“အန်ဆုဖာတီရဲ့ စာချုပ်လျှော်ကြေး ယူရို(၁)ဘီလီယံ” ပုံမှန်ပွဲထွက်ခွင့်မပေးရင် အန်ဆုဖာတီကို လက်လွှတ်ဆုံးရှုံးရဖို့ရှိတယ်လို့ ဘာစီလိုနာကို ဂျော့ချ်မန်ဒက်စ်သတိပေး

အန်ဆုဖာတီရဲ့ အေးဂျင့်ဖြစ်သူဂျော့ချ်မန်ဒက်စ်က ဘာစီလိုနာအသင်းအနေနဲ့ အန်ဆုဖာတီကို

အခုထက် ပွဲပြီးပွဲထွက်ခွင့်မပေးဘူးဆိုရင် အသင်းကနေထွက်ခွာသွားနိုင်တယ်ဆိုပြီး သတိပေးလာပါတယ်။

အန်ဆုဖာတီဟာ ဒီရာသီလာလီဂါမှာ (၁၁)ပွဲစလုံးကစားခွင့်ရခဲ့ပေမယ့် ပွဲထွက်ကစားရတာက (၂)ပွဲသာရှိခဲ့ပြီး,

ပြီးခဲ့တဲ့တစ်ပတ်က ရှားရှားပါးပါးပွဲထွက်ခွင့်ရတဲ့ ဗီလာရီးယဲလ်နဲ့ပွဲမှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဂျော့ချ်မန်ဒက်စ်ရဲ့ ပြောဆိုမှုအရ အန်ဆုဖာတီဟာ ပွဲထွက်ခွင့် ပိုရဖို့အတွက် လာမယ့်အနာဂတ်မှာ

ဘာစီလိုနာကနေ ထွက်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ အန်ဆုဖာတီရဲ့ စာချုပ်လျော်ကြေးက ယူရို(၁)ဘီလီယံ (ပေါင် ၈၆၈သန်း)အထိ သတ်မှတ်ထားတာကြောင့်

ဘာစီလိုနာကတော့ သူတို့ကစားသမားကို အလွယ်တကူဆုံးရှုံးရဖို့ မရှိတဲ့အတွက်

စိတ်အေးလက်အေးဖြစ်နေတယ်ဆိုပြီး စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့ပါတယ်။

အန်ဆုဖာတီဟာ ဒီရာသီမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပေမယ့် ဝင်ကစားခွင့်ရတဲ့အချိန်တိုင်း ခြေစွမ်းပြကစားနိုင်ပြီး

ပြိုင်ပွဲစုံ(၁၆)ပွဲကစား၊ (၃)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့တာကြောင့်

၂၀၂၁-၂၂ ရာသီက သွင်းယူခဲ့တဲ့ဂိုးအရေအတွက်(၆ဂိုး)ထက်ဝက်ကို သွင်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် စပိန်လက်ရွေးစင်အသင်းမှာ ၂၀၂၀ က စတင်ရွေးချယ်ခံခဲ့ရသူ အန်ဆုဖာတီဟာ

အသင်းအတွက်(၄)ပွဲကစားခဲ့ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံး

ဆယ်ကျော်သက်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဘာစီလိုနာနည်းပြဇာဗီဟာ ဒီရာသီမှာ ရာဖင်ဟာ၊ ဒမ်ဘီလီတို့ကို ဦးစားပေးအသုံးပြုနေပြီး

ဘိုင်ယန်မြူးနစ်ကို (၃-ဝ)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အန်ဆုဖာတီကို ပွဲချိန်(၆၈)မိနစ်မှ လူစားဝင်ကစားစေခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုက ထွက်ခဲ့ရပြီဖြစ်တာကြောင့်

အန်ဆုဖာတီအနေနဲ့ လာမယ့်ပွဲတွေကျရင် ပွဲထွက်ကစားခွင့်ရဖို့ ပိုပြီးရုန်းကန်ရမယ့်အနေအထားပါပဲ။

zawgyi

“အန္ဆုဖာတီရဲ႕ စာခ်ဳပ္ေလွ်ာ္ေၾကး ယူ႐ို(၁)ဘီလီယံ”

