အနီကတ်က ရာမို့စ်အတွက် မထူးဆန်းပါ.. သို့ပေမဲ့

ကစားသမားဘဝမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဆာဂျီယိုရာမို့စ်ဟာ ၂၀၂၁ အတွင်း

ပီအက်စ်ဂျီရဲ့နောက်ဆုံးပွဲမှာ အနီကတ်ပြအထုတ်ခံခဲ့ရတာပါ။
တန်းဆင်းဇုန်ထဲက လိုရီယန့်နဲ့ အဲဒီစိတ်ပျက်စရာသရေပွဲမှာ ရာမို့စ်ဟာ ဒုတိယပိုင်း

ရောက်မှ လူစားဝင်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပွဲချိန်နှောင်းပိုင်းက ၄ မိနစ်တာကာလလေးအတွင်းမှာ ၃၅ နှစ်အရွယ်

အဲဒီရီးရဲလ်အသင်းခေါင်းဆောင်ဟောင်းဟာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။

အဲဒါဟာ ပီအက်စ်ဂျီကစားသမားဘ၀ သူ့ရဲ့ပထမဆုံးအနီကတ်ဖြစ်သလို

အဲဒီပြင်သစ်ကလပ်အတွက် သူ့ရဲ့ ၃ ပွဲမြောက်မှာပဲ အခုလို အနီထိခဲ့တာပါ။

အဲဒီပွဲပြီးတော့ ရာမို့စ်ဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်တက်ပြီး

သူနောက်ဆုံးရခဲ့တဲ့အနီကတ်ကနေ သင်ခန်းစာယူသွားမယ့်ပုံစံ ရေးခဲ့ပါတယ်။
သူ့ရဲ့Twitter အကောင့်မှာ ရာမို့စ်က”ဒီနေ့ဟာ သင်ယူဖို့ နေ့သစ်တစ်ခုပါ။

မနက်ဖန်ကတော့ တိုးတက်ဖို့ နေ့သစ်တစ်ခုပေါ့။ အမြဲတမ်းရှေ့ဆက်သွားမှာပါ”လို့

ရေးခဲ့တာပါ။
ဒါပေမဲ့ ဘောလုံးသမိုင်းတစ်လျှောက် အထုတ်ခံရဆုံးကစားသမားတစ်ယောက်

ဖြစ်တဲ့ သူ့လိုလူက သင်ခန်းစာယူမယ်ဆိုတော့ ပရိသတ်တွေအတွက် တစ်မျိုး

ကြီးဖြစ်နေပါတယ်။

လိုရီယန့်နဲ့ပွဲက အနီကတ်ဟာ ရာမို့စ်ရဲ့ကစားသမားဘ၀ ၂၇ ကြိမ်မြောက်

အနီကတ်လည်းဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာ ရာမို့စ်ဟာ အနီကတ်နဲ့ အထုတ်ခံရဆုံးကစား

သမားလည်း စံချိန်တင်ထားပါတယ်။
ဘောလုံးသမိုင်းမှာဆို သူ့ထက် အနီကတ်များတာဆိုလို့ ကိုလံဘီယာလက်ရွေး

စင်ဟောင်းဘီဒိုယာသာ ရှိပါတယ်။
ကစားသမားဘ၀ အနီကတ် ၄၆ ကြိမ်ပြခံခဲ့ရတဲ့ ဘီဒိုယာဟာ နည်းပြဘဝ

