အာဆင်နယ်ဘယ်နောက်ခံလူ ဇင်ချန်ကိုဟာ ယူနိုက်တက်ဘက်ကို
အန်ကီတီရက်ရှ်နောက်ကျအနိုင်ဂိုးသွင်းယူခဲ့တဲ့နောက်
စိတ်အားထက်သန်မှုအပြည့်နဲ့ အောင်ပွဲခံပြခဲ့ပါတယ်။
အမှတ်ပေးဇယားကိုဦးဆောင်သူ ဂန်းနားတွေဟာ အမ်းမရိတ်စ်မှာ
သရဲနီတွေကို ၃-၂ နဲ့အနိုင်ရဖို့အတွက် နောက်ဆုံးမိနစ်အထိ
ကြိုးစားခဲ့ရတာပါ။ ဒီပွဲအနိုင်ရလိုက်တဲ့အတွက် အာတီတာရဲ့
အသင်းဟာ မန်စီးတီးကို ၅မှတ်တင်းတင်းဖြတ်နိုင်ခဲ့သလို
သူတို့လက်ထဲမှာပွဲကျန်တစ်ပွဲကိုပါဆုပ်ကိုင်ထားနိုင်သေးတာဖြစ်တယ်။
ဇင်ချန်ကိုဟာ ဒီရာသီမှာအာဆင်နယ်နဲ့အတူ မာန်ပါပါ
အောင်ပွဲခံမှုဆက်တိုက်ပြုလုပ်ခဲ့သလို ယူနိုက်တက်နဲ့ပွဲမှာလည်း
အလွင့်ပုံစံမျိုးအောင်ပွဲခံခဲ့တာပါ။ တစ်ဖက်နှစ်ဂိုးစီသရေကျနေချိန်
မိနစ် ၉၀ နားအရောက်မှာတော့ အိုဒီဂတ်ရဲ့အားထုတ်မှုကို
အန်ကီတီရက်ရှ်ကထပ်ဆင့်ပိတ်ပြီး တတိယဂိုးသွင်း
လိုက်ချိန်မှာတော့ ကင်မရာရိုက်ချက်တွေထဲမှာ ဇင်ချန်ကိုရဲ့
အောင်ပွဲခံပုံရိပ်ပါဝင်လာခဲ့တာဖြစ်တယ်။ VAR ကတော့
ဒီသွင်းဂိုးမှာ ဇင်ချန်ကိုနဲ့ အန်ကီတီရက်ရှ်တို့လူကျွံနိုင်တယ်ဆိုတဲ့
သံသယနဲ့ပြန်လည်စစ်ဆေးခဲ့ပေမဲ့ ဂိုးအဖြစ်သတ်မှတ်ပေးလိုက်ပါတယ်။
ဇင်ချန်ကိုဟာ ဒီရာသီအစောပိုင်းမှာကတည်းက သူ့ရဲ့
အလွန်အကျွံအောင်ပွဲခံပုံစံကြောင့် အက်ဖ်အေရဲ့သတိပေးခြင်း
ခံထားရပေမဲ့ ယူနိုက်တက်ကိုအနိုင်ရတဲ့ပွဲစဉ်က ဘယ်လောက်အထိ
အဓိပ္ပါယ်ရှိကြောင်းကို အရူးအမူးအောင်ပွဲခံဟန်နဲ့ထပ်မံသက်သေပြခဲ့တာဖြစ်တယ်။
zawgyi
အန်ကီတီရက်ရှ်ရဲ့ တတိယမြောက်သွင်းဂိုးအတွက် စိတ်အားထက်သန်မှုအပြည့်နဲ့ ဇင်ချန်ကို အောင်ပွဲခံခဲ့