အနီကတ်ဆိုရင်တော့ မော်ကြီးလည်း ကြောက်တတ်တယ်

မော်ရင်ညိုဆိုတာက ဒိုင်လူကြီးတွေကို ကြိမ်းလားမောင်းလား၊ အော်လား ငေါက်လား လုပ်တဲ့နေရာမှာ ပါဝါမြင့်တဲ့ နည်းပြတစ်ယောက်ဖြစ်ပြီး ဒိုင်လူကြီး တွေကို ကွင်းတွင်းရော ကွင်းပြမှာပါ ဝေဖန်ပုတ်ခတ်တတ်တဲ့ ဝါရင့်နည်းပြ တစ်ယောက်ပါ။

ဒါပေမဲ့ တနင်္ဂနွေညက နာပိုလီကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာတော့ ဒိုင်တွေနဲ့ ပတ်သက်ပြီး အစဉ်အလာကြီးခဲ့တဲ့ မော်ကြီးလည်း အားမတန်လို့ မာန်လျှော့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခု ရှိခဲ့ပါတယ်။

ဒီပွဲက ရိုးမား အသင်းကစားသမားတွေ၊ ပရိသတ်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေအတွက် ဒေါသထွက်စရာ ပွဲစဉ်တစ်ခုဖြစ်ခဲ့ရပြီး နှစ်ဖက်ကစားသမားတွေလည်း အချင်းများခဲ့ကြပါတယ်။

ရိုးမားရဲ့ ကြံ့ခိုင်ရေးနည်းပြဆိုရင် ကွင်းလယ်ဒိုင်လူကြီး မက်ဆီမီလီယာနိုကို ဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့တဲ့အထိကို တင်းမာခဲ့တာပါ။

နောက်ခံလူ ကာစ်ဒေါ့ပ်ကလည်း ဒိုင်လူကြီးတွေကို ရင်ဆိုင်စောဒက တက်တာမျိုးတွေ လုပ်ခဲ့ပြီး သူ့ခြေထောက်ကို တက်နင်းမိသလို ဖြစ်သွားခဲ့တဲ့ ကွင်းလယ်ဒိုင် မက်ဆီမီလီယာနိုကို အပြတ်ကောခဲ့ပါသေးတယ်။

အဲဒီအချိန် မှာတော့ မက်ဆီမီလီယာနိုက လက်ထဲမှာ အနီကတ်ကြီးက ရောက်နှင့်ပြီး သားဖြစ်ပြီး ပွဲကို ခြိမ်းခြောက်ထိန်းသိမ်းဖို့ ကြိုးစားခဲ့တာပါ။

အဲဒီအချိန်မှာ ကွင်းဘေးစည်းမှာ ရပ်နေတဲ့ မော်ရင်ညိုက ဒိုင်လူကြီးဆီကို တည့်တည့်မတ် မတ်ရောက်လာပြီး ရန်လိုတော့မယ့် ပုံစံမျိုး ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒိုင်လူကြီးရဲ့ လက်ထဲက အနီကတ်ကိုလည်း မြင်လိုက်ရော မော်ကြီးဟာ အံကြီးကို ကြိတ်ပြီး ချက်ချင်း ဆိုသလိုပဲ လှည့်ထွက်သွားလိုက်တာ ပြန်ကို ပေါ်မလာတော့ပါဘူး။

အလာကောင်းပေမယ့် အခြေအနေမှန်ကို ရိပ်စားမိတဲ့ မော်ရင်ညိုဟာ ဒီတစ်ချိန်မှာတော့ ယုံလေး နှာစေးတဲ့ အကွက်ကို နင်းသွားတာဖြစ်ပါတယ်။

အဲဒီဗီဒီယို အတိုလေးကို တွစ်တာပေါ်မှာ ပြန်လည်မျှဝေခဲ့ပြီးတဲ့နောက်မှာတော့ ကြည့်ရှု သူဦးရေဟာ ၂.၃ သန်းကျော်အထိ ရှိလာခဲ့ပါတယ်။

ဒါကြောင့် ပရိသတ် တစ်ယောက်က ‘’ဘောလုံးသမိုင်းကြောင်းတစ်လျှောက် ပိုပြီး ရယ်ရတဲ့ နည်းပြတစ်ယောက် ရှိကြလားဗျ’’ လို့ အရွှန်းဖောက်ပြီး မေးခွန်းထုတ်ပါတယ်။

ဒုတိယတစ်ယောက်ကတော့ ‘’စပါယ်ရှယ်ဝမ်းက သူ့ဘေးတော့ သူသိသားပဲ ဗျ’’ လို့ ရေးသားခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့ ‘’မော်ရင်ညိုလို ဘယ်သူကမှ ဟာသ မလုပ်တတ်ပါဘူးဗျာ’’ လို့ ရေးသားခဲ့ကြပါတယ်။

(Zawgyi)

