
စီရော်နယ်ဒိုဟာ ဘန်လေနဲ့ မန်ယူတို့ရဲ့ပွဲမှာဂိုးမသွင်းနိုင်ခဲ့ပြီးနောက် ၅ ပွဲဆက်
ဂိုးပေါက်ပျောက်မှုဖြစ်ခဲ့လို့ ဆယ်နှစ်ကျော်ကာလအတွင်း
အကြာဆုံးသောဂိုးပေါက်ပျောက်မှုနဲ့ကြုံလိုက်ရပေမယ့်
ပေါ့ဂ်ဘာကတော့တစ်နှစ်အတွင်းမှာ မန်ယူအတွက်
ပထမဆုံးဂိုးသွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဘန်လေနဲ့ မန်ယူတို့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ
စီရော်နယ်ဒိုဟာ အရန်အဖြစ်သာနေခဲ့ရပြီး ၆၈ မိနစ်ရောက်မှ
ကာဗာနီအစားလူစားဝင်ခဲ့ရသူဖြစ်ပါတယ်။
ဒီပွဲမှာ မန်ယူဟာ ၁၈ မိနစ်ကတည်းက ပေါ့ဂ်ဘာရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်
၄၇ မိနစ်မှာ ရိုဒရီဂွက်ဇ်ကချေပဂိုးပြန်သွင်းခဲ့ပါတယ်။
ဒီဂိုးဟာပြင်သစ်လက်ရွေးစင်ပေါ့ဂ်ဘာရဲ့မန်ယူအတွက်
တစ်နှစ်အတွင်းပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးလည်းဖြစ်ခဲ့ပါတယ်။
စီရော်နယ်ဒိုဝင်လာပြီးနောက်မှာလည်း မန်ယူဟာထိရောက်တဲ့
စွမ်းဆောင်ရည်မပြနိုင်ခဲ့သလို သူလည်းဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဒါကြောင့်လည်းပွဲအပြီးမှာ ကစားဖော်တွေက
အဝေးကွင်းလိုက်အားပေးတဲ့ ပရိသတ်တွေကိုနှုတ်ဆက်ခဲ့ပေမယ့်
သူကတော့ ဥမင်လမ်းထဲကိုတိုက်ရိုက်ဝင်ရောက်သွားခဲ့တာပါ။
သူဟာပြီးခဲ့တဲ့လက ဘရန်းဖို့ဒ်နဲ့ပွဲတုန်းကလည်း လူစားလဲခံရလို့
မကျေမနပ်ပြုမူခဲ့သေးသူဖြစ်ပါတယ်။
ဒီပွဲနဲ့ပါဆိုရင် စီရော်နယ်ဒိုဟာမန်ယူအတွက်ဂိုးမသွင်းနိုင်တာ
၅ ပွဲဆက်ရှိသွားပြီဖြစ်လို့ ၂၀၁၀ နောက်ပိုင်းအရှည်ကြာဆုံး
ဂိုးပေါက်ပျောက်မှုနဲ့ရင်ဆိုင်လိုက်ရပါတယ်။
သူနောက်ဆုံးဂိုးသွင်းနိုင်ခဲ့တာက ဒီဇင်ဘာ ၃၀ ကဘန်လေကိုအိမ်ကွင်းမှာ
၃-၁ နဲ့နိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ အရင်ကသူဂိုးပေါက်ပျောက်မှုအကြာဆုံးက
ရီးရဲလ်မှာဖြစ်ပြီး ၂၀၀၉-၁၀ ဘောလုံးရာသီနောက်ဆုံး ၂ ပွဲနဲ့
၂၀၁၀-၁၁ ရာသီပထမဆုံး ၃ ပွဲမှာဂိုးမသွင်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အသက် ၃၇ နှစ်ရှိတဲ့ စီရော်နယ်ဒိုဟာဒီပွဲမှာလူစားသာဝင်ရခြင်း၊
ဂိုးသွင်းဖို့လည်းရုန်းကန်ခဲ့ရခြင်းတို့ကြောင့်သိသာစွာ
ဒေါသထွက်နေတယ်လို့လည်း ဆိုပါတယ်။
ဒီသရေပွဲကြောင့်မန်ယူအသင်းဟာ အဆင့် ၅ နေရာကိုရောက်သွားလို့
ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကလည်း မသေချာဘဲဖြစ်လာပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့တုန်းကလည်း မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေပွဲမှာ
အခွင့်အရေးတွေဖြုန်းတီးခဲ့တဲ့ မန်ယူဟာဒီပွဲမှာခြေစွမ်းကောင်းစွာမပြနိုင်ခဲ့သလို
ဒုတိယပိုင်းပြန်စပြီးမိနစ် ၂၀ အထိကောင်းစွာတိုက်စစ်မဆင်နိုင်ခဲ့လို့
ကာဗာနီကိုထုတ်ပြီး စီရော်နယ်ဒို ကိုထည့်သွင်းခဲ့ပေမယ့်
