အဆင်မပြေတဲ့နေ့လေးတွေရှိခဲ့ရင် ချဲလ်ဆီးက ပေါ်တာကိုနည်းပြခန့်ဖို့အတွက် တူချယ်ကို ထုတ်ပယ်လိုက်တာကို သတိရလိုက်ပါ

စိန့်ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ်ကိုအရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးပရိသတ်တွေဟာ နည်းပြဂရေဟမ်ပေါ်တာကို အကြီးအကျယ်တိုက်ခိုက်လာခဲ့ကြပါပြီ။

ဝီလော့ရဲ့တစ်လုံးတည်းသောဂိုးနဲ့အရေးနိမ့်ခဲ့တာဟာ ကမ္ဘာ့ဖလားကာလအတွင်း ချဲလ်ဆီးကို အဆင့် ၈ နေရာနဲ့အဆုံးသတ်စေခဲ့တာဖြစ်တယ်။

ပရီးမီးယားလိဂ် ၃ပွဲဆက်ရှုံးနိမ့်ခြင်းဖြစ်သလို နောက်ဆုံး ၅ပွဲမှာ ၄ပွဲရှုံးတဲ့ ချဲလ်ဆီးအနေအထားက အတော်လေးဆိုးရွားတဲ့ဘက်ကို ရောက်လာခဲ့ပြီဖြစ်တယ်။

ချဲလ်ဆီးပရိသတ်တွေဟာ ‘Sack Potter’ ဆိုပြီး လူမှုကွန်ယက်မှာ စတင်မျှဝေလိုက်ရာမှာတော့ နယူးကာဆယ်ကိုအရေးနိမ့်အပြီး တစ်နာရီအတွင်း ဒီပို့စ်မှာ Tweet တဲ့ လူပေါင်း ၅၀၀၀ အထိရှိခဲ့ပါတယ်။

အလွန်အမင်းစိတ်ပျက်ဖို့ကောင်းတဲ့ ရလဒ်တွေအတွက် အပြာရောင်ပရိသတ်တွေဟာ ပေါ်တာကိုထုတ်ပယ်ဖို့လူစုလူဝေးနဲ့တောင်းဆိုလာတာဖြစ်တယ်။ “သင့်မှာအဆိုးရွားဆုံးနေ့တစ်နေ့ရှိလာခဲ့ရင်

ချဲလ်ဆီးက ပေါ်တာကိုနည်းပြခန့်ဖို့အတွက် တူချယ်ကိုထုတ်ပယ်ခဲ့တာသတိရလိုက်ပါ” လို့ ပရိသတ်တစ်ယောက်က တွစ်တာပေါ်မှာခနဲ့လိုက်ပါတယ်။ မှတ်ချက်ပေးရာမှာ နာမည်ကြီးတဲ့ ပီတာဒါရေးက

“ဂရေဟမ်ပေါ်တာရဲ့ချဲလ်ဆီးဟာ “Depressing” လို့ခေါ်တဲ့ “Pressing” အမျိုးအစားနဲ့ကစားနေပါတယ်” လို့ ဝေဖန်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ ကန်တီ၊ ဘန်ချီဝဲလ်၊ ရီစီဂျိမ်းစ်၊ ဖိုဖာနာနဲ့

စတာလင်းတို့လိုကစားသမားတွေဒဏ်ရာရနေခဲ့တာကြောင့် နယူးကာဆယ်နဲ့ပွဲစဉ်မှာရလဒ်ကောင်းဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်တယ်။ ဂရေဟမ်ပေါ်တာဟာ စက်တင်ဘာလ ၉ ရက်နေ့မှာ

လန်ဒန်ကလပ်နဲ့ ၅နှစ် စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ ၂ လ အတွင်းမှာတင်စိတ်ပျက်စရာအခြေအနေမျိုးတွေနဲ့ရင်ဆိုင်ခဲ့ရပြီး စတန်းဖို့ဒ်ဘရစ်ချ်ကထွက်ခွာဖို့တောင်းဆိုခံနေရပါပြီ။ ချဲလ်ဆီးပရိသတ်တွေဟာ

ပေါ်တာရဲ့အသင်းကိုအရသာခံစောင့်ကြည့်ခဲ့ကြပေမဲ့ ပြိုင်ပွဲစုံ ၃ပွဲဆက်ရှုံးနိမ့်ပြီးတဲ့နောက် လုံးဝခံတွင်းမတွေ့တော့တာဖြစ်တယ်။

(Zawgyi)

အဆင္မေျပတဲ့ေန႔ေလးေတြရွိခဲ့ရင္ ေပၚတာကိုနည္းျပခန႔္ဖို႔အတြက္ တူခ်ယ္ကို ထုတ္ပစ္တာကို သတိရလိုက္ပါ

စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ နယူးကာဆယ္ကိုအေရးနိမ့္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီးပရိသတ္ေတြဟာ နည္းျပဂေရဟမ္ေပၚတာကို အႀကီးအက်ယ္တိုက္ခိုက္လာခဲ့ၾကပါၿပီ။

ဝီေလာ့ရဲ႕တစ္လုံးတည္းေသာဂိုးနဲ႔အေရးနိမ့္ခဲ့တာဟာ ကမာၻ႔ဖလားကာလအတြင္း ခ်ဲလ္ဆီးကို အဆင့္ ၈ ေနရာနဲ႔အဆုံးသတ္ေစခဲ့တာျဖစ္တယ္။

ပရီးမီးယားလိဂ္ ၃ပြဲဆက္ရႈံးနိမ့္ျခင္းျဖစ္သလို ေနာက္ဆုံး ၅ပြဲမွာ ၄ပြဲရႈံးတဲ့ ခ်ဲလ္ဆီးအေနအထားက အေတာ္ေလးဆိုး႐ြားတဲ့ဘက္ကို ေရာက္လာခဲ့ၿပီျဖစ္တယ္။

ခ်ဲလ္ဆီးပရိသတ္ေတြဟာ ‘Sack Potter’ ဆိုၿပီး လူမႈကြန္ယက္မွာ စတင္မွ်ေဝလိုက္ရာမွာေတာ့ နယူးကာဆယ္ကိုအေရးနိမ့္အၿပီး တစ္နာရီအတြင္း ဒီပို႔စ္မွာ Tweet တဲ့

လူေပါင္း ၅၀၀၀ အထိရွိခဲ့ပါတယ္။ အလြန္အမင္းစိတ္ပ်က္ဖို႔ေကာင္းတဲ့ ရလဒ္ေတြအတြက္ အျပာေရာင္ပရိသတ္ေတြဟာ ေပၚတာကိုထုတ္ပယ္ဖို႔လူစုလူေဝးနဲ႔ေတာင္းဆိုလာတာျဖစ္တယ္။

“သင့္မွာအဆိုး႐ြားဆုံးေန႔တစ္ေန႔ရွိလာခဲ့ရင္ ခ်ဲလ္ဆီးက ေပၚတာကိုနည္းျပခန႔္ဖို႔အတြက္ တူခ်ယ္ကိုထုတ္ပယ္ခဲ့တာသတိရလိုက္ပါ” လို႔ ပရိသတ္တစ္ေယာက္က တြစ္တာေပၚမွာခနဲ႔လိုက္ပါတယ္။

မွတ္ခ်က္ေပးရာမွာ နာမည္ႀကီးတဲ့ ပီတာဒါေရးက “ဂေရဟမ္ေပၚတာရဲ႕ခ်ဲလ္ဆီးဟာ “Depressing” လို႔ေခၚတဲ့ “Pressing” အမ်ိဳးအစားနဲ႔ကစားေနပါတယ္” လို႔ ေဝဖန္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းမွာ ကန္တီ၊ ဘန္ခ်ီဝဲလ္၊ ရီစီဂ်ိမ္းစ္၊ ဖိုဖာနာနဲ႔ စတာလင္းတို႔လိုကစားသမားေတြဒဏ္ရာရေနခဲ့တာေၾကာင့္ နယူးကာဆယ္နဲ႔ပြဲစဥ္မွာရလဒ္ေကာင္းဖို႔အတြက္ ႐ုန္းကန္ခဲ့ရတာျဖစ္တယ္။

ဂေရဟမ္ေပၚတာဟာ စက္တင္ဘာလ ၉ ရက္ေန႔မွာ လန္ဒန္ကလပ္နဲ႔ ၅ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေပမဲ့ ၂ လ အတြင္းမွာတင္စိတ္ပ်က္စရာအေျခအေနမ်ိဳးေတြနဲ႔ရင္ဆိုင္ခဲ့ရၿပီး

စတန္းဖို႔ဒ္ဘရစ္ခ်္ကထြက္ခြာဖို႔ေတာင္းဆိုခံေနရပါၿပီ။ ခ်ဲလ္ဆီးပရိသတ္ေတြဟာ ေပၚတာရဲ႕အသင္းကိုအရသာခံေစာင့္ၾကည့္ခဲ့ၾကေပမဲ့ ၿပိဳင္ပြဲစုံ

၃ပြဲဆက္ရႈံးနိမ့္ၿပီးတဲ့ေနာက္ လုံးဝခံတြင္းမေတြ႕ေတာ့တာျဖစ္တယ္။