အန်ဆယ်လော့တီကတော့.. အခုပဲဖလားရနသေလို ပြောပြန်ပြီ

ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်းဆန်တီယေဂိုဘာနေဗျူးမှာ

အက်သလက်တီကိုအသင်းကို အနိုင်ရခဲ့ပြီးနောက် နည်းပြအန်ဆယ်လော့တီက

ချန်ပီယံဆုနဲ့ပတ်သက်လို့ ပြောကြားလာခဲ့တာပါ။ရီးရဲလ်မက်ဒရစ်အသင်းက

အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီးနောက်

ချန်ပီယံဆုအတွက်ရေပန်းစားနေပြီလို့ နည်းပြအန်ဆယ်လော့တီကပြောခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ကာရင်ဘန်ဇီးမား၊ မာကိုအဆန်စီယိုတို့ရဲ့

ဂိုးတွေနဲ့အတူအနိုင်ရကာ မြို့ခံပြိုင်ဘက်ကို ၁၁ပွဲဆက်ရှုံးပွဲမရှိမှုနဲ့အတူ

၁၃မှတ်ဖြတ်လိုက်ပါပြီ။ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါမှာ ၇ပွဲဆက်

အနိုင်ရရှိထားတာဖြစ်ပြီး ဒုတိယနေရာကဆီဗီလာထက်

တစ်ပွဲပိုကစားထားကာ ၈မှတ်ဖြတ်ဦးဆောင်နေတာပါ။

အန်ဆယ်လော့တီက “ကျွန်တော်ကတော့ အခုလိုမျိုး အသင်းရဲ့ ခြေစွမ်းပိုင်းက

အမြင့်ဆုံး အနေအထားကို ရောက်ရှိနေတာဟာ ကျွန်တော့်ရဲ့

စွမ်းဆောင်ရည်ကြောင့်လို့ မထင်ပါဘူး။ ကျွန်တော်က ကွင်းထဲ

ရောက်သွားရင် သူတို့ ဘာလုပ်ရမလဲ ဆိုတာကို သိတဲ့ ကစားသမားတွေကို

ပိုင်ဆိုင်ထားတာကြောင့်သာ စိတ်အေးလက်အေး နေနေရတာပါ။

ကစားသမားတွေက ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တယ်။

ပြီးတော့ သူတို့က ခံစစ်ပိုင်းကိုလည်း အာရုံစိုက်ခဲ့တယ်။

ဒါကပဲ အသင်းလိုက်စိတ်ဓာတ်ကို ဖြစ်စေခဲ့တာပါ။ ကျွန်တော်တို့ရဲ့

ကစားသမားတွေက ထိပ်တန်း ကစားသမားတွေ ဖြစ်ရုံသာမက

အသင်းလိုက် ကစားဟန်ကိုပါ ပြသနိုင်ခဲ့ပါတယ်။ ဒီအချက်ကပဲ

ပွဲကို အဆုံးအဖြတ် ပေးခဲ့တာလို့ ထင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့က

လာလီဂါ ချန်ပီယံဆု အတွက် သိသိသာသာ အလေးသာနေတဲ့ အနေအထားကို

ရောက်သွားပါပြီ။ ကျွန်တော်တို့က တခြား အသင်းတွေထက် ပိုကောင်းတဲ့

အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ

လာမယ့် ပွဲစဉ်တွေ အပေါ် အပြည့်အဝ အာရုံစိုက်ထားရပါမယ်။ ဒါမှလည်း

လာလီဂါချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာပါ” လို့ ပြောကြားသွားခဲ့တာပါ။

zawgyi

အန္ဆယ္ေလာ့တီကေတာ့.. အခုပဲဖလားရနေသလို ေျပာျပန္ၿပီ

ရီးရဲလ္မက္ဒရစ္အသင္းဟာ အိမ္ကြင္းဆန္တီေယဂိုဘာေနဗ်ဴးမွာ

အက္သလက္တီကိုအသင္းကို အႏိုင္ရခဲ့ၿပီးေနာက္ နည္းျပအန္ဆယ္ေလာ့တီက

ခ်န္ပီယံဆုနဲ႔ပတ္သက္လို႔ ေျပာၾကားလာခဲ့တာပါ။ရီးရဲလ္မက္ဒရစ္အသင္းက

အက္သလက္တီကိုမက္ဒရစ္အသင္းကို ၂ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ၿပီးေနာက္