ရန်းနစ်ခ်ရဲ့လူစားလဲမှုကအလုပ်မဖြစ်ခဲ့ဘဲ သရေကျခဲ့ရပါတယ်။
zawgyi
အဆိုးဆုံးဂိုးေပါက္ေပ်ာက္ခဲ့တဲ့ ေရာ္နယ္ဒိုနဲ႔ တစ္ႏွစ္အတြင္း ပထမဆုံးဂိုးသြင္းႏိုင္ခဲ့တဲ့ ေပါ့ဂ္ဘာ
စီေရာ္နယ္ဒိုဟာ ဘန္ေလနဲ႔ မန္ယူတို႔ရဲ႕ပြဲမွာဂိုးမသြင္းႏိုင္ခဲ့ၿပီးေနာက္ ၅ ပြဲဆက္
ဂိုးေပါက္ေပ်ာက္မႈျဖစ္ခဲ့လို႔ ဆယ္ႏွစ္ေက်ာ္ကာလအတြင္း
အၾကာဆုံးေသာဂိုးေပါက္ေပ်ာက္မႈနဲ႔ႀကဳံလိုက္ရေပမယ့္
ေပါ့ဂ္ဘာကေတာ့တစ္ႏွစ္အတြင္းမွာ မန္ယူအတြက္
ပထမဆုံးဂိုးသြင္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
ဘန္ေလနဲ႔ မန္ယူတို႔ ၁-၁ သေရက်ခဲ့တဲ့ပြဲမွာ
စီေရာ္နယ္ဒိုဟာ အရန္အျဖစ္သာေနခဲ့ရၿပီး ၆၈ မိနစ္ေရာက္မွ
ကာဗာနီအစားလူစားဝင္ခဲ့ရသူျဖစ္ပါတယ္။
ဒီပြဲမွာ မန္ယူဟာ ၁၈ မိနစ္ကတည္းက ေပါ့ဂ္ဘာရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ေပမယ့္
၄၇ မိနစ္မွာ ႐ိုဒရီဂြက္ဇ္ကေခ်ပဂိုးျပန္သြင္းခဲ့ပါတယ္။
ဒီဂိုးဟာျပင္သစ္လက္ေ႐ြးစင္ေပါ့ဂ္ဘာရဲ႕မန္ယူအတြက္
တစ္ႏွစ္အတြင္းပထမဆုံးသြင္းယူႏိုင္ခဲ့တဲ့ဂိုးလည္းျဖစ္ခဲ့ပါတယ္။
စီေရာ္နယ္ဒိုဝင္လာၿပီးေနာက္မွာလည္း မန္ယူဟာထိေရာက္တဲ့
စြမ္းေဆာင္ရည္မျပႏိုင္ခဲ့သလို သူလည္းဂိုးမသြင္းႏိုင္ခဲ့ပါဘူး။
ဒါေၾကာင့္လည္းပြဲအၿပီးမွာ ကစားေဖာ္ေတြက
အေဝးကြင္းလိုက္အားေပးတဲ့ ပရိသတ္ေတြကိုႏႈတ္ဆက္ခဲ့ေပမယ့္
သူကေတာ့ ဥမင္လမ္းထဲကိုတိုက္႐ိုက္ဝင္ေရာက္သြားခဲ့တာပါ။
သူဟာၿပီးခဲ့တဲ့လက ဘရန္းဖို႔ဒ္နဲ႔ပြဲတုန္းကလည္း လူစားလဲခံရလို႔
မေက်မနပ္ျပဳမူခဲ့ေသးသူျဖစ္ပါတယ္။
ဒီပြဲနဲ႔ပါဆိုရင္ စီေရာ္နယ္ဒိုဟာမန္ယူအတြက္ဂိုးမသြင္းႏိုင္တာ
၅ ပြဲဆက္ရွိသြားၿပီျဖစ္လို႔ ၂၀၁၀ ေနာက္ပိုင္းအရွည္ၾကာဆုံး
ဂိုးေပါက္ေပ်ာက္မႈနဲ႔ရင္ဆိုင္လိုက္ရပါတယ္။
သူေနာက္ဆုံးဂိုးသြင္းႏိုင္ခဲ့တာက ဒီဇင္ဘာ ၃၀ ကဘန္ေလကိုအိမ္ကြင္းမွာ
၃-၁ နဲ႔ႏိုင္ခဲ့တဲ့ပြဲျဖစ္ပါတယ္။ အရင္ကသူဂိုးေပါက္ေပ်ာက္မႈအၾကာဆုံးက
ရီးရဲလ္မွာျဖစ္ၿပီး ၂၀၀၉-၁၀ ေဘာလုံးရာသီေနာက္ဆုံး ၂ ပြဲနဲ႔
၂၀၁၀-၁၁ ရာသီပထမဆုံး ၃ ပြဲမွာဂိုးမသြင္းႏိုင္ခဲ့ျခင္းျဖစ္ပါတယ္။
အသက္ ၃၇ ႏွစ္ရွိတဲ့ စီေရာ္နယ္ဒိုဟာဒီပြဲမွာလူစားသာဝင္ရျခင္း၊
ဂိုးသြင္းဖို႔လည္း႐ုန္းကန္ခဲ့ရျခင္းတို႔ေၾကာင့္သိသာစြာ
ေဒါသထြက္ေနတယ္လို႔လည္း ဆိုပါတယ္။
ဒီသေရပြဲေၾကာင့္မန္ယူအသင္းဟာ အဆင့္ ၅ ေနရာကိုေရာက္သြားလို႔
ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ကလည္း မေသခ်ာဘဲျဖစ္လာပါတယ္။
ၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းကလည္း မစ္ဒယ္ဘေရာ့နဲ႔ အက္ဖ္ေအပြဲမွာ
အခြင့္အေရးေတြျဖဳန္းတီးခဲ့တဲ့ မန္ယူဟာဒီပြဲမွာေျခစြမ္းေကာင္းစြာမျပႏိုင္ခဲ့သလို
ဒုတိယပိုင္းျပန္စၿပီးမိနစ္ ၂၀ အထိေကာင္းစြာတိုက္စစ္မဆင္ႏိုင္ခဲ့လို႔
ကာဗာနီကိုထုတ္ၿပီး စီေရာ္နယ္ဒို ကိုထည့္သြင္းခဲ့ေပမယ့္
ရန္းနစ္ခ္ရဲ႕လူစားလဲမႈကအလုပ္မျဖစ္ခဲ့ဘဲ သေရက်ခဲ့ရပါတယ္။