
ချန်ပီယံလိဂ်အုပ်စုတတိယပွဲစဉ် အင်္ဂါနေ့ပွဲတွေမှာတော့ လီဗာပူးလ်အသင်းဟာ
အက်သလက်တီကိုအသင်းကို အဝေးကွင်းမှာ (၃-၂)ဂိုးနဲ့အနိုင်ရခဲ့ပြီး (၃)ပွဲကစား၊
(၉)မှတ်နဲ့ အုပ်စုကတက်ဖို့ အခြေအနေကောင်းသွားပါပြီ။ ဒီပွဲမှာ
လီဗာပူးလ်အသင်းရဲ့ဂိုးတွေကို ထုံးစံအတိုင်းပဲ ဆာလာက (၂)ဂိုးသွင်းယူပြီးတော့၊
ကီတာ(၁)ဂိုးသွင်းယူခဲ့ပြီး အက်သလက်တီကိုအသင်းအတွက်
ဂရစ်ဇ်မန်းက ချေပဂိုး(၂)ဂိုးစလုံးသွင်းယူခဲ့တာပါ။
အခုပွဲမှာ ဆာလာ ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက် လီဗာပူးလ်အသင်း
သမိုင်းတစ်လျှောက် (၉)ပွဲဆက်တိုက်ဂိုးသွင်းခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်
စံချိန်တင်နိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့သြဂုတ်လတုန်းက ချယ်လ်ဆီးအသင်းနဲ့(၁-၁)ဂိုးစီ
သရေကျခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူခဲ့ပြီးနောက်ပိုင်း ဆာလာဟာ လိဒ်စ်၊ အေစီမီလန်၊
ပဲလေ့စ်၊ ဘရန့်ဖို့ဒ်၊ ပေါ်တို(၂ဂိုး)၊ မန်စီးတီး၊ ဝက်ဖို့ဒ်နဲ့ အခု
အက်သလက်တီကိုတို့နဲ့ပွဲတွေမှာ ဂိုးတွေဆက်တိုက်သွင်းယူခဲ့တာဖြစ်ပြီး
အခုဆိုရင် ဒီရာသီမှာ အသင်းအတွက်(၁၁)ပွဲကစား၊ (၁၂)ဂိုးအထိသွင်းယူထားနိုင်ပါပြီ။
လီဗာပူးလ်အသင်းဟာ ပထမပိုင်း(၁၃)မိနစ်အတွင်း ဆာလာ၊ ကီတာတို့ရဲ့ဂိုးတွေနဲ့
ဦးဆောင်ခဲ့ပေမယ့် အက်သလက်တီကိုအသင်းတိုက်စစ်မှူးဂရစ်ဇ်မန်းက
ချေပဂိုးတွေပြန်သွင်းခဲ့တာကြောင့် သရေပြန်ကျခဲ့ပြီး ပထမပိုင်းမှာပဲ
(၂)ဂိုးပြတ်သွင်းပြီးမှ(၂)ဂိုးပြန်ပေးခဲ့ရတာက လီဗာပူးလ်အသင်းရဲ့
ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက်မှာ ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။
ဒ့ါအပြင် အက်သလက်တီကိုအသင်းအတွက် ချေပဂိုးတွေပြန်သွင်းခဲ့တဲ့
ဂရစ်ဇ်မန်းဟာ ဒုတိယပိုင်းမှာ တိုက်ရိုက်အနီကတ်နဲ့အထုတ်ခံခဲ့ရတာကြောင့်
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ပွဲတည်း(၂)ဂိုးသွင်းပြီးတော့
အနီကတ်အပြခံခဲ့ရတဲ့ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ပွဲချိန်မိနစ်(၅၀)ကျော်မှာ ဂရစ်ဇ်မန်းဟာ ခြေထောက်မြှောက်ပြီးတော့
ဘောလုံးထိန်းဖို့ကြိုးစားတာကနေ ဖေမီနိုရဲ့မျက်နှာကို ကန်မိသလို
ဖြစ်သွားတာကြောင့် ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခဲ့တာဖြစ်ပြီး
လာမယ့်နိုဝင်ဘာလ(၃)ရက်ကျရင် အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ကစားမယ့်
ဒုတိယအကျော့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။
zawgyi
