
အားလပ်ရက်မှာ အဆိပ်ခတ်အသတ်ခံခဲ့ရတဲ့ အိုင်ဗရီကို့စ်နာမည်ကျော်ဘောလုံးသမား
အိုင်ဗရီကို့စ်လက်ရွေးစင် နာမည်ကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ အော့ဆူ
ကိုနန်ဟာ အသက်(၃၂)နှစ်အရွယ်မှာ ရုတ်တရက်ကွယ်လွန်ခဲ့ပြီး အားလပ်ရက်
အတွင်း သူ့နေရပ်မြို့ကိုပြန်လည်ရောက်ရှိနေချိန်မှာ အဆိပ်ခတ်အသတ်ခံရတာ
ဖြစ်တယ်လို့ စွပ်စွဲချက်တွေထွက်ပေါ်နေပါတယ်။ အိုင်ဗရီကို့စ်တိုက်စစ်မှူးဖြစ်သူ
ကိုနန်ဟာ သူ့ဇာတိမြို့ဖြစ်တဲ့ Yopougon မြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး
သေဆုံးရတဲ့အကြောင်းရင်းကတော့ အဆိပ်ခတ်ခံရတာဖြစ်တယ်ဆိုပြီးတော့
အီဂျစ်နာမည်ကျော်အားကစားဝက်ဘ်ဆိုက် KingFut က ခန့်မှန်းဖော်ပြခဲ့ပါတယ်။
ကိုနန်ဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို အိုင်ဗရီကို့စ်ထိပ်သီး
ကလပ်ဖြစ်တဲ့ Africa Sports အသင်းနဲ့အတူစတင်ခဲ့ပြီး အဲဒီနောက်မှာတော့
တူနီးရှားကလပ် Espérance Sportive de Tunis ၊ အီဂျစ်ကလပ် Misr
El-Makkasa စတဲ့အသင်းတွေဆီပြောင်းရွှေ့ကစားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ
အီဂျစ်နာမည်ကျော်ကလပ် အယ်လ်အာလီအသင်းဆီပြောင်းရွှေ့ခဲ့ပေမယ့်
အဲဒီအချိန်က အီဂျစ်ပရီးမီးယားလိဂ်မှာ အရှုပ်အထွေးတွေကြောင့် ပြိုင်ပွဲခဏ
ရပ်ဆိုင်းခဲ့ရတဲ့အတွက် ခြေစွမ်းပြကစားခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ကိုနန်ဟာ
အယ်လ်အာလီအသင်းနဲ့အတူ ၂၀၁၂ အာဖရိကချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီး
အသင်းအတွက် အရေးပါတဲ့ဂိုးတချို့သွင်းယူနိုင်ခဲ့ပါတယ်။
အခုလောလောဆယ် ဆော်ဒီဒုတိယတန်းကလပ် Al-Bukiryah FC အသင်းမှာ ကစားနေတဲ့
ကိုနန်ဟာ ရုတ်တရက်ကွယ်လွန်သွားတာဖြစ်ပြီး သူ့အဖြစ်အပျက်နဲ့ပတ်သက်လို့
သတင်းအတိအကျကိုတော့ မီဒီယာတွေက မဖော်ပြသေးပါဘူး။
Zawgyi
အဆိပ္ခတ္အသတ္ခံလိုက္ရတဲ့ အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ကစားသမား
အားလပ္ရက္မွာ အဆိပ္ခတ္အသတ္ခံခဲ့ရတဲ့ အိုင္ဗရီကို႔စ္နာမည္ေက်ာ္ေဘာလုံးသမား
အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ နာမည္ေက်ာ္ေဘာလုံးသမားတစ္ဦးျဖစ္တဲ့ ေအာ့ဆူ
ကိုနန္ဟာ အသက္(၃၂)ႏွစ္အ႐ြယ္မွာ ႐ုတ္တရက္ကြယ္လြန္ခဲ့ၿပီး အားလပ္ရက္
အတြင္း သူ႔ေနရပ္ၿမိဳ႕ကိုျပန္လည္ေရာက္ရွိေနခ်ိန္မွာ အဆိပ္ခတ္အသတ္ခံရတာ
ျဖစ္တယ္လို႔ စြပ္စြဲခ်က္ေတြထြက္ေပၚေနပါတယ္။ အိုင္ဗရီကို႔စ္တိုက္စစ္မႉးျဖစ္သူ
ကိုနန္ဟာ သူ႔ဇာတိၿမိဳ႕ျဖစ္တဲ့ Yopougon ၿမိဳ႕မွာ ကြယ္လြန္ခဲ့တာျဖစ္ၿပီး
ေသဆုံးရတဲ့အေၾကာင္းရင္းကေတာ့ အဆိပ္ခတ္ခံရတာျဖစ္တယ္ဆိုၿပီးေတာ့
အီဂ်စ္နာမည္ေက်ာ္အားကစားဝက္ဘ္ဆိုက္ KingFut က ခန႔္မွန္းေဖာ္ျပခဲ့ပါတယ္။
ကိုနန္ဟာ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝကို အိုင္ဗရီကို႔စ္ထိပ္သီး
ကလပ္ျဖစ္တဲ့ Africa Sports အသင္းနဲ႔အတူစတင္ခဲ့ၿပီး အဲဒီေနာက္မွာေတာ့
တူနီးရွားကလပ္ Espérance Sportive de Tunis ၊ အီဂ်စ္ကလပ္ Misr
El-Makkasa စတဲ့အသင္းေတြဆီေျပာင္းေ႐ႊ႕ကစားခဲ့ပါတယ္။ ၂၀၁၂ ခုႏွစ္မွာ
အီဂ်စ္နာမည္ေက်ာ္ကလပ္ အယ္လ္အာလီအသင္းဆီေျပာင္းေ႐ႊ႕ခဲ့ေပမယ့္
အဲဒီအခ်ိန္က အီဂ်စ္ပရီးမီးယားလိဂ္မွာ အရႈပ္အေထြးေတြေၾကာင့္ ၿပိဳင္ပြဲခဏ
ရပ္ဆိုင္းခဲ့ရတဲ့အတြက္ ေျခစြမ္းျပကစားခြင့္မရခဲ့ပါဘူး။ ဒါေပမဲ့လည္း ကိုနန္ဟာ
အယ္လ္အာလီအသင္းနဲ႔အတူ ၂၀၁၂ အာဖရိကခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့ၿပီး
အသင္းအတြက္ အေရးပါတဲ့ဂိုးတခ်ိဳ႕သြင္းယူႏိုင္ခဲ့ပါတယ္။ အခုေလာေလာဆယ္
ေဆာ္ဒီဒုတိယတန္းကလပ္ Al-Bukiryah FC အသင္းမွာ ကစားေနတဲ့
ကိုနန္ဟာ ႐ုတ္တရက္ကြယ္လြန္သြားတာျဖစ္ၿပီး သူ႔အျဖစ္အပ်က္နဲ႔ပတ္သက္လို႔
သတင္းအတိအက်ကိုေတာ့ မီဒီယာေတြက မေဖာ္ျပေသးပါဘူး။