါဟာ အန္တိုနီရဲ႕အေျပာင္းအေ႐ႊ႕ကိစၥမွာ ေဝဖန္အျပစ္တင္မႈေတြလုပ္ေနပါတယ္။

ဒါေၾကာင့္လည္း ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္က ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္

သူ႔ရဲ႕တပည့္ေက်ာ္ အန္တိုနီရဲ႕ စိတ္ပိုင္းဆိုင္ရာဖိအားေတြမျဖစ္ေစဖို႔

မႏွစ္ကအထိ သူ႔ရဲ႕လက္ေထာက္ျဖစ္ခဲ့တဲ့ ရွ႐ူဒါရဲ႕ ေဝဖန္မႈေတြအေပၚ

တုံ႔ျပန္ေျပာဆိုမႈေတြ ျပန္လည္လုပ္ခဲ့လိုက္ရပါတယ္။

ယူႏိုက္တက္အသင္းဟာ အန္တိုနီကို

ေပါင္(၈၅.၅)သန္းနဲ႔ေခၚယူခဲ့ၿပီး ဒါက ၂၀၁၆ ခုႏွစ္တုန္းက ေပ့ါဘာကို

ဂ်ဴဗင္တပ္စ္အသင္းကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔

ေခၚယူခဲ့ၿပီးတဲ့ေနာက္ ဒုတိယေျမာက္ ေျပာင္းေ႐ႊ႕ေၾကးအမ်ားဆုံးလည္း ျဖစ္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ရွ႐ူဒါက “တခ်ိဳ႕ကစားသမားေတြအတြက္ ကလပ္အသင္းေတြက

ေပးေခ်ေနတဲ့ေျပာင္းေ႐ႊ႕ေၾကးေတြကအေတာ့္ကိုျမင့္ပါတယ္။

ဒမ္ဘီလီအတြက္ ယူ႐ို ၁၁၅ သန္း၊ ဆန္ခ်ိဳ အတြက္ ယူ႐ို သန္း ၁၀၀၊

အခု အန္တိုနီရဲ႕ေျပာင္းေ႐ႊ႕ေၾကးကလည္း ယူ႐ိုသန္း ၁၀၀၊

ဒီကစားသမားေတြက ဒီေလာက္တန္ဖိုးရွိေနၾကတာလား၊

ကြၽန္ေတာ့္အျမင္မွာေတာ့ ဒါက အေတာ္မ်ားတဲ့ ပမဏပါ။

ဒါေပမယ့္ ဒီကလပ္ေတြဘက္က စံခ်ိန္တင္ေပးေခ်မႈေတြရွိေနတာကိုေတာ့ ကြၽန္ေတာ္တို႔ လက္ခံပါတယ္။”ဆိုၿပီး

အန္တိုနီအတြက္ မတန္တဆ ေျပာင္းေ႐ႊ႕ေၾကးသုံးခဲ့တဲ့ ယူႏိုက္တက္အသင္းကို ေဝဖန္ခဲ့ကာ အန္တိုနီဟာ

အဲဒီေလာက္အထိ တန္ေၾကးရွိတဲ့ကစားသမားမဟုတ္ဘူးလို႔ ဆိုခဲ့တာျဖစ္ပါတယ္။

အဲဒီအတြက္ အဲရစ္တန္ဟက္က “ပရီးမီးယားလိဂ္ထိပ္တန္းကလပ္ေတြဟာ

အခုေႏြရာသီမွာ ေငြေၾကးအမ်ားႀကီးသုံးစြဲခဲ့ၾကပါတယ္။ ဒါက လက္ရွိေဈးကြက္

ေတာင္းဆိုမႈအရျဖစ္ၿပီး အဲဒီအတြက္ ကြၽန္ေတာ္လည္း ဘာမွမတတ္ႏိုင္သလို

ဘယ္သူကမွလည္း ဘာမွလုပ္လို႔မရပါဘူး။ ေဈးကြက္အရျဖစ္ေနတဲ့

ကိစၥျဖစ္ေနတာေၾကာင့္ ကြၽန္ေတာ္တို႔ မျဖစ္မေန လက္ခံရမွာပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။