အတိတ်မှာ သာယာမနေတတ်တဲ့ တန်ဟတ်ကို ယူနိုက်တက်ပရိသတ်တွေ ဒဲ့ကြွေတယ်

ဝက်စ်ဟမ်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မတိုင်ခင်မှာ ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် မန်ယူပရိသတ်တွေဟာ နည်းပြအဲရစ်တန်ဟတ်အပေါ်မှာ

အသည်းတွေ အစုလိုက် အပြုံလိုက်ကို ပေးနေကြပြီ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ အိုးလ်ထရက်ဖို့ဒ်ကွင်းထဲကို ဝင်လာခဲ့တဲ့ တန်ဟတ်အပေါ်

စကိုင်းစပေါ့ရဲ့ ပွဲ အစီအစဉ်တင်ဆက်သူက ဧည့်ဝတ်ပြု ကြိုဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ ရှရစ်ဖ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အကြောင်းကို

ဖောက်သည် ချပါတော့တယ်။ အဲဒီလိုမျိုး ကောင်းကွက်တွေချည်းရွေးပြီး ချီးမွမ်းနေပေမဲ့ တန်ဟတ်ကြီးကတော့ သူဟာ အဲဒီပွဲအကြောင်းကို မေ့သွားပြီဖြစ်ပြီး

လက်ရှိ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကိုသာ အာရုံစိုက်ထားခဲ့တယ်လို့ ခပ်ပြတ်ပြတ်ပဲ ပြောခဲ့တာပါ။ ‘’တလောလေးကပဲ အဲဒါက ပြီးသွားပြီလေ။

အဲဒါက တကယ့် ကို ကောင်းမွန်တဲ့ ရမှတ် ၃ မှတ်ပါပဲ။ အဲ—-။ အခု ပွဲအသစ်၊ နေ့အသစ်နဲ့ ပွဲစဉ်အသစ်ပေါ့’’ လို့ တန်ဟတ်က ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီ ပွဲစဉ်မှာတော့ မန်ယူဟာ ဝက်စ်ဟမ်းကို အနိုင်ရပြီး ၃ မှတ်အပြည့် ရယူနိုင်ခဲ့သလို တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာဆိုရင်လည်း သူ့ရဲ့ မန်ယူကစားသမားဘ၀

ရာပြည့်သွင်းဂိုးကို ရရှိခဲ့ပါတယ်။ နောက်ပြီး ပွဲကို အပြည့်အ၀ အာရုံစိုက်နိုင်ခဲ့ တဲ့ ဂိုးသမား ဒီဂီယာဟာဆိုရင်လည်း အံ့အားသင့်စရာကောင်းလွန်းတဲ့

ကာကွယ်မှုတွေကို ပြုလုပ်နိုင်ခဲ့ပြီး စူပါမန်းလို့တောင် ချီးမွမ်းခံခဲ့ရပါတယ်။ ဒါ ကြောင့် ပွဲတစ်ပွဲအပေါ် ချဉ်းကပ်တဲ့အခါ အတိတ်မှာ သာယာမနေတတ်တဲ့

နည်းပြ တန်ဟတ်ရဲ့ အကျင့်ကို မန်ယူပရိသတ်တွေ ဒဲ့ကြွေနေပြီဖြစ်ပြီး ဒီ အချက်ဟာ မန်ယူအသင်းရဲ့ အောင်မြင်မှုအတွက် အမှန်တကယ်ကို လိုအပ်နေတဲ့

အချက်တစ်ခုဖြစ်တယ်လို့ ပရိသတ်တစ်ယောက်က ပြောပါတယ်။ ‘’`ဟုတ်တာပေါ့။ အောင်မြင်ဖို့အတွက် မန်ယူမှာ ရှေ့ကိုပဲဆက်ပြီး အာရုံစိုက်ထားရမယ်ဆိုတဲ့

အချက်ဟာ တကယ်ကို လိုအပ်နေတာမျိုး’’ လို့ ပရိသတ် တစ်ယောက်က ရေးသားခဲ့ပါတယ်။ ဒုတိယ တစ်ယောက်ကတော့ ‘’သူက ပြီးခဲ့ တာတွေကို

လုံးဝဂရုမစိုက်ဘူးနော်။ နောက်ထပ် စိန်ခေါ်မှုတစ်ခုကိုပဲ အမြဲတမ်း အာရုံစိုက်တာ။ ဒီဘဲကို ကြွေကြစမ်းပါ’’ လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

(Zawgyi)

အတိတ္မွာ သာယာမေနတတ္တဲ့ တန္ဟတ္ကို ယူႏိုက္တက္ပရိသတ္ေတြ ဒဲ့ေႂကြတယ္

ဝက္စ္ဟမ္းကို ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ မတိုင္ခင္မွာ ေျပာခဲ့တဲ့ စကားတစ္ ခြန္းေၾကာင့္ မန္ယူပရိသတ္ေတြဟာ နည္းျပအဲရစ္တန္ဟတ္အေပၚမွာ