ပုံမွန္ပြဲထြက္ခြင့္မေပးရင္ အန္ဆုဖာတီကို လက္လႊတ္ဆုံးရႈံးရဖို႔ရွိတယ္လို႔ ဘာစီလိုနာကို ေဂ်ာ့ခ်္မန္ဒက္စ္သတိေပး

အန္ဆုဖာတီရဲ႕ ေအးဂ်င့္ျဖစ္သူေဂ်ာ့ခ်္မန္ဒက္စ္က ဘာစီလိုနာအသင္းအေနနဲ႔ အန္ဆုဖာတီကို

အခုထက္ ပြဲၿပီးပြဲထြက္ခြင့္မေပးဘူးဆိုရင္ အသင္းကေနထြက္ခြာသြားႏိုင္တယ္ဆိုၿပီး သတိေပးလာပါတယ္။

အန္ဆုဖာတီဟာ ဒီရာသီလာလီဂါမွာ (၁၁)ပြဲစလုံးကစားခြင့္ရခဲ့ေပမယ့္ ပြဲထြက္ကစားရတာက (၂)ပြဲသာရွိခဲ့ၿပီး,

ၿပီးခဲ့တဲ့တစ္ပတ္က ရွားရွားပါးပါးပြဲထြက္ခြင့္ရတဲ့ ဗီလာရီးယဲလ္နဲ႔ပြဲမွာ အသင္းအတြက္ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ေဂ်ာ့ခ်္မန္ဒက္စ္ရဲ႕ ေျပာဆိုမႈအရ အန္ဆုဖာတီဟာ ပြဲထြက္ခြင့္ ပိုရဖို႔အတြက္ လာမယ့္အနာဂတ္မွာ

ဘာစီလိုနာကေန ထြက္ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

ဒါေပမဲ့ အန္ဆုဖာတီရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးက ယူ႐ို(၁)ဘီလီယံ (ေပါင္ ၈၆၈သန္း)အထိ သတ္မွတ္ထားတာေၾကာင့္

ဘာစီလိုနာကေတာ့ သူတို႔ကစားသမားကို အလြယ္တကူဆုံးရႈံးရဖို႔ မရွိတဲ့အတြက္

စိတ္ေအးလက္ေအးျဖစ္ေနတယ္ဆိုၿပီး စပိန္အားကစားသတင္းစာ Sport က ေဖာ္ျပခဲ့ပါတယ္။

အန္ဆုဖာတီဟာ ဒီရာသီမွာ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရေပမယ့္ ဝင္ကစားခြင့္ရတဲ့အခ်ိန္တိုင္း ေျခစြမ္းျပကစားႏိုင္ၿပီး

ၿပိဳင္ပြဲစုံ(၁၆)ပြဲကစား၊ (၃)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ခဲ့တာေၾကာင့္

၂၀၂၁-၂၂ ရာသီက သြင္းယူခဲ့တဲ့ဂိုးအေရအတြက္(၆ဂိုး)ထက္ဝက္ကို သြင္းႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

ဒါ့အျပင္ စပိန္လက္ေ႐ြးစင္အသင္းမွာ ၂၀၂၀ က စတင္ေ႐ြးခ်ယ္ခံခဲ့ရသူ အန္ဆုဖာတီဟာ

အသင္းအတြက္(၄)ပြဲကစားခဲ့ၿပီး လက္ရွိကမာၻ႔အေကာင္းဆုံး

ဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံထားရပါတယ္။

ဘာစီလိုနာနည္းျပဇာဗီဟာ ဒီရာသီမွာ ရာဖင္ဟာ၊ ဒမ္ဘီလီတို႔ကို ဦးစားေပးအသုံးျပဳေနၿပီး

ဘိုင္ယန္ျမဴးနစ္ကို (၃-ဝ)ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ အန္ဆုဖာတီကို ပြဲခ်ိန္(၆၈)မိနစ္မွ လူစားဝင္ကစားေစခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုက ထြက္ခဲ့ရၿပီျဖစ္တာေၾကာင့္

အန္ဆုဖာတီအေနနဲ႔ လာမယ့္ပြဲေတြက်ရင္ ပြဲထြက္ကစားခြင့္ရဖို႔ ပိုၿပီး႐ုန္းကန္ရမယ့္အေနအထားပါပဲ။