
မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ
ဆယ်စုနှစ်တစ်ခုကျော်အတွင်း အဆိုးရွားဆုံးဂိုးမိုးခေါင်မှုနဲ့
ပြန်လည်ရင်ဆိုင်ရဖို့ တစ်ပွဲသာလိုပါတော့တယ်။
စီရော်နယ်လ်ဒိုဟာ ဒီဇင်ဘာ(၃၀)ရက်က ဘန်လေအသင်းကို
(၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းအတွက်
ဂိုးသွင်းခဲ့ပြီးကတည်းက ဝုလ်ဗ်၊ ဘရန့်ဖို့ဒ်၊ ဝက်စ်ဟမ်း၊
မစ်ဒယ်ဘရော့တို့နဲ့ပွဲတွေမှာ ပြိုင်ပွဲစုံ(၄)ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး
မစ်ဒယ်ဘရော့နဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ
အံ့အားသင့်စရာကောင်းလောက်အောင် ပယ်နယ်တီလွဲချော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့က အသက်(၃၇)နှစ်ပြည့်တဲ့စီရော်နယ်လ်ဒိုဟာ
၂၀၁၀ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးဂိုးမိုးခေါင်မှုနဲ့ပြန်ရင်မဆိုင်ရစေဖို့အတွက်
ဘန်လေနဲ့ပွဲမှာ မဖြစ်မနေဂိုးသွင်းရတော့မှာဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းမှာကစားခဲ့တဲ့တုန်းက
၂၀၀၉-၁၀ ရာသီကုန် လာလီဂါပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ၊
၂၀၁၀-၁၁ လာလီဂါအဖွင့်(၃)ပွဲဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့တာကြောင့်
စုစုပေါင်း(၄)ပွဲဆက်ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဒီရာသီမှာ စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းအတွက်
ပြိုင်ပွဲစုံ(၂၄)ပွဲကစား၊ (၁၄)ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ်မှာ
(၈)ဂိုး၊ ချန်ပီယံလိဂ်မှာ(၆)ဂိုးအထိသွင်းယူခဲ့တာဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုရဲ့ကလပ်အသင်းကစားသမားဘဝတစ်လျှောက်
ဂိုးပေါက်ပျောက်မှုအများဆုံးက (၄)ပွဲဖြစ်ပြီး
တကယ်လို့ကလပ်နဲ့နိုင်ငံ(၂)ခုပေါင်းဆိုရင်တော့ (၅)ပွဲအထိရှိပါတယ်။
၂၀၁၈ ခုနှစ်တုန်းက စီရော်နယ်လ်ဒိုဟာ
ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးနှစ်ပွဲဆက်ဂိုးမသွင်းနိုင်ခဲ့သလို၊
အသင်းသစ်ဖြစ်တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ပွဲဦးထွက်(၃)ပွဲမှာလည်း
ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
စစံချိန်မှတ်တမ်းရှင် စီရော်နယ်လ်ဒိုအနေနဲ့ ဒီလိုမှတ်တမ်းဆိုးမျိုးကို
ဘယ်တော့မှပိုင်ဆိုင်ချင်မှာမဟုတ်တာကြောင့်
လာမယ့်ဘန်လေနဲ့ပွဲမှာ ဂိုးပေါက်တွေ့ဖို့လိုနေပါပြီ
