အန်ဇိုဖာနန်ဒက်ဇ်အတွက် နောက်ဆုံးတိုက်ပွဲဆင်နွှဲဖို့ လစ္စဘွန်းကို ချဲလ်ဆီးတာဝန်ရှိသူတွေပျံသန်းတော့မယ်

ချဲလ်ဆီးအသင်းဟာ ဇန်နဝါရီဈေးကွက်မပိတ်သိမ်းခင်မှာ

ဘင်ဖီကာကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်အတွက်

နောက်ဆုံးအကြိမ်ကြိုးစားတော့မှာဖြစ်ပြီး စာချုပ်ဖျက်ကြေး

ပေါင် ၁၀၆ သန်းကိုပေးချေမယ်လို့ ဘင်ဖီကာအသင်းထံ

ဆက်သွယ်လိုက်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေမှာတော့

အပြာရောင်တွေဟာ လိုင်ယွန်နောက်ခံလူ မာလွန်ဂူစတိုကို

ပေါင် ၂၆.၃ သန်းနဲ့ခေါ်ယူခဲ့ပြီးနောက် ဖာနန်ဒက်ဇ်အတွက်

နောက်တစ်ကြိမ်ကြိုးစားဖို့စိတ်ပိုင်းဖြတ်ထားတာဖြစ်တယ်။

ချဲလ်ဆီးအနေနဲ့ ပထမအကြိမ်မှာ အာဂျင်တီးနားကြယ်ပွင့်အတွက်

ပေါင် ၇၅ သန်းဝန်းကျင်နဲ့ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံထားရပါတယ်။

ယနေ့မှာတော့ ချဲလ်ဆီးတာဝန်ရှိသူတွေဟာ ဆွေးနွေူမှုအသစ်

လုပ်ဆောင်ဖို့အတွက် လန်ဒန်ကနေ စပို့တင်းကိုခရီးနှင်တော့မှာဖြစ်ပြီး

ပြောင်းရွှေ့ကြေး ပေါင် ၁၀၆ သန်းနဲ့ကမ်းလှမ်းတော့မယ်လို့

Dailymail သတင်းစာကအတည်ပြုပေးလိုက်တာဖြစ်တယ်။

တနည်းအားဖြင့်တော့ ဇန်နဝါရီအပြောင်းအရွှေ့မပိတ်သိမ်းခင်မှာ

အပြီးသတ်လုပ်ဆောင်ဖို့အတွက် ချဲလ်ဆီးဘက်က ကိုယ်စားလှယ်တစ်ဖွဲ့

လစ္စဘွန်းကိုစေလွှတ်မှာပါ။ ချဲလ်ဆီးဟာ ဖာနန်ဒက်ဇ်အပြောင်းအရွှေ့ကို

၄၈ နာရီအတွင်းအပြီးသတ်လုပ်ဆောင်ရဖို့ရှိနေတာကြောင့်

အသက် ၂၂နှစ်အရွယ်ကြယ်ပွင့်အတွက် ပေါင် ၁၀၆ သန်းပေးဖို့အတွက်

ဆုံးဖြတ်လိုက်တာဖြစ်တယ်။ ပရီးမီးယားလိဂ်ကလပ်ဟာ နောက်ဆုံးအကြိမ်မှာ

စာချုပ်ဖျက်ကြေးထက် ပေါင် ၆သန်းပိုပေးပြီး ပြောင်းရွှေ့ကြေးကိုတော့

၃ရစ် ပေးချေမယ်ဆိုတဲ့ကမ်းလှမ်းမှုမျိုးကိုလည်း ဘင်ဖီကာဘက်က

ငြင်းဆန်ထားတာပါ။ ဘင်ဖီကာအသင်းဟာ တစ်နှစ်ကို ပေါင် ၃၇.၃ သန်းနဲ့

၃နှစ်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုကိုသဘောမကျခဲ့ဘဲ စာချုပ်ဖျက်ကြေးအတိုင်း

ပေါင် ၁၀၆ သန်းအပြည့်အဝလိုချင်ခဲ့တာဖြစ်တယ်။

ဒါကြောင့် ချဲလ်ဆီးဘက်က ပေါ်တူဂီကလပ်လိုချင်တဲ့ဆန္ဒအတိုင်း

နောက်ဆုံးအကြိမ်ကမ်းလှမ်းဖို့အတွက် အမြန်စီစဉ်နေရတာဖြစ်ပါတယ်။

zawgyi

အန္ဇိုဖာနန္ဒက္ဇ္အတြက္ ေနာက္ဆုံးတိုက္ပြဲဆင္ႏႊဲဖို႔ လစၥဘြန္းကို ခ်ဲလ္ဆီးတာဝန္ရွိသူေတြပ်ံသန္းေတာ့မယ္

