အဆင့်(၄)လောက်ကို မမှန်းတဲ့ ရန်းနစ်

မန်ယူနည်းပြရန်းနစ်က သူ့အသင်းဟာ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ရေးထက်ပိုတဲ့

အလားအလာအများကြီးရှိကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။
သရဲနီတွေဟာ ကြာသပတေးညက ပွဲမှာ ဘန်လေကို ၃-၁ ဂိုးနဲ့အနိုင်ရခဲ့လို့

အမှတ်ပေးဇယားမှာ ထိပ်ဆုံး ၆ နေရာထဲ တက်လှမ်းနိုင်ခဲ့ပါတယ်။


အဲဒီနိုင်ပွဲကြောင့် မန်ယူဟာ အဆင့် ၆ နေရာရောက်လာပြီး တစ်ပွဲလျော့ဖြစ်နေ

ပေမယ့် အဆင့် ၄ နေရာက အာဆင်နယ်နဲ့ ၄ မှတ်သာကွာပါတော့တယ်။

ဒါပေမဲ့လည်း ရန်းနစ်က သူ့အသင်းဟာ လက်ကျန်ရာသီမှာ ပိုပြီးမြင့်မားတဲ့

ရည်မှန်းချက်တွေရှိနိုင်ကြောင်း အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
”အဆင့် ၄ က အနည်းဆုံးလို့ ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ နောက်ထပ်

တိုးတက်မှုခြေလှမ်းတွေအကြောင်းပဲ ပြောမှာပါ။ အခုဆို ၈ ပွဲဆက်ရှုံးပွဲမရှိခဲ့

တာပါ။ ဒါကြောင့် နောက်တစ်ဆင့်သွားနိုင်ဖို့ပဲ စဉ်းစားတယ်”လို့ ဘန်လေနဲ့

ပွဲအပြီးမှာ ရန်းနစ်က ပြောခဲ့တာပါ။

ဒါ့အပြင် ရန်းနစ်က ဆိုးလ်ရှားဆီက လွှဲပြောင်းယူခဲ့တဲ့ ကစားသမားတွေကို

အပြောင်းအလဲလုပ်ဖွယ်မရှိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

”လက်ရှိကစားသမားတွေကိုပဲ ကျွန်တော်အာရုံထားပါတယ်။ အသင်းမှာ

လုံလောက်တဲ့ကစားသမားအင်အားရှိတယ်လို့ ကျွန်တော်ပြောပြီးသားပါ။

ဆောင်းရာသီအပြောင်းအရွှေ့ဆိုတာ ကိုယ့်ကိုတကယ်ကူညီနိုင်မှ၊ အရည်အသွေး

တိုးလာနိုင်စေမှ အထောက်အကူပြုတာပါ။ အခုချိန်ထိတော့ ကစားသမား

ခေါ်တာနဲ့ပတ်သက်လို့ ကျွန်တော်ဘာမှ မပြောရသေးဘူး။ ပြီးခဲ့တဲ့နှစ်ပတ်တာ

အတွင်းက လက်ရှိလူစာရင်းကိုပဲ အာရုံစိုက်ထားပါတယ်”လို့ ရန်းနစ်က

ဆိုခဲ့တာပါ။

နောက်ပြီး ရန်းနစ်က မန်ယူတိုက်စစ်ကစားသမားတွေဟာ နယူးကာဆယ်နဲ့

ပွဲကထက် အများကြီးပိုကောင်းလာကြောင်း ချီးကျူးခဲ့ပါတယ်။

Zawgyi

အဆင့္(၄)ေလာက္ကို မမွန္းတဲ့ ရန္းနစ္
မန္ယူနည္းျပရန္းနစ္က သူ႔အသင္းဟာ ထိပ္ဆုံး ၄ သင္းထဲ ဝင္ႏိုင္ေရးထက္ပိုတဲ့

အလားအလာအမ်ားႀကီးရွိေၾကာင္း အခိုင္အမာေျပာၾကားလိုက္ပါတယ္။

သရဲနီေတြဟာ ၾကာသပေတးညက ပြဲမွာ ဘန္ေလကို ၃-၁ ဂိုးနဲ႔အႏိုင္ရခဲ့လို႔

အမွတ္ေပးဇယားမွာ ထိပ္ဆုံး ၆ ေနရာထဲ တက္လွမ္းႏိုင္ခဲ့ပါတယ္။
အဲဒီႏိုင္ပြဲေၾကာင့္ မန္ယူဟာ အဆင့္ ၆ ေနရာေရာက္လာၿပီး တစ္ပြဲေလ်ာ့ျဖစ္ေန

ေပမယ့္ အဆင့္ ၄ ေနရာက အာဆင္နယ္နဲ႔ ၄ မွတ္သာကြာပါေတာ့တယ္။
ဒါေပမဲ့လည္း ရန္းနစ္က သူ႔အသင္းဟာ လက္က်န္ရာသီမွာ ပိုၿပီးျမင့္မားတဲ့

ရည္မွန္းခ်က္ေတြရွိႏိုင္ေၾကာင္း အရိပ္အႁမြက္ေျပာၾကားလိုက္ပါတယ္။
”အဆင့္ ၄ က အနည္းဆုံးလို႔ ကြၽန္ေတာ္ေျပာမွာ မဟုတ္ပါဘူး။ ေနာက္ထပ္

တိုးတက္မႈေျခလွမ္းေတြအေၾကာင္းပဲ ေျပာမွာပါ။ အခုဆို ၈ ပြဲဆက္ရႈံးပြဲမရွိခဲ့

တာပါ။ ဒါေၾကာင့္ ေနာက္တစ္ဆင့္သြားႏိုင္ဖို႔ပဲ စဥ္းစားတယ္”လို႔ ဘန္ေလနဲ႔

ပြဲအၿပီးမွာ ရန္းနစ္က ေျပာခဲ့တာပါ။
ဒါ့အျပင္ ရန္းနစ္က ဆိုးလ္ရွားဆီက လႊဲေျပာင္းယူခဲ့တဲ့ ကစားသမားေတြကို

အေျပာင္းအလဲလုပ္ဖြယ္မရွိခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
”လက္ရွိကစားသမားေတြကိုပဲ ကြၽန္ေတာ္အာ႐ုံထားပါတယ္။ အသင္းမွာ

လုံေလာက္တဲ့ကစားသမားအင္အားရွိတယ္လို႔ ကြၽန္ေတာ္ေျပာၿပီးသားပါ။

ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ဆိုတာ ကိုယ့္ကိုတကယ္ကူညီႏိုင္မွ၊ အရည္အေသြး

တိုးလာႏိုင္ေစမွ အေထာက္အကူျပဳတာပါ။ အခုခ်ိန္ထိေတာ့ ကစားသမား

ေခၚတာနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္ဘာမွ မေျပာရေသးဘူး။ ၿပီးခဲ့တဲ့ႏွစ္ပတ္တာ

အတြင္းက လက္ရွိလူစာရင္းကိုပဲ အာ႐ုံစိုက္ထားပါတယ္”လို႔ ရန္းနစ္က

ဆိုခဲ့တာပါ။
ေနာက္ၿပီး ရန္းနစ္က မန္ယူတိုက္စစ္ကစားသမားေတြဟာ နယူးကာဆယ္နဲ႔

ပြဲကထက္ အမ်ားႀကီးပိုေကာင္းလာေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။