အတိုက်အခံပရိသတ်တွေကိုတွန်းလှန်ဖို့အတွက် “၃၆၀ လှည့်ဖြားမှု” ကို ထုတ်သုံးခဲ့တဲ့ အန်တိုနီ

မန်ယူတောင်ပံကစားသမားအန်တိုနီဟာ ချဲလ်ဆီးနဲ့ပွဲမှာပြိုင်ဘက်ပရိသတ်ကို မခံချိမခံသာဖြစ်စေဖို့အတွက် သူ့ရဲ့အမှတ်အသားဖြစ်တဲ့ “၃၆၀ လှည့်ဖြားမှု” ကိုထုတ်သုံးသွားခဲ့ပါတယ်။

ပေါင် ၈၅ သန်းတန်တိုက်စစ်မှူးဟာ မန်ယူကစားသမားဘ၀မှာ တက်ရိပ်ပြနေသူဖြစ်ပြီး ကစားခွင့်ရတဲ့ပွဲတွေမှာ သူ့ရဲ့အမှတ်အသားဖြစ်တဲ့ဘယ်ခြေကန် ချက်နဲ့အကောင်းဆုံးဖျော်ဖြေပေးထားနိုင်သူပါ။

အာဆင်နယ်၊ မန်စီးတီး၊ အဲဗာတန် တို့ကို ဂိုးသွင်းခဲ့ပြီးနောက် မန်ယူအသင်းသမိုင်းတလျှောက်မှာစတင်ကစားခွင့်ရတဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ပွဲမှာ ကက်စ်မီရိုပေးလိုက်တဲ့ဘောလုံးကို အန်တိုနီက “၃၆၀ လှည့်ဖျားခြင်း” အကွက်ထုတ်သုံးခဲ့ပေမဲ့ ပြိုင်ဘက်ကစားသမားဘန်ချီဝဲလ်က ကိုက်အနည်းငယ်အကွာမှာရပ်နေခဲ့လို့ ဟန်ပြအဖြစ်သာရှိခဲ့တာပါ။

ချဲလ်ဆီးပရိသတ် တွေရှေ့မှာ အန်တိုနီရဲ့ “၃၆၀ လှည့်ဖျားခြင်း” အပြည့်အ၀မအောင်မြင်ခဲ့ပေမဲ့ ဘရာ ဇီးကစားသမားဟာ “ဂျိုဂါဘိုနီတို” ရဲ့ဖက်ရှင်ကျတဲ့ဖျော်ဖြေမှုကို စတမ်းဖို့ဒ်ဘရစ်ချ် မှာ ပရိသတ်တွေမြင်သာအောင် လက်ဆင့်ကမ်းသယ်ဆောင်ပြခဲ့ပါတယ်။

(Zawgyi)

အတိုက္အခံပရိသတ္ေတြကိုတြန္းလွန္ဖို႔အတြက္ “၃၆၀ လွည့္ျဖားမႈ” ကို ထုတ္သုံးခဲ့တဲ့ အန္တိုနီ

မန္ယူေတာင္ပံကစားသမားအန္တိုနီဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာၿပိဳင္ဘက္ပရိသတ္ကိုမခံခ်ိမခံသာျဖစ္ေစဖို႔အတြက္ သူ႔ရဲ႕အမွတ္အသားျဖစ္တဲ့ “၃၆၀ လွည့္ျဖားမႈ” ကိုထုတ္သုံးသြားခဲ့ပါတယ္။

ေပါင္ ၈၅ သန္းတန္တိုက္စစ္မႉးဟာ မန္ယူကစားသမားဘ၀မွာ တက္ရိပ္ျပေနသူျဖစ္ၿပီး ကစားခြင့္ရတဲ့ပြဲေတြမွာ သူ႔ရဲ႕အမွတ္အသားျဖစ္တဲ့ဘယ္ေျခကန္ ခ်က္နဲ႔အေကာင္းဆုံးေဖ်ာ္ေျဖေပးထားႏိုင္သူပါ။

အာဆင္နယ္၊ မန္စီးတီး၊ အဲဗာတန္ တို႔ကို ဂိုးသြင္းခဲ့ၿပီးေနာက္ မန္ယူအသင္းသမိုင္းတေလွ်ာက္မွာစတင္ကစားခြင့္ရတဲ့ ပရီးမီးယားလိဂ္ ၃ပြဲဆက္ဂိုးသြင္းႏိုင္တဲ့ ပထမဆုံးကစားသမားအျဖစ္မွတ္တမ္းဝင္ ခဲ့ပါတယ္။

ခ်ဲလ္ဆီးနဲ႔ပြဲမွာ ကက္စ္မီ႐ိုေပးလိုက္တဲ့ေဘာလုံးကို အန္တိုနီက “၃၆၀ လွည့္ဖ်ားျခင္း” အကြက္ထုတ္သုံးခဲ့ေပမဲ့ ၿပိဳင္ဘက္ကစားသမားဘန္ခ်ီဝဲလ္က ကိုက္အနည္းငယ္အကြာမွာရပ္ေနခဲ့လို႔ ဟန္ျပအျဖစ္သာရွိခဲ့တာပါ။

ခ်ဲလ္ဆီးပရိသတ္ ေတြေရွ႕မွာ အန္တိုနီရဲ႕ “၃၆၀ လွည့္ဖ်ားျခင္း” အျပည့္အ၀မေအာင္ျမင္ခဲ့ေပမဲ့ ဘရာ ဇီးကစားသမားဟာ “ဂ်ိဳဂါဘိုနီတို” ရဲ႕ဖက္ရွင္က်တဲ့ေဖ်ာ္ေျဖမႈကို စတမ္းဖို႔ဒ္ဘရစ္ခ်္ မွာ ပရိသတ္ေတြျမင္သာေအာင္ လက္ဆင့္ကမ္းသယ္ေဆာင္ျပခဲ့ပါတယ္။