အန်တိုနီကိုရောင်းဖို့ အေဂျက်ဇ်ဆုံးဖြတ်ခဲ့တာကြောင့် ကြားထဲက ပေါင် ၁၆ သန်းရဦးမယ့် ဆာအိုပေါ်လို

မန်ချက်စတာ လေဆိပ်ကို ဆိုက်ရောက်မယ့် လေယာဉ်ပေါ် အေဂျက်ဇ် တောင်ပံကစားသမား အန်တိုနီတစ်ယောက် စီးနင်းလိုက်ပါဖို့ သဘောတူ လိုက်ပြီလို့ တနင်္ဂနွေညမှာ သတင်းတွေထွက်လာတော့ သရဲနီပရိသတ်တွေ ဖရဏာပီတိ ဂွမ်းဆီထိသလို ဖြစ်နေပြီဆိုတာ

မြေကြီးလက်ခတ် မလွဲပါပဲ။ အန်တိုနီဟာ အေဂျက်ဇ် ကလပ်အသင်း စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၄ သန်းနဲ့ မန်ယူကို ပြောင်းဖို့ သဘောတူလိုက်ပြီဖြစ်တယ်လို့ SPORTbible သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြပါတယ်။ နောက်ပြီး ဘောလုံးအပြောင်းအရွှေ့အတွင်း

သတင်းတွေကို နှိုက်နှိုက်ချွတ်ချွတ် ဖော်ပြလေ့ရှိတဲ့ ဖာဘရီဇီယိုရိုမာနိုရဲ့ ပြောဆိုချက်အရ အန်တိုနီဟာ မန်ယူနဲ့အတူ ၂၀၂၇ ခု နှစ်အထိ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး စာချုပ်ပါအချက်အလက်အရ အပိုထပ်ဆောင်း တစ်နှစ်သက်တမ်းတိုးစာချုပ်ခွင့်လည်း ရှိနေတယ်လို့ သိရပါတယ်။

အန်တိုနီဟာ လီဆန်ဒရိုမာတီနက်ဇ်ပြီးရင် ဒီရာသီမှာ အေဂျက်ဇ်ကနေပြီး မန်ယူကို ဒုတိယမြောက် ပြောင်းရွှေ့သူဖြစ်လာတော့မှာပါ။ ဒါပေမဲ့ ဒီအပြောင်း အရွှေ့မှာ နေရင်းထိုင်ရင်းနဲ့ ကြားထဲကနေ အမြတ်ထွက်သွားတဲ့ အသင်းတစ်သင်းရှိနေပါတယ်။ အဲဒီအသင်းကတော့

ဘရာဇီးကလပ် ဆာအိုပေါ်လိုပါပဲ။ ဒီဘရာဇီးသားရဲ့ ငယ်မွေးခြံပေါက်ကလပ်ဟာ ဆာအိုပေါ်လိုဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ နယ်သာလန်ကလပ်ဆီကို ပြောင်းရွှေ့ ကြေး ပေါင် ၁၃ သန်းနဲ့ ရောက်လာခဲ့တာပါ။ ဒါပေမဲ့ အေဂျက်နဲ့ ဆာအိုပေါ်လို တို့အကြား သဘောတူညီထားတဲ့

စာချုပ်ပါ အချက်အလက်အရ နောက်ထပ် အသင်းပြောင်းမယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကို ဘရာဇီး ကလပ်ထံ ပေးရမယ်လို့ ပါရှိပါတယ်။ စာချုပ်ပါ အချက်အလက်အရ ပေးချေရန်ရှိမှု၊ အသင်းနဲ့အတူ စည်းလုံးညီညွတ်မှုနဲ့ လေ့ကျင့်ရေးလျော်ကြေးစရိတ်

၂ ဒသမ ၇ ရာခိုင် နှုန်းတို့ ရရှိမှာဖြစ်တဲ့ ဆာအိုပေါ်လိုဟာ အေဂျက်ဇ်ဆီကနေပြီး စုစုပေါင်း ပေါင် ၁၆ ဒသမ ၇ သန်းထက်မနည်း ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် အန်တိုနီဟာ ရေမြေခြားသွားခဲ့တာတောင် ဘရာဇီးမြေက မိခင်ကလပ် ဆာအိုပေါ်လို ကို အလုပ်အကျွေး ပြုနေတုန်းပဲလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။

(zawgyi)

