အတွေးအခေါ်တွေပြောင်းလဲပြစ်ဖို့ ပေါ့ဘာကို ကန်နာဗားရိုး သတိပေး

ပေါ့ဘာအနေနဲ့ အတွေးအခေါ်တွေ မပြောင်းလဲမချင်း ပြီးပြည့်စုံတဲ့ထိပ်တန်းကစားသမားဖြစ်ဖို့ ရုန်းကန်နေရဦးမှာ ဖြစ်တယ်လို့ ဂျူဗီနောက်ခံလူဟောင်း ကန်နာဗားရိုးက သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ပေါ့ဘာအနေနဲ့ ဘောလုံး ကစားတာထက်

သူ့ရဲ့ပုံသဏ္ဍန်တွေအပေါ် အလွန်အမင်းအာရိုက်စိုက်သွားမှာကိုလည်း စိုးရိမ်မိတယ်လို့ဆိုခဲ့ပါ တယ်။ ပေါ့ဘာဟာ ဒီနွေရာသီမှာ မန်ယူနဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီး ဂျူဗင်တပ်ကို ဒုတိယအကြိမ် ပြန်ရောက် လာခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ဒဏ်ရာကြောင့်

နားနေရတဲ့ ပေါ့ဘာဟာ ဂျူဗင်တပ်ကိုပြန်ရောက်ပြီး မကြာခင်မှာဘဲ သူ့ရဲ့လူနေမှုစတိုင်တွေကို အမျိုးမျိုးထုတ်ပြလာခဲ့တာပါ။ တစ်ချိန်က ပေါ့ဘာဟာ သူ့အတွက် နှစ်သက်စရာကောင်းတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် မန်ယူရောက်ပြီးနောက်မှာတော့ မမှတ်မိနိုင်လောက်အောင်

ပြောင်းလဲသွားခဲ့တယ်လို့လည်း ကန်နာဗားရိုးကဆိုခဲ့ပါတယ်။ ပေါ့ဘာရဲ့ ဆံပင်ပုံစံနဲ့ နေထိုင်မှုပုံစံတွေဟာ သူ့အတွက် မယုံနိုင်စရာဖြစ်ခဲ့တယ်လို့ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ပေါ့ဘာဟာ သူ့ရဲ့ဆံပင်ပုံစံကိုပြင်ဆင်ဖို့အတွက်

ပြင်သစ်အသင်းတည်းခိုတဲ့နေရာကနေ မိုင်ပေါင်း ၁၅၀၀ လောက် အကွာအဝေးမှာရှိတဲ့ နာမည်ကြီး A Star Barbers ဆံပင်ညှပ်ဆိုင်ကိုထွက်သွားခဲ့ဖူးတာပါ။ ဒါ့အပြင် မန်ယူမှာရှိစဉ် ကလည်း အသင်းအပေါ်အာရုံစိုက်မှုထက် ပြင်ပလူနေမှုဘဝအပေါ်မှာသာ

အာရုံစိုက်မှုများနေခဲ့တာကြောင့် ဝေဖန် မှုတွေခံထားရတာဖြစ်ပါတယ်။ ပေါ့ဘာဟာ နည်းပြမော်ရင်ဟိုလက်ထက်မှာ မန်ယူကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ကြေး ပေါင် ၈၉ သန်းနဲ့ရောက်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး

ယူရိုပါလိဂ် ချန်ပီယံဆုနဲ့ လိဂ်ဖလားတို့ကိုရယူနိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်း သူ့ရဲ့ပုံမှန်ခြေစွမ်းတွေပျောက်ပြီး ဒီနွေရာသီမှာ မန်ယူကနေ ပြန်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာဟာ ပထမအကြိမ်

ဂျူဗီကစားသမားဘဝမှာတော့ စီးရီးအေချန်ပီယံဆု ၄ကြိမ်ရယူနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦး အဖြစ်ထင်ပေါ်လာခဲ့ တာလည်းဖြစ်ပါတယ်။

(zawgyi)

ေပါ့ဘာအေနနဲ႔ အေတြးအေခၚေတြ မေျပာင္းလဲမခ်င္း ၿပီးျပည့္စုံတဲ့ထိပ္တန္းကစားသမားျဖစ္ဖို႔ ႐ုန္းကန္ေနရဦးမွာ ျဖစ္တယ္လို႔ ဂ်ဴဗီေနာက္ခံလူေဟာင္း ကန္နာဗား႐ိုးက သတိေပးလိုက္ပါတယ္။

