အန်တိုနီယိုပြောတဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်

ဝက်စ်ဟမ်း အသင်းခေါင်းဆောင်ဖြစ်ပြီး လက်ရှိအချိန်မှာ ဥရောပအဆင့် ခြေစွမ်းကို ပြသနေတဲ့ ဒီကလန်ရိုက်စ်ဟာ အနှေးနဲ့အမြန်ဆိုသလို အင်္ဂလန် အသင်းခေါင်းဆောင် ဖြစ်လာလိမ့်မယ်လို့

ဝက်စ်ဟမ်းအသင်း တိုက်စစ်မှူး အန်တိုနီယိုက အလေးပေး ပြောဆိုပါတယ်။ ဒီကလန်ရိုက်စ်ဟာ လန်ဒန်ကလပ်ရဲ့ အသင်းခေါင်းဆောင်ရာထူးကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆက်ခံနိုင်ခဲ့တဲ့

ကစားသမားဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ပထမဆုံး ပွဲထွက်ခွင့် ရခဲ့ပြီးတဲ့နောက် ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်နဲ့အတူ ထင်ရှားလာသူဖြစ်ပါတယ်။ ရိုက်စ်ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်

အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမား တစ်ယောက်ဖြစ်ခဲ့ပြီး ဗိုလ်လုပွဲအထိ တက်ရောက်အောင် ကူညီပေးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအသင်းခေါင်းဆောင်

ဟယ်ရီကိန်းနဲ့အတူ လက်တွဲခဲ့တဲ့အချိန်ကာလ အထိုက်အလျောက် ရှိလာနေ ပြီဖြစ်တဲ့အတွက် ရိုက်စ်ဟာ အသင်းခေါင်းဆောင် ဖြစ်လာဖို့ သင့်တော်သူဖြစ်တယ်လို့ အန်တိုနီယိုက ပြောဆိုလိုက်တာပါ။

‘’ရာနှုန်းပြည့် သေချာပါတယ်။ သူက လက်ရှိမှာ ငယ်ရွယ်နုပျိုနေတုန်းဖြစ်ပြီး ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တယ်။ လက်ရှိမှာ အသင်းကို သူဦးဆောင်နေတာတွေကိုလည်

းခင်ဗျားတို့ မြင်နိုင်ပါတယ်။ ဒါကြောင့် သူက အင်္ဂလန်အသင်းအတွက် ခေါင်းဆောင်ဖြစ်လာနိုင်တာမျိုးပါ။ သူ့မှာ အဲဒီ အမှတ်အသား ပါလာတာ။ သူက အဲဒါကို လက်ရှိမှာ ဝက်စ်ဟမ်းနဲ့အတူ

လုပ်ပြနေပြီး အင်္ဂလန်အတွက် လည်း လွယ်လွယ်ကူကူလေးပဲ လုပ်သွားနိုင်မှာပါ။ သူ့ရဲ့ ငယ်ရွယ်တဲ့ အသက် အရွယ်မှာတင်ပဲ ပွဲတွေအများကြီး ကစားပြီးနေပါပြီ။ အင်္ဂလန်အတွက်လည်း

ကစားပေးထားပြီးပြီ။ ဒါကြောင့် အချိန်တွေ ကြာလာတာနဲ့အမျှ ဟယ်ရီကိန်းကလည်း အသက်ရလာပြီဆိုရင် သူ့ကို အင်္ဂလန်အသင်းခေါင်းဆောင်နေရာမှာ ကျွန်တော် သေချာပေါက်ကို

မြင်နေတယ်ဗျာ’’ လို့ တိုက်စစ်မှူး အန်တိုနီ ယိုက ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး ဒီကလန်ရိုက်စ်ဟာ ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာလည်း

ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ ဒီကလန်ရိုက်စ်ဟာ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မှာတော့ ဒေါ့တ်မန်ကွင်းလယ်လူ ဘယ်လင်ဟမ်နဲ့အတူ တွဲဖက်ပြီး ပွဲထွက်ခွင့်ရမယ့် ကစားသမားအဖြစ် ရှိနေပါတယ်။

(Zawgyi)

အန္တိုနီယိုေျပာတဲ့ အဂၤလန္အသင္းေခါင္းေဆာင္ ဒီကလန္႐ိုက္စ္

ဝက္စ္ဟမ္း အသင္းေခါင္းေဆာင္ျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ဥေရာပအဆင့္ ေျခစြမ္းကို ျပသေနတဲ့ ဒီကလန္႐ိုက္စ္ဟာ အေႏွးနဲ႔အျမန္ဆိုသလို အဂၤလန္ အသင္းေခါင္းေဆာင္ ျဖစ္လာလိမ့္မယ္လို႔

