အတွင်းရေး ဖွခဲ့တဲ့ လင်ဂတ်နဲ့ပတ်သက်လို့ ရန်းနစ် ပြန်လည်တုံ့ပြန်

ယူနိုက်တက်အသင်းယာယီနည်းပြ ရန်းနစ်က အသင်းရဲ့အဝတ်လဲခန်း

အခြေအနေက ကပ်ဘေးတစ်ခုလိုပဲလို့ ပြောခဲ့တဲ့ ကွင်းလယ်လူ လင်ဂတ်ရဲ့
မှတ်ချက်နဲ့ပတ်သက်လို့ ပြန်လည်တုံ့ပြန်ခဲ့ရာမှာ ဒါမျိုးက
ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း အခိုင်အမာပြောပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ကြားရက်အတွင်း လီဗာပူးကို
၄ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီးနောက် စနေနေ့ကလည်း

အာဆင်နယ်ကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီး
အဲဒီမှာ ပိုဆိုးတာက ၂-၁ ဂိုးနဲ့ နောက်ကနေ လိုက်ကစားချိန်
ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီကန်သွင်းချက် မဝင်တာပဲဖြစ်ပါတယ်။
အဲဒီပွဲမှာ လူစားဝင်အဖြစ် ပါဝင်ကစားခွင့်ရခဲ့တဲ့ လင်ဂတ်က
ယူနိုက်တက်အသင်းရဲ့အဝတ်လဲခန်းအနေအထားက

ကပ်ဘေးသင့်နေသလိုပဲ မိမိကို ပြောခဲ့တယ်ဆိုပြီး
ယူနိုက်တက်ဂန္ထဝင် ပေါလ်စခိုးလ်က အာဆင်နယ်-ယူနိုက်တက်ပွဲကို
သုံးသပ်ဆွေးနွေးနေတုန်း ဖွလိုက်တာပါ။
”လင်ဂတ်နဲ့ ပြောဖြစ်ခဲ့ပါတယ်။ သူ ဒီလိုပြောလို့လည်း
သိပ်ပြီးတွေဝေနေတာမျိုးမရှိပါဘူး။

ယူနိုက်တက်အသင်းရဲ့အဝတ်လဲခန်းက
ကပ်ဘေးသင့်နေသလိုပဲလို့ ကျွန်တော့်ကို ပြောခဲ့တာပါ”ဆိုပြီး
ပေါလ်စခိုးလ်က ပြောခဲ့တာပါ။
အဲဒီမှတ်ချက်နဲ့ပတ်သက်လို့ ရန်းနစ်က
”ကျွန်တော်ကတော့ ဘာမှမသိပါဘူး။ ခင်ဗျားတို့

လင်ဂတ်ကိုပဲ သွားမေးသင့်ပါတယ်၊ သူ ဒီလိုပြောခဲ့လားဆိုတာကိုပေါ့။
ဥပမာဗျာ အာဆင်နယ်နဲ့ပွဲကလို အနေအထားမျိုးဖြစ်နေရင်
အသင်းရဲ့အဝတ်လဲခန်းက အရမ်းကိုစိတ်ပျက်မှုတွေနဲ့အတူ
ခြောက်ကပ်နေမှာ သေချာတာပေါ့။
ဒါက ဘာများ ထူးဆန်းနေလို့လဲ။

အားလုံးက နောက်ပွဲအတွက် အားကုန်ပြန်ကစားဖို့
Energy တွေ ပြန်စုနေတာလည်းဖြစ်ပါတယ်”လို့ ပြောပါတယ်။
ရန်းနစ်က နောက်ထပ်ဂိုးပြတ်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရလို့
စိတ်ပျက်မိတာ မှန်ပေမယ့် အာဆင်နယ်နဲ့ပွဲမှာ
အသင်းရဲ့ကစားပုံက လီဗာပူးနဲ့ပွဲကထက် ပိုကောင်းတယ်လို့ ပြောပါတယ်။

”ကျွန်တော်တို့အသင်း အာဆင်နယ်နဲ့ပွဲမှာ ကစားသွားတာ
အန်ဖီးလ်မှာ ကစားသွားတာထက် ပိုကောင်းပါတယ်။
ကျွန်တော်တို့အသင်းအနေနဲ့ အာဆင်နယ်နဲ့ပွဲမှာ
ဂိုးတွေ ဒီထက်ပိုရခဲ့သင့်ပါတယ်။ အသင်းက
တာထွက်နှေးမှုကနေ အကောာင်းဆုံးပြန်ရုန်းနိုင်ခဲ့ပြီး

အခွင့်အရေးအများအပြား ဖန်တီးနိုင်ခဲ့ပါတယ်”လို့
ရန်းနစ်က ဆက်ပြောပါတယ်။

Zawgyi

အတြင္းေရး ဖြခဲ့တဲ့ လင္ဂတ္နဲ႔ပတ္သက္လုိ႔ ရန္းနစ္ ျပန္လည္တုံ႔ျပန္
ယူႏုိက္တက္အသင္းယာယီနည္းျပ ရန္းနစ္က အသင္းရဲ႕အ၀တ္လဲခန္း
အေျခအေနက ကပ္ေဘးတစ္ခုလိုပဲလုိ႔ ေျပာခဲ့တဲ့ ကြင္းလယ္လူ လင္ဂတ္ရဲ႕
မွတ္ခ်က္နဲ႔ပတ္သက္လုိ႔ ျပန္လည္တုံ႔ျပန္ခဲ့ရာမွာ ဒါမ်ိဳးက
ပုံမွန္ျဖစ္ရိုးျဖစ္စဥ္တစ္ခုသာျဖစ္ေၾကာင္း အခုိင္အမာေျပာပါတယ္။

ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ၾကားရက္အတြင္း လီဗာပူးကို
၄ဂိုးျပတ္အေရးနိမ့္ခဲ့ရၿပီးေနာက္ စေနေန႔ကလည္း
အာဆင္နယ္ကို ၃-၁ ဂုိးနဲ႔အေရးနိမ့္ခဲ့ရၿပီး
အဲဒီမွာ ပိုဆုိးတာက ၂-၁ ဂိုးနဲ႔ ေနာက္ကေန လုိက္ကစားခ်ိန္
ကြင္းလယ္လူ ဖာနန္ဒက္စ္ရဲ႕ ပင္နယ္တီကန္သြင္းခ်က္ မ၀င္တာပဲျဖစ္ပါတယ္။

အဲဒီပြဲမွာ လူစား၀င္အျဖစ္ ပါ၀င္ကစားခြင့္ရခဲ့တဲ့ လင္ဂတ္က
ယူႏုိက္တက္အသင္းရဲ႕အ၀တ္လဲခန္းအေနအထားက
ကပ္ေဘးသင့္ေနသလုိပဲ မိမိကို ေျပာခဲ့တယ္ဆုိၿပီး
ယူႏုိက္တက္ဂႏၳ၀င္ ေပါလ္စခိုးလ္က အာဆင္နယ္-ယူႏုိက္တက္ပြဲကို
သုံးသပ္ေဆြးေႏြးေနတုန္း ဖြလုိက္တာပါ။

”လင္ဂတ္နဲ႔ ေျပာျဖစ္ခဲ့ပါတယ္။ သူ ဒီလုိေျပာလုိ႔လည္း
သိပ္ၿပီးေတြေ၀ေနတာမ်ိဳးမရွိပါဘူး။
ယူႏုိက္တက္အသင္းရဲ႕အ၀တ္လဲခန္းက
ကပ္ေဘးသင့္ေနသလုိပဲလုိ႔ ကၽြန္ေတာ့္ကို ေျပာခဲ့တာပါ”ဆိုၿပီး
ေပါလ္စခုိးလ္က ေျပာခဲ့တာပါ။

အဲဒီမွတ္ခ်က္နဲ႔ပတ္သက္လုိ႔ ရန္းနစ္က
”ကၽြန္ေတာ္ကေတာ့ ဘာမွမသိပါဘူး။ ခင္ဗ်ားတုိ႔
လင္ဂတ္ကိုပဲ သြားေမးသင့္ပါတယ္၊ သူ ဒီလုိေျပာခဲ့လားဆိုတာကိုေပါ့။
ဥပမာဗ်ာ အာဆင္နယ္နဲ႔ပြဲကလို အေနအထားမ်ိဳးျဖစ္ေနရင္
အသင္းရဲ႕အ၀တ္လဲခန္းက အရမ္းကိုစိတ္ပ်က္မႈေတြနဲ႔အတူ

ေျခာက္ကပ္ေနမွာ ေသခ်ာတာေပါ့။
ဒါက ဘာမ်ား ထူးဆန္းေနလို႔လဲ။
အားလုံးက ေနာက္ပြဲအတြက္ အားကုန္ျပန္ကစားဖို႔
Energy ေတြ ျပန္စုေနတာလည္းျဖစ္ပါတယ္”လုိ႔ ေျပာပါတယ္။
ရန္းနစ္က ေနာက္ထပ္ဂိုးျပတ္ရံႈးပြဲနဲ႔ရင္ဆုိင္ခဲ့ရလုိ႔

စိတ္ပ်က္မိတာ မွန္ေပမယ့္ အာဆင္နယ္နဲ႔ပြဲမွာ
အသင္းရဲ႕ကစားပုံက လီဗာပူးနဲ႔ပြဲကထက္ ပိုေကာင္းတယ္လုိ႔ ေျပာပါတယ္။
”ကၽြန္ေတာ္တုိ႔အသင္း အာဆင္နယ္နဲ႔ပြဲမွာ ကစားသြားတာ
အန္ဖီးလ္မွာ ကစားသြားတာထက္ ပိုေကာင္းပါတယ္။
ကၽြန္ေတာ္တုိ႔အသင္းအေနနဲ႔ အာဆင္နယ္နဲ႔ပြဲမွာ

ဂိုးေတြ ဒီထက္ပိုရခဲ့သင့္ပါတယ္။ အသင္းက
တာထြက္ေႏွးမႈကေန အေကာာင္းဆုံးျပန္ရုန္းႏိုင္ခဲ့ၿပီး
အခြင့္အေရးအမ်ားအျပား ဖန္တီးႏိုင္ခဲ့ပါတယ္”လုိ႔
ရန္းနစ္က ဆက္ေျပာပါတယ္။