အနီကတ္ဆိုရင္ေတာ့ ေမာ္ႀကီးလည္း ေၾကာက္တတ္တယ္

ေမာ္ရင္ညိဳဆိုတာက ဒိုင္လူႀကီးေတြကို ႀကိမ္းလားေမာင္းလား၊ ေအာ္လား ေငါက္လား လုပ္တဲ့ေနရာမွာ ပါဝါျမင့္တဲ့ နည္းျပတစ္ေယာက္ျဖစ္ၿပီး ဒိုင္လူႀကီး ေတြကို ကြင္းတြင္းေရာ ကြင္းျပမွာပါ ေဝဖန္ပုတ္ခတ္တတ္တဲ့ ဝါရင့္နည္းျပ တစ္ေယာက္ပါ။

ဒါေပမဲ့ တနဂၤေႏြညက နာပိုလီကို ၁-၀ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ မွာေတာ့ ဒိုင္ေတြနဲ႔ ပတ္သက္ၿပီး အစဥ္အလာႀကီးခဲ့တဲ့ ေမာ္ႀကီးလည္း အား မတန္လို႔ မာန္ေလွ်ာ့ခဲ့ရတဲ့ အျဖစ္အပ်က္တစ္ခု ရွိခဲ့ပါတယ္။

ဒီပြဲက ႐ိုးမား အသင္းကစားသမားေတြ၊ ပရိသတ္ေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြအတြက္ ေဒါ သထြက္စရာ ပြဲစဥ္တစ္ခုျဖစ္ခဲ့ရၿပီး ႏွစ္ဖက္ကစားသမားေတြလည္း အခ်င္း မ်ားခဲ့ၾကပါတယ္။

႐ိုးမားရဲ႕ ႀကံ့ခိုင္ေရးနည္းျပဆိုရင္ ကြင္းလယ္ဒိုင္လူႀကီး မက္ဆီမီလီယာႏိုကို ေဒါသတႀကီး ေအာ္ဟစ္ေျပာဆိုခဲ့တဲ့အထိကို တင္းမာခဲ့ တာပါ။

ေနာက္ခံလူ ကာစ္ေဒါ့ပ္ကလည္း ဒိုင္လူႀကီးေတြကို ရင္ဆိုင္ေစာဒက တက္တာမ်ိဳးေတြ လုပ္ခဲ့ၿပီး သူ႔ေျခေထာက္ကို တက္နင္းမိသလို ျဖစ္သြားခဲ့တဲ့ ကြင္းလယ္ဒိုင္ မက္ဆီမီလီယာႏိုကို အျပတ္ေကာခဲ့ပါေသးတယ္။

အဲဒီအခ်ိန္ မွာေတာ့ မက္ဆီမီလီယာႏိုက လက္ထဲမွာ အနီကတ္ႀကီးက ေရာက္ႏွင့္ၿပီး သားျဖစ္ၿပီး ပြဲကို ၿခိမ္းေျခာက္ထိန္းသိမ္းဖို႔ ႀကိဳးစားခဲ့တာပါ။

အဲဒီအခ်ိန္မွာ ကြင္းေဘးစည္းမွာ ရပ္ေနတဲ့ ေမာ္ရင္ညိဳက ဒိုင္လူႀကီးဆီကို တည့္တည့္မတ္ မတ္ေရာက္လာၿပီး ရန္လိုေတာ့မယ့္ ပုံစံမ်ိဳး ရွိခဲ့ပါတယ္။

ဒါေပမဲ့ ဒိုင္လူႀကီးရဲ႕ လက္ထဲက အနီကတ္ကိုလည္း ျမင္လိုက္ေရာ ေမာ္ႀကီးဟာ အံႀကီးကို ႀကိတ္ၿပီး ခ်က္ခ်င္း ဆိုသလိုပဲ လွည့္ထြက္သြားလိုက္တာ ျပန္ကို ေပၚမလာေတာ့ပါဘူး။

အလာေကာင္းေပမယ့္ အေျခအေနမွန္ကို ရိပ္စားမိတဲ့ ေမာ္ရင္ညိဳဟာ ဒီတစ္ခ်ိန္မွာေတာ့ ယုံေလး ႏွာေစးတဲ့ အကြက္ကို နင္းသြားတာျဖစ္ပါတယ္။

အဲဒီဗီဒီယို အတိုေလးကို တြစ္တာေပၚမွာ ျပန္လည္မွ်ေဝခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ၾကည့္ရႈ သူဦးေရဟာ ၂.၃ သန္းေက်ာ္အထိ ရွိလာခဲ့ပါတယ္။

ဒါေၾကာင့္ ပရိသတ္ တစ္ေယာက္က ‘’ေဘာလုံးသမိုင္းေၾကာင္းတစ္ေလွ်ာက္ ပိုၿပီး ရယ္ရတဲ့ နည္းျပတစ္ေယာက္ ရွိၾကလားဗ်’’ လို႔ အ႐ႊန္းေဖာက္ၿပီး ေမးခြန္းထုတ္ပါတယ္။

ဒုတိယတစ္ေယာက္ကေတာ့ ‘’စပါယ္ရွယ္ဝမ္းက သူ႔ေဘးေတာ့ သူသိသားပဲ ဗ်’’ လို႔ ေရးသားခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့ ‘’ေမာ္ရင္ညိဳလို ဘယ္သူကမွ ဟာသ မလုပ္တတ္ပါဘူးဗ်ာ’’ လို႔ ေရးသားခဲ့ၾကပါတယ္။