ခ်ဲလ္ဆီးအသင္းဟာ ဇန္နဝါရီေဈးကြက္မပိတ္သိမ္းခင္မွာ

ဘင္ဖီကာကြင္းလယ္လူ အန္ဇိုဖာနန္ဒက္ဇ္အတြက္

ေနာက္ဆုံးအႀကိမ္ႀကိဳးစားေတာ့မွာျဖစ္ၿပီး စာခ်ဳပ္ဖ်က္ေၾကး

ေပါင္ ၁၀၆ သန္းကိုေပးေခ်မယ္လို႔ ဘင္ဖီကာအသင္းထံ

ဆက္သြယ္လိုက္ပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြမွာေတာ့

အျပာေရာင္ေတြဟာ လိုင္ယြန္ေနာက္ခံလူ မာလြန္ဂူစတိုကို

ေပါင္ ၂၆.၃ သန္းနဲ႔ေခၚယူခဲ့ၿပီးေနာက္ ဖာနန္ဒက္ဇ္အတြက္

ေနာက္တစ္ႀကိမ္ႀကိဳးစားဖို႔စိတ္ပိုင္းျဖတ္ထားတာျဖစ္တယ္။

ခ်ဲလ္ဆီးအေနနဲ႔ ပထမအႀကိမ္မွာ အာဂ်င္တီးနားၾကယ္ပြင့္အတြက္

ေပါင္ ၇၅ သန္းဝန္းက်င္နဲ႔ကမ္းလွမ္းခဲ့ေပမဲ့ ပယ္ခ်ခံထားရပါတယ္။

ယေန႔မွာေတာ့ ခ်ဲလ္ဆီးတာဝန္ရွိသူေတြဟာ ေဆြးေႏြဴမႈအသစ္

လုပ္ေဆာင္ဖို႔အတြက္ လန္ဒန္ကေန စပို႔တင္းကိုခရီးႏွင္ေတာ့မွာျဖစ္ၿပီး

ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၆ သန္းနဲ႔ကမ္းလွမ္းေတာ့မယ္လို႔

Dailymail သတင္းစာကအတည္ျပဳေပးလိုက္တာျဖစ္တယ္။

တနည္းအားျဖင့္ေတာ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မပိတ္သိမ္းခင္မွာ

အၿပီးသတ္လုပ္ေဆာင္ဖို႔အတြက္ ခ်ဲလ္ဆီးဘက္က ကိုယ္စားလွယ္တစ္ဖြဲ႕

လစၥဘြန္းကိုေစလႊတ္မွာပါ။ ခ်ဲလ္ဆီးဟာ ဖာနန္ဒက္ဇ္အေျပာင္းအေ႐ႊ႕ကို

၄၈ နာရီအတြင္းအၿပီးသတ္လုပ္ေဆာင္ရဖို႔ရွိေနတာေၾကာင့္

အသက္ ၂၂ႏွစ္အ႐ြယ္ၾကယ္ပြင့္အတြက္ ေပါင္ ၁၀၆ သန္းေပးဖို႔အတြက္

ဆုံးျဖတ္လိုက္တာျဖစ္တယ္။ ပရီးမီးယားလိဂ္ကလပ္ဟာ ေနာက္ဆုံးအႀကိမ္မွာ

စာခ်ဳပ္ဖ်က္ေၾကးထက္ ေပါင္ ၆သန္းပိုေပးၿပီး ေျပာင္းေ႐ႊ႕ေၾကးကိုေတာ့

၃ရစ္ ေပးေခ်မယ္ဆိုတဲ့ကမ္းလွမ္းမႈမ်ိဳးကိုလည္း ဘင္ဖီကာဘက္က

ျငင္းဆန္ထားတာပါ။ ဘင္ဖီကာအသင္းဟာ တစ္ႏွစ္ကို ေပါင္ ၃၇.၃ သန္းနဲ႔

၃ႏွစ္ေပးမယ္ဆိုတဲ့ ကမ္းလွမ္းမႈကိုသေဘာမက်ခဲ့ဘဲ စာခ်ဳပ္ဖ်က္ေၾကးအတိုင္း

ေပါင္ ၁၀၆ သန္းအျပည့္အဝလိုခ်င္ခဲ့တာျဖစ္တယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးဘက္က ေပၚတူဂီကလပ္လိုခ်င္တဲ့ဆႏၵအတိုင္း

ေနာက္ဆုံးအႀကိမ္ကမ္းလွမ္းဖို႔အတြက္ အျမန္စီစဥ္ေနရတာျဖစ္ပါတယ္။