အနိုင်ဂိုးသွင်းခဲ့တဲ့ ဟာဗက်ဇ် အစောကြီးကတည်းက ကွင်းထဲမှာရှိမနေသင့်တော့တာလို့ နယူးကာဆယ်ပရိသတ်တွေ ပေါက်ကွဲ

ချဲလ်ဆီးတိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ဟာ နယူးကာဆယ်ကို

၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အံ့ဖွယ်စကေး ထုတ်ပြကာ
နောက်ကျအနိုင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် နယူးကာဆယ်ပရိသတ်တွေကတော့
ပထမပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နောက်ခံလူ ဒန်ဘန်းနဲ့ဖြစ်ရပ်ကြောင့်
ဟာဗက်ဇ်အနေနဲ့ ကွင်းထဲမှာ ဆက်မရှိသင့်ဘဲ
ထုတ်ပယ်ခံခဲ့သင့်တယ်လို့ ပေါက်ကွဲနေပါတယ်။

ဟာဗက်ဇ်ဟာ နယူးကာဆယ်ကွင်းတစ်ဝက်လောက်ကနေ
ကွင်းလယ်လူ ဂျော်ဂျင်ညို အသာလေးခုတ်တင်ပေးလိုက်တာကို
ဘယ်ခြေနဲ့ တစ်ချက်ထိန်းကာ ဘယ်ခြေဦးလေးနဲ့ပဲ
အသာအယာကန်သွင်းခဲ့တာဖြစ်ပြီး နယူးကာဆယ်ဂိုးသမားလည်း
ဘယ်လိုမှမတတ်နိုင်ဘဲ ဒိုင်ဗင်တောင်မပစ်လိုက်ရပါဘူး။


ဒါပေမဲ့ နယူးကာဆယ်ပရိသတ်တွေကတော့ ပထမပိုင်းမှာ
နောက်ခံလူ ဒန်ဘန်းကို ဟာဗက်ဇ် ဥပဒေပကစားပြီးတာတောင်
ကွင်းထဲမှာ ဆက်ရှိနေတာကို ပေါက်ကွဲနေပြီး ဟာဗက်ဇ်သာ

ထုတ်ပယ်ခံရရင် နယူးကာဆယ်လည်း အနည်းဆုံး
သရေလောက်တော့ ကစားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ပထမပိုင်းမှာ အမြင့်ဘောကို နယူးကာဆယ်နောက်ခံလူ
ဒန်ဘန်းနဲ့အပြိုင် ဟာဗက်ဗ် ခေါင်းခုန်တိုက်ရာမှာ
တံတောင်နဲ့ ဒန်ဘန်းကို တွတ်မိသွားတာဖြစ်ပြီး

အဲဒီဖြစ်ရပ်ကို VAR ပြန်ကြည့်ပေမယ့် ဟာဗက်ဇ်အနေနဲ့
အနီကတ်ပြသမခံရဘဲ အဝါကတ်သာပြသခံခဲ့ရပါတယ်။


အဲဒီနောက် ပွဲအပြီးမှာ နယူးကာဆယ်ပရိသတ်တွေလည်း

ပေါက်ကွဲပြီး လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ပါတယ်။
”ဒီဖြစ်ရပ်ကနေ ဟာဗက်ဇ်
အထုတ်မခံရတာ ဘယ်လိုများလဲ”
”ဒီလောက် အသိသာကြီးကို”လို့
နယူးကာဆယ်ပရိသတ်တွေက ရေးသားခဲ့ကြပါတယ်။