အန်ကယ်ရန်းနစ်က ချဲလ်ဆီးကို No ပါကွယ်ပြောခဲ့ပေမဲ့ ယူနိုက်တက်ကို မငြင်းပယ်နိုင်ခဲ့

ဂျာမန်သားနည်းပြရက်ဖ်ရန်းနစ်ဟာ သတင်းတွေအရ မန်ယူအသင်းရဲ့

ယာယီနည်းပြသစ်ဖြစ်လာပါတော့မယ်။

ရန်းနစ်ဟာ ဘောလုံးဗိသုကာတစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး

ကလော့ပ်၊ တူချယ်နဲ့ နာဂယ်စမန်းတို့ရဲ့လက်ဦးဆရာလိုလည်းဖြစ်နေတာကြောင့်

ယူနိုက်တက်အတွက် အောင်မြင်တဲ့လျှပ်တစ်ပျက်စွမ်းဆောင်ချက်ပါပဲ။
ရန်းနစ်ခ်ဟာ ယူနိုက်တက်ကို ကွင်းပြင်ပမှာ အဖိုးမဖြတ်နိုင်တဲ့ဘောလုံးအမြင်

ပေးနိုင်မှာဖြစ်သလို သစ်လွင်တဲ့ချဉ်းကပ်မှုတစ်ခုကိုလည်း ယူဆောင်ပေးနိုင်မှာပါ။

တကယ်တော့ အဲဒီဂျာမန်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဒီလိုရာထူးမျိုးနဲ့

ချဲလ်ဆီးရဲ့ချဉ်းကပ်ခြင်းကို ခံခဲ့ရပေမယ့် ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ဖရန့်လမ်းပတ်ကို ထုတ်ပယ်ခဲ့ပြီး ချဲလ်ဆီးဟာ ရန်းနစ်ကို ကမ်လှမ်းမှုလုပ်ခဲ့တာပါ။

ယာယီနည်းပြဆိုတဲ့ရာထူးကို စိတ်မဝင်စားတာကြောင့် ချဲလ်ဆီးရဲ့ကမ်းလှမ်း

လာမှုကို ရန်းနစ်က ငြင်းဆန်ခဲ့ပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ရန်းနစ်က အင်တာဗျူးတစ်ခုမှ

ာ”မင်းတို့နဲ့လာပြီး အလုပ်လုပ်ချင်ပေမယ့် ၄ လထဲနဲ့တော့ ငါမလုပ်နိုင်ဘူး။
ငါက ယာယီနည်းပြတစ်ယောက်မဟုတ်ဘူးလို့ သူတို့ကို ကျွန်တော်ပြောခဲ့ပါတယ်။

မီဒီယာတွေနဲ့ ကစားသမားတွေရှေ့မှာ ၄ လ နည်းပြတစ်ယောက်အဖြစ်

အမြင်မခံနိုင်ပါဘူး”လို့ ဖွင့်ဟခဲ့ပါတယ်။

အဲဒီလို ချဲလ်ဆီးကို ငြင်းခဲ့ဖူးလို့ ယူနိုက်တက်ကို လက်ခံခဲ့တာဟာ

ပိုကြီးမားတဲ့အသင်းဖြစ်နေလို့လည်း မဟုတ်ပါဘူး။

ချဲလ်ဆီးဟာ အရင်ကလည်း ဟစ်ဒင်နဲ့ဘင်နီတက်ဇ်တို့ကို ယာယီနည်းပြ

ခန့်ဖူးပြီး နှစ်ယောက်စလုံးဟာ အောင်မြင်ခဲ့ပေမယ့် ပရိသတ်တွေကြား

အသိအမှတ်ပြုခံရမှု နည်းပါးခဲ့ပါတယ်။

ချဲလ်ဆီးနဲ့မတူတာက ယူနိုက်တက်ဟာ အသင်းရဲ့လက်ရှိပြသနာတွေကို

ဖြေရှင်းယုံတင်မဟုတ်ဘဲ ကလပ်ရဲ့အနာဂါတ်ဖောင်ဒေးရှင်းကိုပါချပေးဖို့

ရန်းနစ်ကို ကမ်းလှမ်းခဲ့တာပါ။

ရန်းနစ်ဟာ အသင်းကို ယာယီကိုင်ပြီးတာနဲ့ ယူနိုက်တက်ရဲ့လာမယ့်အမြဲတမ်း

နည်းပြသစ်ခန့်အပ်မှုမှာ အရေးပါမယ့်နေရာက ပါဝင်မှာဖြစ်ပြီး ဗျူဟာပိုင်း

နေရာကနေ အသင်းမှာ ဆက်ရှိမှာပါ။

ရေရှည်စီမံကိန်းကြောင့်လည်း ရန်းနစ်ဟာ ယူနိုက်တက်ကို လက်ခံခဲ့တာ

ဖြစ်ပါလိမ့်မယ်။

Zawgyi

အန္ကယ္ရန္းနစ္က ခ်ဲလ္ဆီးကို No ပါကြယ္ေျပာခဲ့ေပမဲ့ ယူႏိုက္တက္ကို မျငင္းပယ္ႏိုင္ခဲ့
ဂ်ာမန္သားနည္းျပရက္ဖ္ရန္းနစ္ဟာ သတင္းေတြအရ မန္ယူအသင္းရဲ႕

