
ချဲလ်ဆီးအသင်းဟာ အာဂျင်တီးနားကြယ်ပွင့် အန်ဇိုဖာနန်ဒက်ဇ်ကို





ခေါ်ယူဖို့အလွန်နီးစပ်ခဲ့ပေမဲ့ နောက်ဆုံးအဆင့်မှာ ညှိနှိုင်းမှု
ပျက်ပြယ်သွားတယ်လို့ အံ့အားသင့်ဖွယ်ရာသတင်း





ထွက်ပေါ်လာခဲ့ပါတယ်။ အန်ဇိုဟာ ကာတာကမ္ဘာ့ဖလားမှာ
သူရဲကောင်းဖြစ်ခဲ့ပြီးနောက် ချဲလ်ဆီးကိုသေချာပေါက်ရောက်ရှိ
နိုင်တယ်လို့ ထင်ကြေးပေးခံနေရသူဖြစ်တယ်။





အသက် ၂၁ နှစ်အရွယ်ကစားသမားကို လီဗာပူးနဲ့
ယူနိုက်တက်တို့က ချိတ်ဆက်မှုရှိတာမှန်ပေမဲ့ ချဲလ်ဆီးက





အားလုံးထက်သာလွန်တဲ့လှုပ်ရှားမှုမျိုးလုပ်ထားနိုင်တာပါ။
ဒါပေမဲ့ တောင်အမေရိကဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့
ဆီဆာလုစ်မာလိုကတော့ ကစားသမားအတွက် ချဲလ်ဆီးနဲ့





ဘင်ဖီကာတို့ကြား ညှိနှိုင်းမှုအဆင်မပြေခဲ့ဘူးလို့ အသိပေး
ထားတာဖြစ်တယ်။ “အန်ဇိုဖာနန်ဒက်ဇ် ချဲလ်ဆီးကိုပြောင်းရွှေ့မယ့်





ညှိနှိုင်းမှုပျက်ပြားသွားခဲ့ပါတယ်။ ရက်အတော်ကြာ
ဆွေးနွေးခဲ့ပြီးတဲ့နောက် ဘင်ဖီကာဟာ သူ့ကိုစာချုပ်ပါ
အချက်အလက်ပြင်ပပုံစံနဲ့ ရောင်းချဖို့ကိုစွန့်လွှတ်လိုက်ပါတယ်”





မာလိုက တွစ်တာမှာရေးသားခဲ့တာပါ။ ဘင်ဖီကာဟာ အန်ဇိုပီရက်ဇ်ရဲ့
စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၀၆ သန်း ပေးချေဖို့အတွက်





ချဲလ်ဆီးဘက်ကိုတောင်းဆိုနေတာဖြစ်တယ်။ ဒါပေမဲ့ ချဲလ်ဆီးကတော့
ငွေကြေးသာတူညီမျှစည်းမျဉ်းနဲ့ကိုက်ညီစေဖို့အတွက် ပြောင်းရွှေ့ကြေးကို
၃ ရစ်ခွဲပေးဖို့အဆိုပြုခဲ့တာပါ။ အန်ဇိုဖာနန်ဒက်ဇ်သာ ချဲလ်ဆီးကို





ပြောင်းရွှေ့ဖြစ်မယ်ဆိုရင် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်
ဖြစ်လာဖို့ရှိပေမဲ့ နှစ်ဖက်အသင်းကြားညှိနှိုင်းမှုအဆင်မပြေတာကြောင့် အခက်တွေ့သွားခဲ့ရတာပါ။





zawgyi
အန္ဇိုဖာနန္ဒက္ဇ္အတြက္ ခ်ဲလ္ဆီးနဲ႔ ဘင္ဖီကာတို႔ၾကားညႇိႏႈိင္းမႈ အံ့အားသင့္ဖြယ္ ပ်က္ျပယ္ခဲ့
ခ်ဲလ္ဆီးအသင္းဟာ အာဂ်င္တီးနားၾကယ္ပြင့္ အန္ဇိုဖာနန္ဒက္ဇ္ကို





ေခၚယူဖို႔အလြန္နီးစပ္ခဲ့ေပမဲ့ ေနာက္ဆုံးအဆင့္မွာ ညႇိႏႈိင္းမႈ
ပ်က္ျပယ္သြားတယ္လို႔ အံ့အားသင့္ဖြယ္ရာသတင္း





ထြက္ေပၚလာခဲ့ပါတယ္။ အန္ဇိုဟာ ကာတာကမာၻ႔ဖလားမွာ
သူရဲေကာင္းျဖစ္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးကိုေသခ်ာေပါက္ေရာက္ရွိ
ႏိုင္တယ္လို႔ ထင္ေၾကးေပးခံေနရသူျဖစ္တယ္။





အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားကို လီဗာပူးနဲ႔
ယူႏိုက္တက္တို႔က ခ်ိတ္ဆက္မႈရွိတာမွန္ေပမဲ့ ခ်ဲလ္ဆီးက





အားလုံးထက္သာလြန္တဲ့လႈပ္ရွားမႈမ်ိဳးလုပ္ထားႏိုင္တာပါ။
ဒါေပမဲ့ ေတာင္အေမရိကဂ်ာနယ္လစ္တစ္ေယာက္ျဖစ္တဲ့
ဆီဆာလုစ္မာလိုကေတာ့ ကစားသမားအတြက္ ခ်ဲလ္ဆီးနဲ႔





ဘင္ဖီကာတို႔ၾကား ညႇိႏႈိင္းမႈအဆင္မေျပခဲ့ဘူးလို႔ အသိေပး
ထားတာျဖစ္တယ္။ “အန္ဇိုဖာနန္ဒက္ဇ္ ခ်ဲလ္ဆီးကိုေျပာင္းေ႐ႊ႕မယ့္





ညႇိႏႈိင္းမႈပ်က္ျပားသြားခဲ့ပါတယ္။ ရက္အေတာ္ၾကာ
ေဆြးေႏြးခဲ့ၿပီးတဲ့ေနာက္ ဘင္ဖီကာဟာ သူ႔ကိုစာခ်ဳပ္ပါ
အခ်က္အလက္ျပင္ပပုံစံနဲ႔ ေရာင္းခ်ဖို႔ကိုစြန႔္လႊတ္လိုက္ပါတယ္”





မာလိုက တြစ္တာမွာေရးသားခဲ့တာပါ။ ဘင္ဖီကာဟာ အန္ဇိုပီရက္ဇ္ရဲ႕
စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၁၀၆ သန္း ေပးေခ်ဖို႔အတြက္





ခ်ဲလ္ဆီးဘက္ကိုေတာင္းဆိုေနတာျဖစ္တယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးကေတာ့
ေငြေၾကးသာတူညီမွ်စည္းမ်ဥ္းနဲ႔ကိုက္ညီေစဖို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို
၃ ရစ္ခြဲေပးဖို႔အဆိုျပဳခဲ့တာပါ။ အန္ဇိုဖာနန္ဒက္ဇ္သာ ခ်ဲလ္ဆီးကို





ေျပာင္းေ႐ႊ႕ျဖစ္မယ္ဆိုရင္ ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးတစ္ရပ္
ျဖစ္လာဖို႔ရွိေပမဲ့ ႏွစ္ဖက္အသင္းၾကားညႇိႏႈိင္းမႈအဆင္မေျပတာေၾကာင့္ အခက္ေတြ႕သြားခဲ့ရတာပါ။