
ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကျောနံပါတ် ၁၀ ကို ဆက်ခံခွင့်ရထားတဲ့
ကြယ်ပွင့်ကစားသမားလေး အန်ဆူ ဖာတီ ဟာ ဂိုးသွင်းမှတ်တမ်းတခုမှာ
ဘာစီလိုနာအသင်းရဲ့ ထာဝရအကောင်းဆုံး ကစားသမားလို့
သတ်မှတ်ခံထားရတဲ့ မက်ဆီ ထက် အသာရနေပါတယ်။
အသက် ( ၁၈ နှစ် ၊ ၃၅၁ ရက် ) သာ ရှိသေးတဲ့ အန်ဆူ ဖာတီ ဟာ
နောက်ဆုံးကစားခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုး
သွင်းယူပေးနိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းအတွက် သူသွင်းယူပေးထားတဲ့
ပြိုင်ပွဲစုံသွင်းဂိုး အရေအတွက်ဟာ ၁၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
မက်ဆီ ကတော့ အသက် ၁၉ နှစ်မတိုင်ခင်မှာ ဘာစီလိုနာအသင်းအတွက်
သွင်းဂိုး ၈ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာကြောင့်
ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းရဲ့ ပွဲအားလုံးနီးပါးကို လွဲချော်ခဲ့ရတဲ့
ဖာတီ ဟာ ပြီးခဲ့တဲ့လကမှ မြက်ခင်းစိမ်းတွေပေါ်ကို ပြန်လည်ခြေချနိုင်ခဲ့တာ
ဖြစ်ပေမဲ့ ဒီရာသီမှာ ကစားခွင့်ရထားတဲ့ လာလီဂါပွဲစဉ် ၃ ပွဲမှာ သွင်းဂိုး ၂ ဂိုးအထိ
သွင်းယူပေးထားပြီး ပရိသတ်တွေ မျှော်လင့်ထားတဲ့ ခြေစွမ်းမျိုးကို
ပြသနေပါတယ်။ မက်ဆီ လို ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်ကစားသမားကို
ဆုံးရှုံးထားရချိန်မှာ ဂန္တဝင် ကျောနံပါတ် ၁၀ ပိုင်ရှင်အသစ်ဖြစ်တဲ့ ဖာတီ က
အားကိုးရလောက်တဲ့ ခြေစွမ်းတွေကို တနေ့တခြား ပြသလာတာကြောင့်
ဘာစီလိုနာ ပရိသတ်တွေအတွက်တော့ ကျေနပ်စရာဖြစ်ပါတယ်။
နည်းပြရော်နယ်ကိုးမန်း ကတော့ ဗလင်စီယာ နဲ့ ပွဲအပြီးမှာ ဖာတီ အနေနဲ့
ဘာစီလိုနာအသင်းမှာ နှစ်ပေါင်းများစွာကြာအောင် ဆက်ရှိနေဖို့
မျှော်လင့်တယ်လို့ အခုလိုပြောဆိုခဲ့ပါတယ်။ “ ဒီအသင်းမှာ သူ နှစ်ပေါင်းများစွာ
ကြာအောင် ကစားဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ သူနဲ့ ပတ်သက်ပြီး
ကျွန်တော်တို့မှာ အစီအစဉ်တွေရှိပါတယ်။ ဒီပွဲက ဒီရာသီမှာ ပွဲထွက်ကစားသမားအဖြစ်
သူပထမဆုံး ကစားခဲ့တဲ့ ပွဲပါ။ တဖြည်းဖြည်းနဲ့ သူတိုးတက်လာဖို့ရှိနေပြီး
အသင်းအတွက်လည်း ပိုပြီးအရေးပါလာမှာပါ “ လို့ ကိုးမန်း က ချီးကျူးခဲ့ပါတယ်။
zawgyi