ခ်န္ပီယံဆုအတြက္ေရပန္းစားေနၿပီလို႔ နည္းျပအန္ဆယ္ေလာ့တီကေျပာခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္ဟာ ကာရင္ဘန္ဇီးမား၊ မာကိုအဆန္စီယိုတို႔ရဲ႕

ဂိုးေတြနဲ႔အတူအႏိုင္ရကာ ၿမိဳ႕ခံၿပိဳင္ဘက္ကို ၁၁ပြဲဆက္ရႈံးပြဲမရွိမႈနဲ႔အတူ

၁၃မွတ္ျဖတ္လိုက္ပါၿပီ။ရီးရဲလ္မက္ဒရစ္အသင္းဟာ လာလီဂါမွာ ၇ပြဲဆက္

အႏိုင္ရရွိထားတာျဖစ္ၿပီး ဒုတိယေနရာကဆီဗီလာထက္

တစ္ပြဲပိုကစားထားကာ ၈မွတ္ျဖတ္ဦးေဆာင္ေနတာပါ။

အန္ဆယ္ေလာ့တီက “ကြၽန္ေတာ္ကေတာ့ အခုလိုမ်ိဳး အသင္းရဲ႕ ေျခစြမ္းပိုင္းက

အျမင့္ဆုံး အေနအထားကို ေရာက္ရွိေနတာဟာ ကြၽန္ေတာ့္ရဲ႕

စြမ္းေဆာင္ရည္ေၾကာင့္လို႔ မထင္ပါဘူး။ ကြၽန္ေတာ္က ကြင္းထဲ

ေရာက္သြားရင္ သူတို႔ ဘာလုပ္ရမလဲ ဆိုတာကို သိတဲ့ ကစားသမားေတြကို

ပိုင္ဆိုင္ထားတာေၾကာင့္သာ စိတ္ေအးလက္ေအး ေနေနရတာပါ။

ကစားသမားေတြက ပြဲကို အေကာင္းဆုံး ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။

ၿပီးေတာ့ သူတို႔က ခံစစ္ပိုင္းကိုလည္း အာ႐ုံစိုက္ခဲ့တယ္။

ဒါကပဲ အသင္းလိုက္စိတ္ဓာတ္ကို ျဖစ္ေစခဲ့တာပါ။ ကြၽန္ေတာ္တို႔ရဲ႕

ကစားသမားေတြက ထိပ္တန္း ကစားသမားေတြ ျဖစ္႐ုံသာမက

အသင္းလိုက္ ကစားဟန္ကိုပါ ျပသႏိုင္ခဲ့ပါတယ္။ ဒီအခ်က္ကပဲ

ပြဲကို အဆုံးအျဖတ္ ေပးခဲ့တာလို႔ ထင္ပါတယ္။ အခုဆိုရင္ ကြၽန္ေတာ္တို႔က

လာလီဂါ ခ်န္ပီယံဆု အတြက္ သိသိသာသာ အေလးသာေနတဲ့ အေနအထားကို

ေရာက္သြားပါၿပီ။ ကြၽန္ေတာ္တို႔က တျခား အသင္းေတြထက္ ပိုေကာင္းတဲ့

အသင္းတစ္သင္းလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ေတြ

လာမယ့္ ပြဲစဥ္ေတြ အေပၚ အျပည့္အဝ အာ႐ုံစိုက္ထားရပါမယ္။ ဒါမွလည္း

လာလီဂါခ်န္ပီယံ အျဖစ္ ေအာင္ပြဲခံႏိုင္မွာပါ” လို႔ ေျပာၾကားသြားခဲ့တာပါ။