
အတ္တလန္တာကို ၂ဂိုးပြတ်ရှုံးနေရာကနေ ၃ဂိုးပြန်သွင်းပြီး မန်ယူ နိုင်ခဲ့တဲ့ပွဲမှာ
အနိုင်ဂိုးရှင် ခရစ္စတီယာနိုရော်နယ်ဒိုကို အဓိက ချီးကျူးနေချိန်
အတ္တလန္တာနည်းပြ ဂက်စ်ပါရီနီကတော့ သူတို့အသင်း သေချာပေါက် ဂိုးရနိုင်မယ့်
အခွင့်အရေးကို ထပ်ဆင့်ကာကွယ်သွားတဲ့ ယူနိုက်တက် ဂိုးသမား
ဒေးဗစ်ဒီဂီယာကို ချီးကျူးသွားပါတယ်။ ဒီဂီယာဟာ ပထမပိုင်းမှာကတည်းက
အတ္တလန္တာအသင်း ဂိုးထပ်ရနိုင်မယ့် အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့ပါသေးတယ်။
အတ္တလန္တာက၂-၁ဂိုးနဲ့ ဦးဆောင်နေချိန်မှာ ဧည့်သည်အသင်း ဂိုးထပ်ရနိုင်မယ့်
အခြေအနေကို ဒီဂီယာက ကာကွယ်သွားတာဖြစ်ပြီး တကယ်လို့ ၃-၁ဂိုးသာဖြစ်ခဲ့ရင်
ယူနိုက်တက် ပြန်လာဖို့ မလွယ်ဘူးလို့လည်း ဂက်စ်ပါရီနီ ယုံကြည်နေပါတယ်။
ဒီဂီယာဟာ အတ္တလန္တာတိုက်စစ်မှူး ဒူဗန်ဇာပါတာရဲ့ ဘယ်ခြေကန်ချက်ကို
ခြေထောက်နဲ့ ကာကွယ်ဟန့်တားခဲ့ပြီး နောက် ဂိုးဧရိယာအစပ်ကနေ
မီလင်နော့ဗ်စကီးရဲ့ ကန်ချက်ကိုပါ အမိဖမ်းသွားခဲ့ပါတယ်။
ပွဲအပြီးမှာ အတ္တလန္တာနည်းပြ ဂက်စ်ပါရီနီက “ကျွန်တော်တို့အသင်းဟာ
ဒီထက်ပိုပြီး လုပ်နိုင်၊ မနိုင်ကိုတော့ မသိဘူး။ သေချာတာကတော့
(အိုးလ်ထရက်ဖို့ဒ်ကွင်း) ဒီလို ပတ်ဝန်းကျင်အနေအထားမှာ မီးစလေးကနေ
မီးတောက်ကြီးတစ်ခုကို ဖြစ်သွားနိုင်ပါတယ်။
ချေပဂိုးတစ်ဂိုးစပေးလိုက်ရတာနဲ့ ဘယ်လိုဖြစ်သွားလဲဆိုတာကိုကြည့်ပေါ့။
ကျွန်တော်တို့ဟာ ၃-၁ဂိုးနဲ့ ဦးဆောင်ခွင့်ရဖို့ တော်တော်လေးကို နီးစပ်ခဲ့တာပါ။
ဂိုးသမားက အံ့အားသင့်ရလောက်အောင် ထပ်ဆင့် ကာကွယ်သွားခဲ့ပါတယ်။
ဒီလိုကာကွယ်ခဲ့ပြီး သိပ်မကြာခင်မှာတော့ ၂-၂ဂိုးသရေဖြစ်သွားပါတယ်”လို့ပြောပါတယ်။
ဆက်လက်ပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ဟာ
နောက်ကျဂိုးတွေနဲ့ ပြန်လာတတ်တာကို သူ သတိထားမိခဲ့ပေမယ့်
မဟန့်တားနိုင်ခဲ့ဘူးလို့လည်း ဂက်စ်ပါရီနီက ဝန်ခံသွားပါတယ်။
အတ္တလန္တာဟာ နိုဝင်ဘာလ ၃ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်ကို
သူတို့အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲအတွက်တော့ ယုံကြည်မှုအပြည့်ရှိနေပါတယ်။
zawgyi