zawgyi
အဆိုး႐ြားဆုံးဂိုးမိုးေခါင္မႈနဲ႔ ျပန္လည္ရင္ဆိုင္ရဖို႔ တစ္ပြဲသာလိုပါေတာ့တဲ့ စီေရာ္နယ္လ္ဒို
မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ
ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း အဆိုး႐ြားဆုံးဂိုးမိုးေခါင္မႈနဲ႔
ျပန္လည္ရင္ဆိုင္ရဖို႔ တစ္ပြဲသာလိုပါေတာ့တယ္။
စီေရာ္နယ္လ္ဒိုဟာ ဒီဇင္ဘာ(၃၀)ရက္က ဘန္ေလအသင္းကို
(၃-၁)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ယူႏိုက္တက္အသင္းအတြက္
ဂိုးသြင္းခဲ့ၿပီးကတည္းက ဝုလ္ဗ္၊ ဘရန႔္ဖို႔ဒ္၊ ဝက္စ္ဟမ္း၊
မစ္ဒယ္ဘေရာ့တို႔နဲ႔ပြဲေတြမွာ ၿပိဳင္ပြဲစုံ(၄)ပြဲဆက္ဂိုးေပါက္ေပ်ာက္ဆုံးခဲ့ၿပီး
မစ္ဒယ္ဘေရာ့နဲ႔ကစားခဲ့တဲ့ FA ဖလားပြဲမွာ
အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ပယ္နယ္တီလြဲေခ်ာ္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့စေနေန႔က အသက္(၃၇)ႏွစ္ျပည့္တဲ့စီေရာ္နယ္လ္ဒိုဟာ
၂၀၁၀ ခုႏွစ္ေနာက္ပိုင္း အဆိုး႐ြားဆုံးဂိုးမိုးေခါင္မႈနဲ႔ျပန္ရင္မဆိုင္ရေစဖို႔အတြက္
ဘန္ေလနဲ႔ပြဲမွာ မျဖစ္မေနဂိုးသြင္းရေတာ့မွာျဖစ္ပါတယ္။
စီေရာ္နယ္လ္ဒိုဟာ ရီးယဲလ္အသင္းမွာကစားခဲ့တဲ့တုန္းက
၂၀၀၉-၁၀ ရာသီကုန္ လာလီဂါပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ဘဲ၊
၂၀၁၀-၁၁ လာလီဂါအဖြင့္(၃)ပြဲဆက္တိုက္ဂိုးေပါက္ေပ်ာက္ခဲ့တာေၾကာင့္
စုစုေပါင္း(၄)ပြဲဆက္ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။
ဒီရာသီမွာ စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းအတြက္
ၿပိဳင္ပြဲစုံ(၂၄)ပြဲကစား၊ (၁၄)ဂိုးသြင္းယူထားၿပီး ပရီးမီးယားလိဂ္မွာ
(၈)ဂိုး၊ ခ်န္ပီယံလိဂ္မွာ(၆)ဂိုးအထိသြင္းယူခဲ့တာျဖစ္ပါတယ္။
စီေရာ္နယ္လ္ဒိုရဲ႕ကလပ္အသင္းကစားသမားဘဝတစ္ေလွ်ာက္
ဂိုးေပါက္ေပ်ာက္မႈအမ်ားဆုံးက (၄)ပြဲျဖစ္ၿပီး
တကယ္လို႔ကလပ္နဲ႔ႏိုင္ငံ(၂)ခုေပါင္းဆိုရင္ေတာ့ (၅)ပြဲအထိရွိပါတယ္။
၂၀၁၈ ခုႏွစ္တုန္းက စီေရာ္နယ္လ္ဒိုဟာ
ကမာၻ႔ဖလားအုပ္စုေနာက္ဆုံးႏွစ္ပြဲဆက္ဂိုးမသြင္းႏိုင္ခဲ့သလို၊
အသင္းသစ္ျဖစ္တဲ့ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ပြဲဦးထြက္(၃)ပြဲမွာလည္း
ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။
စစံခ်ိန္မွတ္တမ္းရွင္ စီေရာ္နယ္လ္ဒိုအေနနဲ႔ ဒီလိုမွတ္တမ္းဆိုးမ်ိဳးကို
ဘယ္ေတာ့မွပိုင္ဆိုင္ခ်င္မွာမဟုတ္တာေၾကာင့္
လာမယ့္ဘန္ေလနဲ႔ပြဲမွာ ဂိုးေပါက္ေတြ႕ဖို႔လိုေနပါၿပီ