အန်ဆူဖာတီကို နောက်ထပ် ၆နှစ်သက်တမ်းတိုးပြီးစာချုပ်လိုက်တဲ့  ဘာစီလိုနာ

ဘာစီလိုနာအသင်းက အသက်၁၈နှစ်သာရှိသေးတဲ့ အန်ဆူဖာတီကို

နောက်ထပ် ၆နှစ်သက်တမ်းတိုးပြီးစာချုပ်လိုက်ပါတယ်။ စာချုပ်သစ်မှာ

သူ့ကို ခေါ်ယူချင်တယ်ဆိုရင်ယူရို ငွေ ၁ ဘီလျံ (ပေါင်၈၄၆သန်း)

ပေးဝယ်ယူရမယ်ဆိုတဲ့ စည်းကမ်းတစ်ချက်ကိုလည်း ထည့်သွင်းထားပါတယ်။

နောက်နှစ်ဆိုရင် သူ့ကိုလိုချင်တဲ့ပြိုင်ဘက်ကလပ်တွေက အပြိုင်အဆိုင်

ခေါ်နိုင်တဲ့ အတွက် ဘာစီလိုနာက ယူရို ၁ဘီလံအထိဈေးမြှင့်ပြီး

ထိန်းထားလိုက်တာပါ။ သူကလက်ရှိနည်းပြ ကိုးမန်းလက်ထက်မှာ

ဘာစီလိုနာရဲ့ အဓိကလူဖြစ်လာနိုင်ပါတယ်။ သူ့ကိုပေးထားတဲ့

နံပါတ်ကလည်း မက်ဆီကစားသွားတဲ့ နံပါတ် ၁၀ပါ။

ဗုဒ္ဓဟူးနေ့က ဒိုင်နမိုကိဗ်ကို ၁းဝဂိုးနဲ့နိုင်တဲ့ ချန်ပီယံလိဂ်ပွဲမှာ

ဖာတီပါဝင်ကစားခဲ့ပါတယ်။ စာချုပ်သစ်အရ ဖာတီဟာ ဘာစီလိုနာမှာ

၂၀၂၇ ခုနှစ်အထိကစားရမှာပါ။ ဒီရက်သတ္တပတ်အတွင်းမှာပဲ ဘာစီလိုနာက

အသက် ၁၈နှစ်အရွယ်ပဲဖြစ်တဲ့ ပီဒရီကိုလည်း စာချုပ်သက်တမ်းမပြည့်ခင်

ဝယ်ချင်ရင် ယူရို ၁ဘီလျံပေးရမယ်ဆိုတဲ့ ဥပဒေစာပိုဒ်နဲ့ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

ဒါကြောင့် ဖာတီက ဒီအပတ်အတွင်းဘာစီလိုနာ သက်တမ်းတိုးတဲ့

ဒုတိယမြောက် ကစားသမားဖြစ်ပါတယ်။ ဖာတီဟာ စပိန်အသင်းကြီးနဲ့ ၄ပွဲကစားပြီးပါပြီ။

ဘာစီလိုနာကလပ်မှာတော့ သူက ၁၀နှစ်သားကတည်းက ကစားခဲ့တာပါ။

ပြီးခဲ့တဲ့ လကတော့ဒူးဒဏ်ရာကြောင့် ၁၀လကြာအနားယူနေရာကနေ

သူပြန်ကစားပြီး ဂိုးပါသွင်းပေးခဲ့ပါတယ်။ ဖာတီကအခုဆို ဘာစီလိုနာအတွက်

၄၂ပွဲကစားပြီး ၁၅ဂိုးသွင်းထားပါတယ်။ သူက သူ့အသက် ၁၆နှစ်နဲ့ ၂၉၈ရက်မှာ

ဘာစီလိုနာအတွက် ပထမဆုံးကစားပြီး ဂိုးသွင်းခဲ့လို့ ဘာစီလိုနာမှာတော့

ပွဲဦးထွက် ဂိုးသွင်းနိုင်တဲ့ ဒုတိယအသက်အငယ်ဆုံး ကစားသမားအဖြစ်

မှတ်တမ်းဝင်ခဲ့ပါတယ်။ လာလီဂါသမိုင်းမှာတော့ ဖာတီက ပွဲဦးထွက်မှာ

ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်ပါတယ်။

zawgyi

အန္ဆူဖာတီကို ေနာက္ထပ္ ၆ႏွစ္သက္တမ္းတိုးၿပီးစာခ်ဳပ္လိုက္တဲ့  ဘာစီလိုနာ

ဘာစီလိုနာအသင္းက အသက္၁၈ႏွစ္သာရွိေသးတဲ့ အန္ဆူဖာတီကို

ေနာက္ထပ္ ၆ႏွစ္သက္တမ္းတိုးၿပီးစာခ်ဳပ္လိုက္ပါတယ္။ စာခ်ဳပ္သစ္မွာ

သူ႔ကို ေခၚယူခ်င္တယ္ဆိုရင္ယူ႐ို ေငြ ၁ ဘီလ်ံ (ေပါင္၈၄၆သန္း)

