အနေအထိုင်မတတ်တဲ့ ပီကေး

ပြီးခဲ့တဲ့ ဗလင်စီယာနဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ပင်နယ်တီရရှိခဲ့မှုနဲ့ပတ်သက်ပြီး

ဗလင်စီယာက သူတို့ရဲ့တွစ်တာပေါ်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။

ပွဲကစားချိန် ၄၁ မိနစ်မှာ ကွင်းလယ်ဒိုင် ဟာနန်ဒက်ဇ်က

ကက်စ်မဲရိုးပြစ်ဒဏ်ကျူးလွန်ခံရတယ်ဆိုပြီး ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

အနှေးပြကွက်တွေအရ ဗလင်စီယာရဲ့ ဖျက်ထုတ်မှုဟာ

မဆိုစလောက်လေးသာ ထိခိုက်မိခဲ့တာဖြစ်ပြီး

ပင်နယ်တီမပေးလည်း ရတဲ့အနေအထားဖြစ်ခဲ့တာပါ။

အဆိုပါပင်နယ်တီကိုတော့ ဘန်ဇီမာက ကန်သွင်းယူပြီး

ရီးရဲလ်အတွက် ၃၀၀ မြောက်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။

ဗလင်စီယာကတော့ ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ဟာနန်ဒက်ဇ်ရဲ့

စွမ်းဆောင်ရည်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကို ပုပ်ခတ် ရေးသားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းနောက်ခံလူ ပီကေးဟာ ဗလင်စီယာအသင်းဘက်က

တင်ထားတဲ့ တွစ်တာပို့စ်တစ်ခုကို Retweet ပြန်လုပ်ခဲ့ရာ

အခန့်မသင့်ရင် ရန်မီးပွား နိုင်တဲ့ အနေအထား ရှိပါတယ်။

ဗလင်စီယာအသင်းက သူတို့ရဲ့တရားဝင်တွစ်တာစာမျက်နှာကနေ

”မက်ဒရစ်မှာ ဓားပြတိုက်ခံရတာ ထပ်ဖြစ်လာပြန်ပါပြီ”လို့ ရေးတင်ခဲ့တာပါ။

အဲဒါကို ပီကေးက ”အရမ်းအကျယ်ကြီး သွားမပြောနဲ့လေဗျာ။

တော်ကြာ ခင်ဗျားတို့ ကို သူတို့ အရေးလာယူနေဦးမယ်”ဆိုပြီး

ရှူးတိုးတိုးအီမိုဂျီနဲ့အတူ Retweet ပြန်လုပ်ခဲ့တာပါ။

ပီကေးဟာ အရင်ကတည်းက ရီးရဲလ်နဲ့ အချင်းများမှုတွေ ဖြစ်ပွားခဲ့သူဖြစ်ပြီး

အခုလည်း ဘာစီလိုနာနဲ့ ရီးရဲလ်တို့ဟာ ကြားရက်မှာ

စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆော်ဒီမှာ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

zawgyi

အေနအထိုင္မတတ္တဲ့ ပီေကး

ၿပီးခဲ့တဲ့ ဗလင္စီယာနဲ႔ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္ပင္နယ္တီရရွိခဲ့မႈနဲ႔ပတ္သက္ၿပီး

ဗလင္စီယာက သူတို႔ရဲ႕တြစ္တာေပၚမွာ ေဝဖန္မႈေတြျပဳလုပ္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၄၁ မိနစ္မွာ ကြင္းလယ္ဒိုင္ ဟာနန္ဒက္ဇ္က

ကက္စ္မဲ႐ိုးျပစ္ဒဏ္က်ဴးလြန္ခံရတယ္ဆိုၿပီး ပင္နယ္တီေပးခဲ့တာျဖစ္ပါတယ္။

အေႏွးျပကြက္ေတြအရ ဗလင္စီယာရဲ႕ ဖ်က္ထုတ္မႈဟာ

မဆိုစေလာက္ေလးသာ ထိခိုက္မိခဲ့တာျဖစ္ၿပီး

ပင္နယ္တီမေပးလည္း ရတဲ့အေနအထားျဖစ္ခဲ့တာပါ။

အဆိုပါပင္နယ္တီကိုေတာ့ ဘန္ဇီမာက ကန္သြင္းယူၿပီး

ရီးရဲလ္အတြက္ ၃၀၀ ေျမာက္ဂိုးအျဖစ္ သြင္းယူႏိုင္ခဲ့ပါတယ္။

ဗလင္စီယာကေတာ့ ပြဲအၿပီးမွာ ကြင္းလယ္ဒိုင္ဟာနန္ဒက္ဇ္ရဲ႕

စြမ္းေဆာင္ရည္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ကို ပုပ္ခတ္ ေရးသားသြားခဲ့ပါတယ္။

ဘာစီလိုနာအသင္းေနာက္ခံလူ ပီေကးဟာ ဗလင္စီယာအသင္းဘက္က

တင္ထားတဲ့ တြစ္တာပို႔စ္တစ္ခုကို Retweet ျပန္လုပ္ခဲ့ရာ

အခန႔္မသင့္ရင္ ရန္မီးပြား ႏိုင္တဲ့ အေနအထား ရွိပါတယ္။

ဗလင္စီယာအသင္းက သူတို႔ရဲ႕တရားဝင္တြစ္တာစာမ်က္ႏွာကေန

”မက္ဒရစ္မွာ ဓားျပတိုက္ခံရတာ ထပ္ျဖစ္လာျပန္ပါၿပီ”လို႔ ေရးတင္ခဲ့တာပါ။

အဲဒါကို ပီေကးက ”အရမ္းအက်ယ္ႀကီး သြားမေျပာနဲ႔ေလဗ်ာ။

ေတာ္ၾကာ ခင္ဗ်ားတို႔ ကို သူတို႔ အေရးလာယူေနဦးမယ္”ဆိုၿပီး

ရႉးတိုးတိုးအီမိုဂ်ီနဲ႔အတူ Retweet ျပန္လုပ္ခဲ့တာပါ။

ပီေကးဟာ အရင္ကတည္းက ရီးရဲလ္နဲ႔ အခ်င္းမ်ားမႈေတြ ျဖစ္ပြားခဲ့သူျဖစ္ၿပီး

အခုလည္း ဘာစီလိုနာနဲ႔ ရီးရဲလ္တို႔ဟာ ၾကားရက္မွာ

စပိန္စူပါဖလား ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ ေဆာ္ဒီမွာ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။