အသည္းေတြ အစုလိုက္ အၿပဳံလိုက္ကို ေပးေနၾကၿပီ ျဖစ္ပါတယ္။ အဲဒီပြဲစဥ္မွာ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲကို ဝင္လာခဲ့တဲ့ တန္ဟတ္အေပၚ စကိုင္းစေပါ့ရဲ႕ ပြဲ

အစီအစဥ္တင္ဆက္သူက ဧည့္ဝတ္ျပဳ ႀကိဳဆိုခဲ့ပါတယ္။ အဲဒီေနာက္မွာ ရွရစ္ဖ္ကို ၃-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္အေၾကာင္းကို ေဖာက္သည္ ခ်ပါေတာ့တယ္။

အဲဒီလိုမ်ိဳး ေကာင္းကြက္ေတြခ်ည္းေ႐ြးၿပီး ခ်ီးမြမ္းေနေပမဲ့ တန္ဟတ္ႀကီးကေတာ့ သူဟာ အဲဒီပြဲအေၾကာင္းကို ေမ့သြားၿပီျဖစ္ၿပီး လက္ရွိ

ကစားမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္ကိုသာ အာ႐ုံစိုက္ထားခဲ့တယ္လို႔ ခပ္ ျပတ္ျပတ္ ပဲ ေျပာခဲ့တာပါ။ ‘’တေလာေလးကပဲ အဲဒါက ၿပီးသြားၿပီေလ။

အဲဒါက တကယ့္ ကို ေကာင္းမြန္တဲ့ ရမွတ္ ၃ မွတ္ပါပဲ။ အဲ—-။ အခု ပြဲအသစ္၊ ေန႔အသစ္နဲ႔ ပြဲစဥ္အသစ္ေပါ့’’ လို႔ တန္ဟတ္က ျပန္လည္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အဲဒီ ပြဲစဥ္မွာေတာ့ မန္ယူဟာ ဝက္စ္ဟမ္းကို အႏိုင္ရၿပီး ၃ မွတ္အျပည့္ ရယူႏိုင္ခဲ့ သလို တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ဟာဆိုရင္လည္း သူ႔ရဲ႕ မန္ယူကစားသမားဘ၀ ရာျပည့္သြင္းဂိုးကို ရရွိခဲ့ပါတယ္။

ေနာက္ၿပီး ပြဲကို အျပည့္အ၀ အာ႐ုံစိုက္ႏိုင္ခဲ့ တဲ့ ဂိုးသမား ဒီဂီယာဟာဆိုရင္လည္း အံ့အားသင့္စရာေကာင္းလြန္းတဲ့ ကာ ကြယ္မႈေတြကို ျပဳလုပ္ႏိုင္ခဲ့ၿပီး

စူပါမန္းလို႔ေတာင္ ခ်ီးမြမ္းခံခဲ့ရပါတယ္။ ဒါ ေၾကာင့္ ပြဲတစ္ပြဲအေပၚ ခ်ဥ္းကပ္တဲ့အခါ အတိတ္မွာ သာယာမေနတတ္တဲ့ နည္းျပ တန္ဟတ္ရဲ႕ အက်င့္ကို မန္ယူပရိသတ္ေတြ ဒဲ့ေႂကြေနၿပီျဖစ္ၿပီး

ဒီ အခ်က္ဟာ မန္ယူအသင္းရဲ႕ ေအာင္ျမင္မႈအတြက္ အမွန္တကယ္ကို လိုအပ္ေနတဲ့ အခ်က္တစ္ခုျဖစ္တယ္လို႔ ပရိသတ္တစ္ေယာက္က ေျပာပါတယ္။ ‘’`ဟုတ္တာေပါ့။

ေအာင္ျမင္ဖို႔အတြက္ မန္ယူမွာ ေရွ႕ကိုပဲဆက္ၿပီး အာ႐ုံစိုက္ထားရ မယ္ဆိုတဲ့ အခ်က္ဟာ တကယ္ကို လိုအပ္ေနတာမ်ိဳး’’ လို႔ ပရိသတ္ တစ္ေယာက္က ေရးသားခဲ့ပါတယ္။

ဒုတိယ တစ္ေယာက္ကေတာ့ ‘’သူက ၿပီးခဲ့ တာေတြကို လုံးဝဂ႐ုမစိုက္ဘူးေနာ္။ ေနာက္ထပ္ စိန္ေခၚမႈတစ္ခုကိုပဲ အၿမဲတမ္း အာ႐ုံစိုက္တာ။

ဒီဘဲကို ေႂကြၾကစမ္းပါ’’ လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။