အန္ဆူဖာတီဟာ ဂိုးသြင္းမွတ္တမ္းတခုမွာ မက္ဆီထက္ အသာရေန
ဘာစီလိုနာအသင္းရဲ႕ ဂႏၲဝင္ ေက်ာနံပါတ္ ၁၀ ကို ဆက္ခံခြင့္ရထားတဲ့
ၾကယ္ပြင့္ကစားသမားေလး အန္ဆူ ဖာတီ ဟာ ဂိုးသြင္းမွတ္တမ္းတခုမွာ
ဘာစီလိုနာအသင္းရဲ႕ ထာဝရအေကာင္းဆုံး ကစားသမားလို႔
သတ္မွတ္ခံထားရတဲ့ မက္ဆီ ထက္ အသာရေနပါတယ္။
အသက္ ( ၁၈ ႏွစ္ ၊ ၃၅၁ ရက္ ) သာ ရွိေသးတဲ့ အန္ဆူ ဖာတီ ဟာ
ေနာက္ဆုံးကစားခဲ့တဲ့ ဗလင္စီယာအသင္းနဲ႔ ပြဲစဥ္မွာ သြင္းဂိုး ၁ ဂိုး
သြင္းယူေပးႏိုင္ခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းအတြက္ သူသြင္းယူေပးထားတဲ့
ၿပိဳင္ပြဲစုံသြင္းဂိုး အေရအတြက္ဟာ ၁၅ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။
မက္ဆီ ကေတာ့ အသက္ ၁၉ ႏွစ္မတိုင္ခင္မွာ ဘာစီလိုနာအသင္းအတြက္
သြင္းဂိုး ၈ ဂိုးသာ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒဏ္ရာျပႆနာေၾကာင့္
ၿပီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင္းရဲ႕ ပြဲအားလုံးနီးပါးကို လြဲေခ်ာ္ခဲ့ရတဲ့
ဖာတီ ဟာ ၿပီးခဲ့တဲ့လကမွ ျမက္ခင္းစိမ္းေတြေပၚကို ျပန္လည္ေျခခ်ႏိုင္ခဲ့တာ
ျဖစ္ေပမဲ့ ဒီရာသီမွာ ကစားခြင့္ရထားတဲ့ လာလီဂါပြဲစဥ္ ၃ ပြဲမွာ သြင္းဂိုး ၂ ဂိုးအထိ
သြင္းယူေပးထားၿပီး ပရိသတ္ေတြ ေမွ်ာ္လင့္ထားတဲ့ ေျခစြမ္းမ်ိဳးကို
ျပသေနပါတယ္။ မက္ဆီ လို ကမာၻ႔အေကာင္းဆုံး စာရင္းဝင္ကစားသမားကို
ဆုံးရႈံးထားရခ်ိန္မွာ ဂႏၲဝင္ ေက်ာနံပါတ္ ၁၀ ပိုင္ရွင္အသစ္ျဖစ္တဲ့ ဖာတီ က
အားကိုးရေလာက္တဲ့ ေျခစြမ္းေတြကို တေန႔တျခား ျပသလာတာေၾကာင့္
ဘာစီလိုနာ ပရိသတ္ေတြအတြက္ေတာ့ ေက်နပ္စရာျဖစ္ပါတယ္။ နည္းျပ
ေရာ္နယ္ကိုးမန္း ကေတာ့ ဗလင္စီယာ နဲ႔ ပြဲအၿပီးမွာ ဖာတီ အေနနဲ႔
ဘာစီလိုနာအသင္းမွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ဆက္ရွိေနဖို႔
ေမွ်ာ္လင့္တယ္လို႔ အခုလိုေျပာဆိုခဲ့ပါတယ္။ “ ဒီအသင္းမွာ သူ ႏွစ္ေပါင္းမ်ားစြ
ာၾကာေအာင္ ကစားဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။ သူနဲ႔ ပတ္သက္ၿပီး
ကြၽန္ေတာ္တို႔မွာ အစီအစဥ္ေတြရွိပါတယ္။ ဒီပြဲက ဒီရာသီမွာ ပြဲထြက္ကစားသမားအျဖစ္
သူပထမဆုံး ကစားခဲ့တဲ့ ပြဲပါ။ တျဖည္းျဖည္းနဲ႔ သူတိုးတက္လာဖို႔ရွိေနၿပီး
အသင္းအတြက္လည္း ပိုၿပီးအေရးပါလာမွာပါ “ လို႔ ကိုးမန္း က ခ်ီးက်ဴးခဲ့ပါတယ္။