ဒါ့အျပင္ ေပါ့ဘာအေနနဲ႔ ေဘာလုံး ကစားတာထက္ သူ႔ရဲ႕ပုံသ႑န္ေတြအေပၚ အလြန္အမင္းအာ႐ိုက္စိုက္သြားမွာကိုလည္း စိုးရိမ္မိတယ္လို႔ဆိုခဲ့ပါ တယ္။ ေပါ့ဘာဟာ ဒီေႏြရာသီမွာ မန္ယူနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီး

ဂ်ဴဗင္တပ္ကို ဒုတိယအႀကိမ္ ျပန္ေရာက္ လာခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိမွာ ဒဏ္ရာေၾကာင့္ နားေနရတဲ့ ေပါ့ဘာဟာ ဂ်ဴဗင္တပ္ကိုျပန္ေရာက္ၿပီး မၾကာခင္မွာဘဲ သူ႔ရဲ႕လူေနမႈစတိုင္ေတြကို အမ်ိဳးမ်ိဳးထုတ္ျပလာခဲ့တာပါ။

တစ္ခ်ိန္က ေပါ့ဘာဟာ သူ႔အတြက္ ႏွစ္သက္စရာေကာင္းတဲ့ ကစားသမားျဖစ္ခဲ့ေပမယ့္ မန္ယူေရာက္ၿပီးေနာက္မွာေတာ့ မမွတ္မိႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြားခဲ့တယ္လို႔လည္း ကန္နာဗား႐ိုးကဆိုခဲ့ပါတယ္။ ေပါ့ဘာရဲ႕ ဆံပင္ပုံစံနဲ႔ ေနထိုင္မႈပုံစံေတြဟာ

သူ႔အတြက္ မယုံႏိုင္စရာျဖစ္ခဲ့တယ္လို႔ဆိုထားပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္း ေပါ့ဘာဟာ သူ႔ရဲ႕ဆံပင္ပုံစံကိုျပင္ဆင္ဖို႔အတြက္ ျပင္သစ္အသင္းတည္းခိုတဲ့ေနရာကေန မိုင္ေပါင္း ၁၅၀၀ ေလာက္ အကြာအေဝးမွာရွိတဲ့

နာမည္ႀကီး A Star Barbers ဆံပင္ညႇပ္ဆိုင္ကိုထြက္သြားခဲ့ဖူးတာပါ။ ဒါ့အျပင္ မန္ယူမွာရွိစဥ္ ကလည္း အသင္းအေပၚအာ႐ုံစိုက္မႈထက္ ျပင္ပလူေနမႈဘဝအေပၚမွာသာ အာ႐ုံစိုက္မႈမ်ားေနခဲ့တာေၾကာင့္ ေဝဖန္ မႈေတြခံထားရတာျဖစ္ပါတယ္။

ေပါ့ဘာဟာ နည္းျပေမာ္ရင္ဟိုလက္ထက္မွာ မန္ယူကို ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ ေၾကး ေပါင္ ၈၉ သန္းနဲ႔ေရာက္လာခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ပထမဆုံးရာသီမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ယူ႐ိုပါလိဂ္ ခ်န္ပီယံဆုနဲ႔ လိဂ္ဖလားတို႔ကိုရယူႏိုင္ခဲ့တာပါ။

အဲဒီေနာက္ပိုင္း သူ႔ရဲ႕ပုံမွန္ေျခစြမ္းေတြေပ်ာက္ၿပီး ဒီေႏြရာသီမွာ မန္ယူကေန ျပန္ထြက္သြားခဲ့တာျဖစ္ပါတယ္။ ေပါ့ဘာဟာ ပထမအႀကိမ္ ဂ်ဴဗီကစားသမားဘဝမွာေတာ့ စီးရီးေအခ်န္ပီယံဆု ၄ႀကိမ္ရယူႏိုင္ခဲ့ၿပီး ကမာၻ႔အေကာင္းဆုံး ကြင္းလယ္ကစားသမားတစ္ဦး အျဖစ္ထင္ေပၚလာခဲ့ တာလည္းျဖစ္ပါတယ္။