အနိုင်ဂိုးကို VAR နဲ့ ပယ်ချခံလိုက်ရတဲ့အတွက် ဒိုင်လူကြီးကို ဒေါသထွက်နေတဲ့ မော်ရင်ဟို

နောက်ဆုံးမိနစ်အနိုင်ဂိုးက VAR နဲ့ ပယ်ချခံလိုက်ရတဲ့အတွက်

ရိုးမားနည်ပြမော်ရင်ဟိုဟာ ဒိုင်လူကြီးကို ဒေါသထွက်နေပါတယ်။

အဲဒါကြောင့်လည်း ရိုးမားဟာ တန်းဆင်းဇုန်ထဲက

တစ်ယောက်လျော့ဂျီနိုအာနဲ့ အိမ်ကွင်းပွဲမှာ ဂိုးမရှိသရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။

အဲဒီပွဲမှာ တိုက်စစ်ကစားသမားဇာနီယိုလိုဟာ မိနစ် ၉၀ အရောက်

တစ်လုံးတည်းသော အနိုင်ဂိုးသွင်းလိုက်နိုင်ခဲ့ပေမယ့်

ကွင်းဘေးက VAR မော်နီတာကို ကြည့်ပြီးနောက်

အဲဒီဂိုးမတိုင်ခင် အေဘရာဟမ် foul လုပ်တယ်ဆိုပြီး ဒိုင်လူကြီးက ခွင့်မပြုခဲ့ပါဘူး။

အဲဒီလိုဖြစ်ပြီး မိနစ်ပိုင်းမှာပဲ အဲဒီအီတလီလက်ရွေးစင်ကစားသမားဟာ

နှစ်ပါတစ်နီနဲ့အထုတ်ခံလိုက်ရလို့ မော်ရင်ဟိုဟာ

ဒိုင်လူကြီးရိုဆာရီယိုကို အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။

အဆင့် ၁၉ နေရာက ဂျီနိုအာဟာ အမှတ်ခွဲယူနိုင်ခဲ့လို့ အောင်ပွဲခံနေချိန်

တစ်ဖက်မှာတော့ မော်ရင်ဟိုဟာ သူ့ကစားသမားတွေရဲ့ဒိုင်လူကြီးအပေါ်

ဒေါသနဲ့ VAR အပေါ် ဝေဖန်မှုကို မျှဝေခံစားပုံရပါတယ်။

ပွဲပြီးတော့ မော်ရင်ဟိုက”အဲဒီအကြောင်း ကျွန်တော်မပြောချင်ပါဘူး။

ပွဲအကြောင်း ပြောနိုင်ပေမယ့် ဂိုးနဲ့ အနီကတ်ကိစ္စပြောလို့မရပါဘူး။

အဲဒါကို ကျွန်တော်ရှောင်ပြောချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

သူပြောမှာ မဟုတ်ဘူးလို့ အခိုင်အမာဆိုခဲ့ပေမယ့်

မော်ရင်ဟိုက ဆက်လက်ပြီး”ဒိုင်လူကြီးက ဆုံးဖြတ်ချက်မှန်တယ်ဆိုရင်

နှစ်ပေါင်းများစွာကြာ လူတွေချစ်ခင်အားပေးကြတဲ့

ကျွန်တော်တို့ရဲ့အားကစားဟာ ပြောင်းလဲသွားပါပြီ။

မတူညီတော့တဲ့အားကစားတစ်ခုပါ။

အဲဒါက foul ဆိုရင် ဘောလုံးဆိုတာ မရှိတော့ပါဘူး။

အဲဒီအတွက် ကျွန်တော်တို့တစ်ခုခုနာမည်ပေးရတော့မယ်။

ဒိုင်လူကြီးက သူအမှားလုပ်ပြီး ဂိုးကို ခွင့်မပြုမိဘူးဆိုရင်

သူဟာ အဲဒီအတွက် ဝမ်းနည်းနေမယ့်ပထမဆုံးသူဖြစ်မှာပါ။

ကျွန်တော်တို့ကတော့ ဒီရာသီမှာ အဲဒါမျိုးကြိမ်ဖန်များစွာဖြစ်နေကျပါ။

ရိုးမားဟာ ပါဝါရှိသူတွေရဲ့မျက်လုံးထဲမှာ

သေးငယ်တာလည်း ဖြစ်နိုင်တာပါပဲ”လို့ ဆိုခဲ့ပါတယ်။

ရိုးမားဟာ တစ်ရာသီလုံးတစ်ပွဲသာ နိုင်ထားတဲ့အသင်းကို

ဒုတိယပိုင်းမှာ တစ်ယောက်အသာနဲ့ကစားခဲ့ရပေမယ့် အနိုင်မယူနိုင်ခဲ့တာပါ။

အဲဒီပွဲမှာ ရုန်းကန်နေရတဲ့ဂျီနိုအာဟာ ရိုးမားရဲ့

ဂိုးကန်သွင်းချက် ၂၃ ကြိမ်ကို တောင့်ခံနိုင်ခဲ့ပါတယ်။

zawgyi

အႏိုင္ဂိုးကို VAR နဲ႔ ပယ္ခ်ခံလိုက္ရတဲ့အတြက္ ဒိုင္လူႀကီးကို ေဒါသထြက္ေနတဲ့ ေမာ္ရင္ဟို