အနီကတ္အျပခံခဲ့ရတဲ့ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တဲ့ ဂရစ္ဇ္မန္းနဲ႔သမိုင္းဝင္စံခ်ိန္ေကာင္းတစ္ခုရယူခဲ့တဲ့ ဆာလာ
ခ်န္ပီယံလိဂ္အုပ္စုတတိယပြဲစဥ္ အဂၤါေန႔ပြဲေတြမွာေတာ့ လီဗာပူးလ္အသင္းဟာ
အက္သလက္တီကိုအသင္းကို အေဝးကြင္းမွာ (၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး (၃)ပြဲကစား၊
(၉)မွတ္နဲ႔ အုပ္စုကတက္ဖို႔ အေျခအေနေကာင္းသြားပါၿပီ။ ဒီပြဲမွာ
လီဗာပူးလ္အသင္းရဲ႕ဂိုးေတြကို ထုံးစံအတိုင္းပဲ ဆာလာက (၂)ဂိုးသြင္းယူၿပီးေတာ့၊
ကီတာ(၁)ဂိုးသြင္းယူခဲ့ၿပီး အက္သလက္တီကိုအသင္းအတြက္
ဂရစ္ဇ္မန္းက ေခ်ပဂိုး(၂)ဂိုးစလုံးသြင္းယူခဲ့တာပါ။
အခုပြဲမွာ ဆာလာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့အတြက္ လီဗာပူးလ္အသင္း
သမိုင္းတစ္ေလွ်ာက္ (၉)ပြဲဆက္တိုက္ဂိုးသြင္းခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္
စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။ ၿပီးခဲ့တဲ့ၾသဂုတ္လတုန္းက ခ်ယ္လ္ဆီးအသင္းနဲ႔(၁-၁)ဂိုးစီ
သေရက်ခဲ့တဲ့ပြဲမွာ ဂိုးသြင္းယူခဲ့ၿပီးေနာက္ပိုင္း ဆာလာဟာ လိဒ္စ္၊ ေအစီမီလန္၊
ပဲေလ့စ္၊ ဘရန႔္ဖို႔ဒ္၊ ေပၚတို(၂ဂိုး)၊ မန္စီးတီး၊ ဝက္ဖို႔ဒ္နဲ႔ အခု
အက္သလက္တီကိုတို႔နဲ႔ပြဲေတြမွာ ဂိုးေတြဆက္တိုက္သြင္းယူခဲ့တာျဖစ္ၿပီး
အခုဆိုရင္ ဒီရာသီမွာ အသင္းအတြက္(၁၁)ပြဲကစား၊ (၁၂)ဂိုးအထိသြင္းယူထားႏိုင္ပါၿပီ။
လီဗာပူးလ္အသင္းဟာ ပထမပိုင္း(၁၃)မိနစ္အတြင္း ဆာလာ၊ ကီတာတို႔ရဲ႕ဂိုးေတြနဲ႔
ဦးေဆာင္ခဲ့ေပမယ့္ အက္သလက္တီကိုအသင္းတိုက္စစ္မႉးဂရစ္ဇ္မန္းက
ေခ်ပဂိုးေတြျပန္သြင္းခဲ့တာေၾကာင့္ သေရျပန္က်ခဲ့ၿပီး ပထမပိုင္းမွာပဲ
(၂)ဂိုးျပတ္သြင္းၿပီးမွ(၂)ဂိုးျပန္ေပးခဲ့ရတာက လီဗာပူးလ္အသင္းရဲ႕
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲတစ္ေလွ်ာက္မွာ ပထမဆုံးအႀကိမ္ျဖစ္ခဲ့ပါတယ္။
ဒ့ါအျပင္ အက္သလက္တီကိုအသင္းအတြက္ ေခ်ပဂိုးေတြျပန္သြင္းခဲ့တဲ့
ဂရစ္ဇ္မန္းဟာ ဒုတိယပိုင္းမွာ တိုက္႐ိုက္အနီကတ္နဲ႔အထုတ္ခံခဲ့ရတာေၾကာင့္
ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ တစ္ပြဲတည္း(၂)ဂိုးသြင္းၿပီးေတာ့
အနီကတ္အျပခံခဲ့ရတဲ့ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
ပြဲခ်ိန္မိနစ္(၅၀)ေက်ာ္မွာ ဂရစ္ဇ္မန္းဟာ ေျခေထာက္ေျမႇာက္ၿပီးေတာ့
ေဘာလုံးထိန္းဖို႔ႀကိဳးစားတာကေန ေဖမီႏိုရဲ႕မ်က္ႏွာကို ကန္မိသလို
ျဖစ္သြားတာေၾကာင့္ ဒိုင္လူႀကီးက တိုက္႐ိုက္အနီကတ္နဲ႔ထုတ္ပယ္ခဲ့တာျဖစ္ၿပီး
လာမယ့္ႏိုဝင္ဘာလ(၃)ရက္က်ရင္ အန္ဖီးလ္မွာ လီဗာပူးလ္နဲ႔ကစားမယ့္
ဒုတိယအေက်ာ့ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။