ယာယီနည္းျပသစ္ျဖစ္လာပါေတာ့မယ္။

ရန္းနစ္ဟာ ေဘာလုံးဗိသုကာတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရၿပီး

ကေလာ့ပ္၊ တူခ်ယ္နဲ႔ နာဂယ္စမန္းတို႔ရဲ႕လက္ဦးဆရာလိုလည္းျဖစ္ေနတာေၾကာင့္

ယူႏိုက္တက္အတြက္ ေအာင္ျမင္တဲ့လွ်ပ္တစ္ပ်က္စြမ္းေဆာင္ခ်က္ပါပဲ။

ရန္းနစ္ခ္ဟာ ယူႏိုက္တက္ကို ကြင္းျပင္ပမွာ အဖိုးမျဖတ္ႏိုင္တဲ့ေဘာလုံးအျမင္

ေပးႏိုင္မွာျဖစ္သလို သစ္လြင္တဲ့ခ်ဥ္းကပ္မႈတစ္ခုကိုလည္း ယူေဆာင္ေပးႏိုင္မွာပါ။

တကယ္ေတာ့ အဲဒီဂ်ာမန္သားဟာ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ဒီလိုရာထူးမ်ိဳးနဲ႔

ခ်ဲလ္ဆီးရဲ႕ခ်ဥ္းကပ္ျခင္းကို ခံခဲ့ရေပမယ့္ ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။

ဖရန႔္လမ္းပတ္ကို ထုတ္ပယ္ခဲ့ၿပီး ခ်ဲလ္ဆီးဟာ ရန္းနစ္ကို ကမ္လွမ္းမႈလုပ္ခဲ့တာပါ။

ယာယီနည္းျပဆိုတဲ့ရာထူးကို စိတ္မဝင္စားတာေၾကာင့္ ခ်ဲလ္ဆီးရဲ႕ကမ္းလွမ္း

လာမႈကို ရန္းနစ္က ျငင္းဆန္ခဲ့ပါတယ္။

အဲဒါနဲ႔ပတ္သက္လို႔ ရန္းနစ္က အင္တာဗ်ဴးတစ္ခုမွ

ာ”မင္းတို႔နဲ႔လာၿပီး အလုပ္လုပ္ခ်င္ေပမယ့္ ၄ လထဲနဲ႔ေတာ့ ငါမလုပ္ႏိုင္ဘူး။
ငါက ယာယီနည္းျပတစ္ေယာက္မဟုတ္ဘူးလို႔ သူတို႔ကို ကြၽန္ေတာ္ေျပာခဲ့ပါတယ္။

မီဒီယာေတြနဲ႔ ကစားသမားေတြေရွ႕မွာ ၄ လ နည္းျပတစ္ေယာက္အျဖစ္

အျမင္မခံႏိုင္ပါဘူး”လို႔ ဖြင့္ဟခဲ့ပါတယ္။

အဲဒီလို ခ်ဲလ္ဆီးကို ျငင္းခဲ့ဖူးလို႔ ယူႏိုက္တက္ကို လက္ခံခဲ့တာဟာ

ပိုႀကီးမားတဲ့အသင္းျဖစ္ေနလို႔လည္း မဟုတ္ပါဘူး။

 

ခ်ဲလ္ဆီးဟာ အရင္ကလည္း ဟစ္ဒင္နဲ႔ဘင္နီတက္ဇ္တို႔ကို ယာယီနည္းျပ

ခန႔္ဖူးၿပီး ႏွစ္ေယာက္စလုံးဟာ ေအာင္ျမင္ခဲ့ေပမယ့္ ပရိသတ္ေတြၾကား

အသိအမွတ္ျပဳခံရမႈ နည္းပါးခဲ့ပါတယ္။

ခ်ဲလ္ဆီးနဲ႔မတူတာက ယူႏိုက္တက္ဟာ အသင္းရဲ႕လက္ရွိျပသနာေတြကို

ေျဖရွင္းယုံတင္မဟုတ္ဘဲ ကလပ္ရဲ႕အနာဂါတ္ေဖာင္ေဒးရွင္းကိုပါခ်ေပးဖို႔

ရန္းနစ္ကို ကမ္းလွမ္းခဲ့တာပါ။

ရန္းနစ္ဟာ အသင္းကို ယာယီကိုင္ၿပီးတာနဲ႔ ယူႏိုက္တက္ရဲ႕လာမယ့္အၿမဲတမ္း

နည္းျပသစ္ခန႔္အပ္မႈမွာ အေရးပါမယ့္ေနရာက ပါဝင္မွာျဖစ္ၿပီး ဗ်ဴဟာပိုင္း

ေနရာကေန အသင္းမွာ ဆက္ရွိမွာပါ။

ေရရွည္စီမံကိန္းေၾကာင့္လည္း ရန္းနစ္ဟာ ယူႏိုက္တက္ကို လက္ခံခဲ့တာ

ျဖစ္ပါလိမ့္မယ္။