အတန်တန်တားနေတဲ့ကြားကထွက်သွားခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်အတွက် ငိုယိုမနေတော့ဘူးလို့ ဥက္ကဌ ရူအီကော်စတာ လှောင်ပြောင်

ဘင်ဖီကာဥက္ကဌရူအီကော်စတာက အပြောင်းအရွှေ့နောက်ဆုံးရက်မှာ

ချဲလ်ဆီးကိုထွက်ခွာခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ကိုလှောင်ပြောင်တဲ့ပုံစံတစ်ရပ်နဲ့

ငိုနေမှာမဟုတ်ဘူးလို့ပြောဆိုလိုက်ပါတယ်။ သူ့အနေနဲ့ အန်ဇိုကို

ရာသီကုန်အထိဆက်နေဖို့အပြင်းအထန်စည်းရုံးခဲ့ပေမဲ့ အာဂျင်တီးနား

ကြယ်ပွင့်ကတော့ ခါးသီးစွာအဆုံးသတ်မယ့်လမ်းကို ရွေးချယ်ခဲ့တာဖြစ်တယ်။

“အန်ဇိုဖာနန်ဒက်ဇ်က ဘင်ဖီကာမှာဆက်နေဖို့ဆန္ဒမရှိခဲ့ပါဘူး။

သူက ငါတို့ကိုအခွင့်အရေးမပေးဘူး။ ကျွန်တော် အကောင်းဆုံး

ကြိုးစားခဲ့တယ်၊ စိတ်မကောင်းဖြစ်မိတယ်၊ ဒါပေမဲ့ ဆက်မနေချင်တဲ့

ကစားသမားအတွက် ငိုယိုနေမှာမဟုတ်ပါဘူး။ ချဲလ်ဆီးရောက်လာချိန်မှာတော့

သူ့ရဲ့စိတ်တွေကိုပြောင်းလဲဖို့မဖြစ်နိုင်တော့ပါဘူး” လို့

ရူအီကော်စတာက ဆိုခဲ့ပါတယ်။ အန်ဇိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ

ပြီးကတည်းက လေ့ကျင့်ရေးနှစ်ကြိမ်အပျက်ခံပြီး မိခင်မြေ

ပြန်သွားခြင်းနဲ့အတူ ဘင်ဖီကာအသင်းကိုအံတုခဲ့တာဖြစ်တယ်။

ဆက်လက်ပြီး ရူအီကော်စတာက “သူဆက်နေဖို့ဆန္ဒမရှိလို့သာ

deadline day မှာ ချဲလ်ဆီးကိုရောင်းချဖို့သဘောတူပေးခဲ့တာပါ။

ချဲလ်ဆီးကစာချုပ်ဖျက်ကြေးပေးမယ်ဆိုတာကိုသိလိုက်ကတည်းက

အန်ဇိုက လိုက်လျောညီထွေမရှိတော့ပါဘူး။ ကျွန်တော်တို့အခိုင်အမာ

ကြိုးစားခဲ့ပေမဲ့ ကစားသမားက ဘင်ဖီကာမှာဆက်နေမယ်ဆိုတဲ့

ပွင့်လင်းမြင်သာမှုကိုမပြခဲ့ပါဘူး။ လာမယ့်နွေရာသီမှာ ချဲလ်ဆီးကို

ဈေးလျှော့ပေးမယ်လို့ အဆိုပြုခဲ့ပေမဲ့ ကစားသမားက

ဆက်မနေချင်တော့တဲ့အတွက် အရာအားလုံးပြောင်းလဲသွားပါတယ်” လို့ ဖွင့်ဟသွားပါတယ်။

zawgyi

အတန္တန္တားေနတဲ့ၾကားကထြက္သြားခဲ့တဲ့ အန္ဇိုဖာနန္ဒက္ဇ္အတြက္ ငိုယိုမေနေတာ့ဘူးလို႔ ဥကၠဌ ႐ူအီေကာ္စတာ ေလွာင္ေျပာင္

ဘင္ဖီကာဥကၠဌ႐ူအီေကာ္စတာက အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ

ခ်ဲလ္ဆီးကိုထြက္ခြာခဲ့တဲ့ အန္ဇိုဖာနန္ဒက္ဇ္ကိုေလွာင္ေျပာင္တဲ့ပုံစံတစ္ရပ္နဲ႔

ငိုေနမွာမဟုတ္ဘူးလို႔ေျပာဆိုလိုက္ပါတယ္။ သူ႔အေနနဲ႔ အန္ဇိုကို

ရာသီကုန္အထိဆက္ေနဖို႔အျပင္းအထန္စည္း႐ုံးခဲ့ေပမဲ့ အာဂ်င္တီးနား

ၾကယ္ပြင့္ကေတာ့ ခါးသီးစြာအဆုံးသတ္မယ့္လမ္းကို ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္။

“အန္ဇိုဖာနန္ဒက္ဇ္က ဘင္ဖီကာမွာဆက္ေနဖို႔ဆႏၵမရွိခဲ့ပါဘူး။

သူက ငါတို႔ကိုအခြင့္အေရးမေပးဘူး။ ကြၽန္ေတာ္ အေကာင္းဆုံး

ႀကိဳးစားခဲ့တယ္၊ စိတ္မေကာင္းျဖစ္မိတယ္၊ ဒါေပမဲ့ ဆက္မေနခ်င္တဲ့

ကစားသမားအတြက္ ငိုယိုေနမွာမဟုတ္ပါဘူး။ ခ်ဲလ္ဆီးေရာက္လာခ်ိန္မွာေတာ့

သူ႔ရဲ႕စိတ္ေတြကိုေျပာင္းလဲဖို႔မျဖစ္ႏိုင္ေတာ့ပါဘူး” လို႔

႐ူအီေကာ္စတာက ဆိုခဲ့ပါတယ္။ အန္ဇိုဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ

ၿပီးကတည္းက ေလ့က်င့္ေရးႏွစ္ႀကိမ္အပ်က္ခံၿပီး မိခင္ေျမ

ျပန္သြားျခင္းနဲ႔အတူ ဘင္ဖီကာအသင္းကိုအံတုခဲ့တာျဖစ္တယ္။

ဆက္လက္ၿပီး ႐ူအီေကာ္စတာက “သူဆက္ေနဖို႔ဆႏၵမရွိလို႔သာ

deadline day မွာ ခ်ဲလ္ဆီးကိုေရာင္းခ်ဖို႔သေဘာတူေပးခဲ့တာပါ။

ခ်ဲလ္ဆီးကစာခ်ဳပ္ဖ်က္ေၾကးေပးမယ္ဆိုတာကိုသိလိုက္ကတည္းက

အန္ဇိုက လိုက္ေလ်ာညီေထြမရွိေတာ့ပါဘူး။ ကြၽန္ေတာ္တို႔အခိုင္အမာ

ႀကိဳးစားခဲ့ေပမဲ့ ကစားသမားက ဘင္ဖီကာမွာဆက္ေနမယ္ဆိုတဲ့

ပြင့္လင္းျမင္သာမႈကိုမျပခဲ့ပါဘူး။ လာမယ့္ေႏြရာသီမွာ ခ်ဲလ္ဆီးကို

ေဈးေလွ်ာ့ေပးမယ္လို႔ အဆိုျပဳခဲ့ေပမဲ့ ကစားသမားက

ဆက္မေနခ်င္ေတာ့တဲ့အတြက္ အရာအားလုံးေျပာင္းလဲသြားပါတယ္” လို႔ ဖြင့္ဟသြားပါတယ္။