ေပးဝယ္ယူရမယ္ဆိုတဲ့ စည္းကမ္းတစ္ခ်က္ကိုလည္း ထည့္သြင္းထားပါတယ္။

ေနာက္ႏွစ္ဆိုရင္ သူ႔ကိုလိုခ်င္တဲ့ၿပိဳင္ဘက္ကလပ္ေတြက အၿပိဳင္အဆိုင္

ေခၚႏိုင္တဲ့ အတြက္ ဘာစီလိုနာက ယူ႐ို ၁ဘီလံအထိေဈးျမႇင့္ၿပီး

ထိန္းထားလိုက္တာပါ။ သူကလက္ရွိနည္းျပ ကိုးမန္းလက္ထက္မွာ

ဘာစီလိုနာရဲ႕ အဓိကလူျဖစ္လာႏိုင္ပါတယ္။ သူ႔ကိုေပးထားတဲ့

နံပါတ္ကလည္း မက္ဆီကစားသြားတဲ့ နံပါတ္ ၁၀ပါ။

ဗုဒၶဟူးေန႔က ဒိုင္နမိုကိဗ္ကို ၁းဝဂိုးနဲ႔ႏိုင္တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ

ဖာတီပါဝင္ကစားခဲ့ပါတယ္။ စာခ်ဳပ္သစ္အရ ဖာတီဟာ ဘာစီလိုနာမွာ

၂၀၂၇ ခုႏွစ္အထိကစားရမွာပါ။ ဒီရက္သတၱပတ္အတြင္းမွာပဲ ဘာစီလိုနာက

အသက္ ၁၈ႏွစ္အ႐ြယ္ပဲျဖစ္တဲ့ ပီဒရီကိုလည္း စာခ်ဳပ္သက္တမ္းမျပည့္ခင္

ဝယ္ခ်င္ရင္ ယူ႐ို ၁ဘီလ်ံေပးရမယ္ဆိုတဲ့ ဥပေဒစာပိုဒ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့ပါတယ္။

ဒါေၾကာင့္ ဖာတီက ဒီအပတ္အတြင္းဘာစီလိုနာ သက္တမ္းတိုးတဲ့

ဒုတိယေျမာက္ ကစားသမားျဖစ္ပါတယ္။ ဖာတီဟာ စပိန္အသင္းႀကီးနဲ႔ ၄ပြဲကစားၿပီးပါၿပီ။

ဘာစီလိုနာကလပ္မွာေတာ့ သူက ၁၀ႏွစ္သားကတည္းက ကစားခဲ့တာပါ။

ၿပီးခဲ့တဲ့ လကေတာ့ဒူးဒဏ္ရာေၾကာင့္ ၁၀လၾကာအနားယူေနရာကေန

သူျပန္ကစားၿပီး ဂိုးပါသြင္းေပးခဲ့ပါတယ္။ ဖာတီကအခုဆို ဘာစီလိုနာအတြက္

၄၂ပြဲကစားၿပီး ၁၅ဂိုးသြင္းထားပါတယ္။ သူက သူ႔အသက္ ၁၆ႏွစ္နဲ႔ ၂၉၈ရက္မွာ

ဘာစီလိုနာအတြက္ ပထမဆုံးကစားၿပီး ဂိုးသြင္းခဲ့လို႔ ဘာစီလိုနာမွာေတာ့

ပြဲဦးထြက္ ဂိုးသြင္းႏိုင္တဲ့ ဒုတိယအသက္အငယ္ဆုံး ကစားသမားအျဖစ္

မွတ္တမ္းဝင္ခဲ့ပါတယ္။ လာလီဂါသမိုင္းမွာေတာ့ ဖာတီက ပြဲဦးထြက္မွာ

ဂိုးသြင္းႏိုင္တဲ့ အသက္အငယ္ဆုံးကစားသမားျဖစ္ပါတယ္။