ဝက္စ္ဟမ္းအသင္း တိုက္စစ္မႉး အန္တိုနီယိုက အေလးေပး ေျပာဆိုပါတယ္။ ဒီကလန္႐ိုက္စ္ဟာ လန္ဒန္ ကလပ္ရဲ႕ အသင္းေခါင္းေဆာင္ရာထူးကို အသက္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဆက္ ခံႏိုင္ခဲ့တဲ့

ကစားသမားျဖစ္ၿပီး ၂၀၁၉ ခုႏွစ္မွာ ပထမဆုံး ပြဲထြက္ခြင့္ ရခဲ့ၿပီးတဲ့ ေနာက္ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္နဲ႔အတူ ထင္ရွားလာသူျဖစ္ပါတယ္။ ႐ိုက္စ္ဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္ အဂၤလန္အသင္းရဲ႕ အဓိက

ကစားသမား တစ္ေယာက္ျဖစ္ခဲ့ၿပီး ဗိုလ္လုပြဲအထိ တက္ေရာက္ေအာင္ ကူညီေပးႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိအသင္းေခါင္းေဆာင္ ဟယ္ရီကိန္းနဲ႔အတူ

လက္တြဲခဲ့တဲ့အခ်ိန္ကာလ အထိုက္အေလ်ာက္ ရွိလာေန ၿပီျဖစ္တဲ့အတြက္ ႐ိုက္စ္ဟာ အသင္းေခါင္းေဆာင္ ျဖစ္လာဖို႔ သင့္ေတာ္သူျဖစ္ တယ္လို႔ အန္တိုနီယိုက ေျပာဆိုလိုက္တာပါ။ ‘’ရာႏႈန္းျပည့္ ေသခ်ာပါတယ္။

သူက လက္ရွိမွာ ငယ္႐ြယ္ႏုပ်ိဳေနတုန္းျဖစ္ၿပီး ဝက္စ္ဟမ္းရဲ႕ အသင္းေခါင္း ေဆာင္လည္းျဖစ္တယ္။ လက္ရွိမွာ အသင္းကို သူဦးေဆာင္ေနတာေတြကို လည္း ခင္ဗ်ားတို႔ ျမင္ႏိုင္ပါတယ္။

ဒါေၾကာင့္ သူက အဂၤလန္အသင္းအတြက္ ေခါင္းေဆာင္ျဖစ္လာႏိုင္တာမ်ိဳးပါ။ သူ႔မွာ အဲဒီ အမွတ္အသား ပါလာတာ။ သူက အဲဒါကို လက္ရွိမွာ ဝက္စ္ဟမ္းနဲ႔အတူ လုပ္ျပေနၿပီး အဂၤလန္အတြက္

လည္း လြယ္လြယ္ကူကူေလးပဲ လုပ္သြားႏိုင္မွာပါ။ သူ႔ရဲ႕ ငယ္႐ြယ္တဲ့ အသက္ အ႐ြယ္မွာတင္ပဲ ပြဲေတြအမ်ားႀကီး ကစားၿပီးေနပါၿပီ။ အဂၤလန္အတြက္လည္း ကစားေပးထားၿပီးၿပီ။

ဒါေၾကာင့္ အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် ဟယ္ရီကိန္း ကလည္း အသက္ရလာၿပီဆိုရင္ သူ႔ကို အဂၤလန္အသင္းေခါင္းေဆာင္ေနရာ မွာ ကြၽန္ေတာ္ ေသခ်ာေပါက္ကို ျမင္ေနတယ္ဗ်ာ’’ လို႔

တိုက္စစ္မႉး အန္တိုနီ ယိုက ေျပာဆိုသြားခဲ့ပါတယ္။ ေနာက္ၿပီး ဒီကလန္႐ိုက္စ္ဟာ ကာတာကမာၻ႔ ဖလားၿပိဳင္ပြဲဝင္မယ့္ အဂၤလန္လက္ေ႐ြးစင္အသင္း လူစာရင္းမွာလည္း ေ႐ြး ခ်ယ္ခံထားရသူျဖစ္ပါတယ္။

ဒီကလန္႐ိုက္စ္ဟာ လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲ မွာေတာ့ ေဒါ့တ္မန္ကြင္းလယ္လူ ဘယ္လင္ဟမ္နဲ႔အတူ တြဲဖက္ၿပီး ပြဲထြက္ခြင့္ ရမယ့္ ကစားသမားအျဖစ္ ရွိေနပါတယ္။