ရောက်တော့လည်း ပထမဆုံးပွဲမှာပဲ အနီတက်နဲ့အထုတ်ခံခဲ့ရပါတယ်။

Zawgyi

အနီကတ္က ရာမို႔စ္အတြက္ မထူးဆန္းပါ.. သို႔ေပမဲ့

ကစားသမားဘဝမွာ နာမည္ဆိုးနဲ႔ေက်ာ္ၾကားတဲ့ ဆာဂ်ီယိုရာမို႔စ္ဟာ ၂၀၂၁ အတြင္း

ပီအက္စ္ဂ်ီရဲ႕ေနာက္ဆုံးပြဲမွာ အနီကတ္ျပအထုတ္ခံခဲ့ရတာပါ။

တန္းဆင္းဇုန္ထဲက လိုရီယန႔္နဲ႔ အဲဒီစိတ္ပ်က္စရာသေရပြဲမွာ ရာမို႔စ္ဟာ ဒုတိယပိုင္း

ေရာက္မွ လူစားဝင္လာတာ ျဖစ္ပါတယ္။
ဒါေပမဲ့ ပြဲခ်ိန္ေႏွာင္းပိုင္းက ၄ မိနစ္တာကာလေလးအတြင္းမွာ ၃၅ ႏွစ္အ႐ြယ္

အဲဒီရီးရဲလ္အသင္းေခါင္းေဆာင္ေဟာင္းဟာ ႏွစ္ဝါ တစ္နီနဲ႔ ထုတ္ပယ္ခံလိုက္ရပါတယ္။
အဲဒါဟာ ပီအက္စ္ဂ်ီကစားသမားဘ၀ သူ႔ရဲ႕ပထမဆုံးအနီကတ္ျဖစ္သလို

အဲဒီျပင္သစ္ကလပ္အတြက္ သူ႔ရဲ႕ ၃ ပြဲေျမာက္မွာပဲ အခုလို အနီထိခဲ့တာပါ။
အဲဒီပြဲၿပီးေတာ့ ရာမို႔စ္ဟာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚတက္ၿပီး

သူေနာက္ဆုံးရခဲ့တဲ့အနီကတ္ကေန သင္ခန္းစာယူသြားမယ့္ပုံစံ ေရးခဲ့ပါတယ္။
သူ႔ရဲ႕Twitter အေကာင့္မွာ ရာမို႔စ္က”ဒီေန႔ဟာ သင္ယူဖို႔ ေန႔သစ္တစ္ခုပါ။

မနက္ဖန္ကေတာ့ တိုးတက္ဖို႔ ေန႔သစ္တစ္ခုေပါ့။ အၿမဲတမ္းေရွ႕ဆက္သြားမွာပါ”လို႔

ေရးခဲ့တာပါ။
ဒါေပမဲ့ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အထုတ္ခံရဆုံးကစားသမားတစ္ေယာက္

ျဖစ္တဲ့ သူ႔လိုလူက သင္ခန္းစာယူမယ္ဆိုေတာ့ ပရိသတ္ေတြအတြက္ တစ္မ်ိဳး

ႀကီးျဖစ္ေနပါတယ္။

လိုရီယန႔္နဲ႔ပြဲက အနီကတ္ဟာ ရာမို႔စ္ရဲ႕ကစားသမားဘ၀ ၂၇ ႀကိမ္ေျမာက္

အနီကတ္လည္းျဖစ္ပါတယ္။
၂၀၀၀ ျပည့္ႏွစ္ ေနာက္ပိုင္းမွာ ရာမို႔စ္ဟာ အနီကတ္နဲ႔ အထုတ္ခံရဆုံးကစား

သမားလည္း စံခ်ိန္တင္ထားပါတယ္။
ေဘာလုံးသမိုင္းမွာဆို သူ႔ထက္ အနီကတ္မ်ားတာဆိုလို႔ ကိုလံဘီယာလက္ေ႐ြး

စင္ေဟာင္းဘီဒိုယာသာ ရွိပါတယ္။
ကစားသမားဘ၀ အနီကတ္ ၄၆ ႀကိမ္ျပခံခဲ့ရတဲ့ ဘီဒိုယာဟာ နည္းျပဘဝ

ေရာက္ေတာ့လည္း ပထမဆုံးပြဲမွာပဲ အနီတက္နဲ႔အထုတ္ခံခဲ့ရပါတယ္။