မန္ခ်က္စတာ ေလဆိပ္ကို ဆိုက္ေရာက္မယ့္ ေလယာဥ္ေပၚ ေအဂ်က္ဇ္ ေတာင္ပံကစားသမား အန္တိုနီတစ္ေယာက္ စီးနင္းလိုက္ပါဖို႔ သေဘာတူ လိုက္ၿပီလို႔ တနဂၤေႏြညမွာ သတင္းေတြထြက္လာေတာ့ သရဲနီပရိသတ္ေတြ ဖရဏာပီတိ ဂြမ္းဆီထိသလို

ျဖစ္ေနၿပီဆိုတာ ေျမႀကီးလက္ခတ္ မလြဲပါပဲ။ အန္တိုနီဟာ ေအဂ်က္ဇ္ ကလပ္အသင္း စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၄ သန္းနဲ႔ မန္ယူကို ေျပာင္းဖို႔ သေဘာတူလိုက္ၿပီျဖစ္တယ္လို႔ SPORTbible သတင္းဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပပါတယ္။

ေနာက္ၿပီး ေဘာလုံးအေျပာင္းအေ႐ႊ႕အတြင္းသတင္းေတြကို ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ ေဖာ္ျပေလ့ရွိတဲ့ ဖာဘရီဇီယို႐ိုမာႏိုရဲ႕ ေျပာဆိုခ်က္အရ အန္တိုနီဟာ မန္ယူနဲ႔အတူ ၂၀၂၇ ခု ႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္ၿပီး စာခ်ဳပ္ပါအခ်က္အလက္အရ အပိုထပ္ေဆာင္း

တစ္ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခြင့္လည္း ရွိေနတယ္လို႔ သိရပါတယ္။ အန္တိုနီဟာ လီဆန္ဒ႐ိုမာတီနက္ဇ္ၿပီးရင္ ဒီရာသီမွာ ေအဂ်က္ဇ္ကေနၿပီး မန္ယူကို ဒုတိယေျမာက္ ေျပာင္းေ႐ႊ႕သူျဖစ္လာေတာ့မွာပါ။ ဒါေပမဲ့ ဒီအေျပာင္း အေ႐ႊ႕မွာ ေနရင္းထိုင္ရင္းနဲ႔ ၾကားထဲကေန

အျမတ္ထြက္သြားတဲ့ အသင္းတစ္သင္းရွိေနပါတယ္။ အဲဒီအသင္းကေတာ့ ဘရာဇီးကလပ္ ဆာအိုေပၚလိုပါပဲ။ ဒီဘရာဇီးသားရဲ႕ ငယ္ေမြးၿခံေပါက္ကလပ္ဟာ ဆာအိုေပၚလိုျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္မွာ နယ္သာလန္ကလပ္ဆီကို ေျပာင္းေ႐ႊ႕ ေၾကး ေပါင္ ၁၃ သန္းနဲ႔

ေရာက္လာခဲ့တာပါ။ ဒါေပမဲ့ ေအဂ်က္နဲ႔ ဆာအိုေပၚလို တို႔အၾကား သေဘာတူညီထားတဲ့ စာခ်ဳပ္ပါ အခ်က္အလက္အရ ေနာက္ထပ္ အသင္းေျပာင္းမယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ ၂၀ ရာခိုင္ႏႈန္းကို ဘရာဇီး ကလပ္ထံ ေပးရမယ္လို႔ ပါရွိပါတယ္။

စာခ်ဳပ္ပါ အခ်က္အလက္အရ ေပးေခ်ရန္ရွိမႈ၊ အသင္းနဲ႔အတူ စည္းလုံးညီၫြတ္မႈနဲ႔ ေလ့က်င့္ေရးေလ်ာ္ေၾကးစရိတ္ ၂ ဒသမ ၇ ရာခိုင္ ႏႈန္းတို႔ ရရွိမွာျဖစ္တဲ့ ဆာအိုေပၚလိုဟာ ေအဂ်က္ဇ္ဆီကေနၿပီး စုစုေပါင္း ေပါင္ ၁၆ ဒသမ ၇ သန္းထက္မနည္း ရရွိမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အန္တိုနီဟာ ေရေျမျခားသြားခဲ့တာေတာင္ ဘရာဇီးေျမက မိခင္ကလပ္ ဆာအိုေပၚလို ကို အလုပ္အေကြၽး ျပဳေနတုန္းပဲလို႔ ဆိုရေတာ့မွာ ျဖစ္ပါတယ္။