ေနာက္ဆုံးမိနစ္အႏိုင္ဂိုးက VAR နဲ႔ ပယ္ခ်ခံလိုက္ရတဲ့အတြက္

႐ိုးမားနည္ျပေမာ္ရင္ဟိုဟာ ဒိုင္လူႀကီးကို ေဒါသထြက္ေနပါတယ္။

အဲဒါေၾကာင့္လည္း ႐ိုးမားဟာ တန္းဆင္းဇုန္ထဲက

တစ္ေယာက္ေလ်ာ့ဂ်ီႏိုအာနဲ႔ အိမ္ကြင္းပြဲမွာ ဂိုးမရွိသေရနဲ႔သာ ေက်နပ္ခဲ့ရတာပါ။

အဲဒီပြဲမွာ တိုက္စစ္ကစားသမားဇာနီယိုလိုဟာ မိနစ္ ၉၀ အေရာက္

တစ္လုံးတည္းေသာ အႏိုင္ဂိုးသြင္းလိုက္ႏိုင္ခဲ့ေပမယ့္

ကြင္းေဘးက VAR ေမာ္နီတာကို ၾကည့္ၿပီးေနာက္

အဲဒီဂိုးမတိုင္ခင္ ေအဘရာဟမ္ foul လုပ္တယ္ဆိုၿပီး ဒိုင္လူႀကီးက ခြင့္မျပဳခဲ့ပါဘူး။

အဲဒီလိုျဖစ္ၿပီး မိနစ္ပိုင္းမွာပဲ အဲဒီအီတလီလက္ေ႐ြးစင္ကစားသမားဟာ

ႏွစ္ပါတစ္နီနဲ႔အထုတ္ခံလိုက္ရလို႔ ေမာ္ရင္ဟိုဟာ

ဒိုင္လူႀကီး႐ိုဆာရီယိုကို အျပင္းအထန္ကန႔္ကြက္ခဲ့ပါတယ္။

အဆင့္ ၁၉ ေနရာက ဂ်ီႏိုအာဟာ အမွတ္ခြဲယူႏိုင္ခဲ့လို႔ ေအာင္ပြဲခံေနခ်ိန္

တစ္ဖက္မွာေတာ့ ေမာ္ရင္ဟိုဟာ သူ႔ကစားသမားေတြရဲ႕ဒိုင္လူႀကီးအေပၚ

ေဒါသနဲ႔ VAR အေပၚ ေဝဖန္မႈကို မွ်ေဝခံစားပုံရပါတယ္။

ပြဲၿပီးေတာ့ ေမာ္ရင္ဟိုက”အဲဒီအေၾကာင္း ကြၽန္ေတာ္မေျပာခ်င္ပါဘူး။

ပြဲအေၾကာင္း ေျပာႏိုင္ေပမယ့္ ဂိုးနဲ႔ အနီကတ္ကိစၥေျပာလို႔မရပါဘူး။

အဲဒါကို ကြၽန္ေတာ္ေရွာင္ေျပာခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

သူေျပာမွာ မဟုတ္ဘူးလို႔ အခိုင္အမာဆိုခဲ့ေပမယ့္

ေမာ္ရင္ဟိုက ဆက္လက္ၿပီး”ဒိုင္လူႀကီးက ဆုံးျဖတ္ခ်က္မွန္တယ္ဆိုရင္

ႏွစ္ေပါင္းမ်ားစြာၾကာ လူေတြခ်စ္ခင္အားေပးၾကတဲ့

ကြၽန္ေတာ္တို႔ရဲ႕အားကစားဟာ ေျပာင္းလဲသြားပါၿပီ။

မတူညီေတာ့တဲ့အားကစားတစ္ခုပါ။

အဲဒါက foul ဆိုရင္ ေဘာလုံးဆိုတာ မရွိေတာ့ပါဘူး။

အဲဒီအတြက္ ကြၽန္ေတာ္တို႔တစ္ခုခုနာမည္ေပးရေတာ့မယ္။

ဒိုင္လူႀကီးက သူအမွားလုပ္ၿပီး ဂိုးကို ခြင့္မျပဳမိဘူးဆိုရင္

သူဟာ အဲဒီအတြက္ ဝမ္းနည္းေနမယ့္ပထမဆုံးသူျဖစ္မွာပါ။

ကြၽန္ေတာ္တို႔ကေတာ့ ဒီရာသီမွာ အဲဒါမ်ိဳးႀကိမ္ဖန္မ်ားစြာျဖစ္ေနက်ပါ။

႐ိုးမားဟာ ပါဝါရွိသူေတြရဲ႕မ်က္လုံးထဲမွာ

ေသးငယ္တာလည္း ျဖစ္ႏိုင္တာပါပဲ”လို႔ ဆိုခဲ့ပါတယ္။

႐ိုးမားဟာ တစ္ရာသီလုံးတစ္ပြဲသာ ႏိုင္ထားတဲ့အသင္းကို

ဒုတိယပိုင္းမွာ တစ္ေယာက္အသာနဲ႔ကစားခဲ့ရေပမယ့္ အႏိုင္မယူႏိုင္ခဲ့တာပါ။

အဲဒီပြဲမွာ ႐ုန္းကန္ေနရတဲ့ဂ်ီႏိုအာဟာ ႐ိုးမားရဲ႕

ဂိုးကန္သြင္းခ်က္ ၂၃ ႀကိမ္ကို ေတာင့္ခံႏိုင္ခဲ့ပါတယ္။