အတၱလႏၲာအသင္းကန္ခ်က္ ၂ႀကိမ္ကို ထပ္ဆင့္ကာကြယ္သြားတဲ့ ဒီဂီယာကို ဂက္စ္ပါရီနီ ခ်ီးက်ဴး
အတၱလႏၲာကို ၂ဂိုးျပတ္ရႈံးေနရာကေန ၃ဂိုးျပန္သြင္းၿပီး မန္ယူ ႏိုင္ခဲ့တဲ့ပြဲမွာ
အႏိုင္ဂိုးရွင္ ခရစၥတီယာႏိုေရာ္နယ္ဒိုကို အဓိက ခ်ီးက်ဴးေနခ်ိန္
အတၱလႏၲာနည္းျပ ဂက္စ္ပါရီနီကေတာ့ သူတို႔အသင္း ေသခ်ာေပါက္ ဂိုးရႏိုင္မယ့္
အခြင့္အေရးကို ထပ္ဆင့္ကာကြယ္သြားတဲ့ ယူႏိုက္တက္ ဂိုးသမား
ေဒးဗစ္ဒီဂီယာကို ခ်ီးက်ဴးသြားပါတယ္။ ဒီဂီယာဟာ ပထမပိုင္းမွာကတည္းက
အတၱလႏၲာအသင္း ဂိုးထပ္ရႏိုင္မယ့္ အခြင့္အေရးေတြကို ကာကြယ္ႏိုင္ခဲ့ပါေသးတယ္။
အတၱလႏၲာက၂-၁ဂိုးနဲ႔ ဦးေဆာင္ေနခ်ိန္မွာ ဧည့္သည္အသင္း ဂိုးထပ္ရႏိုင္မယ့္
အေျခအေနကို ဒီဂီယာက ကာကြယ္သြားတာျဖစ္ၿပီး တကယ္လို႔ ၃-၁ဂိုးသာျဖစ္ခဲ့ရင္
ယူႏိုက္တက္ ျပန္လာဖို႔ မလြယ္ဘူးလို႔လည္း ဂက္စ္ပါရီနီ ယုံၾကည္ေနပါတယ္။
ဒီဂီယာဟာ အတၱလႏၲာတိုက္စစ္မႉး ဒူဗန္ဇာပါတာရဲ႕ ဘယ္ေျခကန္ခ်က္ကို
ေျခေထာက္နဲ႔ ကာကြယ္ဟန႔္တားခဲ့ၿပီး ေနာက္ ဂိုးဧရိယာအစပ္ကေန
မီလင္ေနာ့ဗ္စကီးရဲ႕ ကန္ခ်က္ကိုပါ အမိဖမ္းသြားခဲ့ပါတယ္။
ပြဲအၿပီးမွာ အတၱလႏၲာနည္းျပ ဂက္စ္ပါရီနီက “ကြၽန္ေတာ္တို႔အသင္းဟာ
ဒီထက္ပိုၿပီး လုပ္ႏိုင္၊ မႏိုင္ကိုေတာ့ မသိဘူး။ ေသခ်ာတာကေတာ့
(အိုးလ္ထရက္ဖို႔ဒ္ကြင္း) ဒီလို ပတ္ဝန္းက်င္အေနအထားမွာ မီးစေလးကေန
မီးေတာက္ႀကီးတစ္ခုကို ျဖစ္သြားႏိုင္ပါတယ္။
ေခ်ပဂိုးတစ္ဂိုးစေပးလိုက္ရတာနဲ႔ ဘယ္လိုျဖစ္သြားလဲဆိုတာကိုၾကည့္ေပါ့။
ကြၽန္ေတာ္တို႔ဟာ ၃-၁ဂိုးနဲ႔ ဦးေဆာင္ခြင့္ရဖို႔ ေတာ္ေတာ္ေလးကို နီးစပ္ခဲ့တာပါ။
ဂိုးသမားက အံ့အားသင့္ရေလာက္ေအာင္ ထပ္ဆင့္ ကာကြယ္သြားခဲ့ပါတယ္။
ဒီလိုကာကြယ္ခဲ့ၿပီး သိပ္မၾကာခင္မွာေတာ့ ၂-၂ဂိုးသေရျဖစ္သြားပါတယ္”လို႔ေျပာပါတယ္။
ဆက္လက္ၿပီး အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ မန္ခ်က္စတာယူႏိုက္တက္ဟာ
ေနာက္က်ဂိုးေတြနဲ႔ ျပန္လာတတ္တာကို သူ သတိထားမိခဲ့ေပမယ့္
မဟန႔္တားႏိုင္ခဲ့ဘူးလို႔လည္း ဂက္စ္ပါရီနီက ဝန္ခံသြားပါတယ္။
အတၱလႏၲာဟာ ႏိုဝင္ဘာလ ၃ရက္ေန႔မွာ မန္ခ်က္စတာယူႏိုက္တက္ကို
သူတို႔အိမ္ကြင္းမွာ ဧည့္ခံကစားရမွာျဖစ္ၿပီး အဲဒီပြဲအတြက္ေတာ့ ယုံၾကည္မႈအျပည့္ရွိေနပါတယ္။