အဆင့် ၄ နေရာရခဲ့ရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးရနိုင်သေးတဲ့ အာဆင်နယ်နဲ့ စပါး

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ

ထိပ်ဆုံး ၄သင်းစာရင်းဝင်ဖို့ အခြေအနေကောင်းနေတာ
မှန်ပေမယ့် သူတို့သာမက ခါးသီးမြို့ခံပြိုင်ဘက်
စပါးလည်း ရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်
ဆုံးရှုံးရနိုင်သေးကြောင်း သိရပါတယ်။
ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်

အားပြိုင်မှုတွေက ပိုမိုကြည့်ကောင်းနေပြီး
အာဆင်နယ်က အဆင့် ၅ နေရာက ယူနိုက်တက်ကို
၁မှတ်အသာ၊ ၃ပွဲလျော့နဲ့ အဆင့် ၄နေရာမှာ
ရပ်တည်နေလို့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့
အခြေအနေအကောင်းဆုံးဖြစ်နေပါတယ်။


စပါးက အာဆင်နယ်ထက် ၃ မှတ်ပဲ
လျော့နည်းနေပြီး လန်ဒန်မြို့ခံပြိုင်ဘက်ထက်
၁ပွဲပိုကစားထားပေမယ့် ဒါဘီပွဲကစားရဦးမှာပါ။

ဒါပေမဲ့ သူတို့နှစ်သင်းထဲက ဘယ်အသင်းပဲဖြစ်ဖြစ်
အဆင့် ၄ နေရာရခဲ့မယ်ဆိုရင်တောင်
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်နိုင်နေဆဲဖြစ်ပါတယ်။
တကယ်လို့ ယခုရာသီ ချန်ပီယံလိဂ်နဲ့
ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ယူနိုက်တက်နဲ့

ဝက်စ်ဟမ်းတို့သာ ချန်ပီယံအဖြစ်
အောင်ပွဲခံနိုင်ခဲ့ရင် ပရီးမီးယားလိဂ်မှာ
အဆင့် ၄ နေရာရမယ့်အသင်းက နောက်ရာသီ
ချန်ပီယံလိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာမဟုတ်ပါဘူး။
အင်္ဂလန်နိုင်ငံက ချန်ပီယံလိဂ်အတွက် ၄နေရာ ပုံမှန်ရနေပြီး

တကယ်လို့ ထိပ်ဆုံး ၄သင်းပြင်ပက တစ်သင်းသင်း
ချန်ပီယံလိဂ် ဒါမှမဟုတ် ယူရိုပါလိဂ်မှာ
ချန်ပီယံဖြစ်ရင် ၅ နေရာအထိ ရမှာဖြစ်ပါတယ်။
ဒါပေမဲ့ တကယ်လို့ ထိပ်ဆုံး ၄သင်းပြင်ပက
အသင်း ၂သင်းဟာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ

ဗိုလ်စွဲမယ်ဆိုရင်တော့ ၆သင်းအထိ ဝင်ခွင့်
ရတော့မှာမဟုတ်ဘဲ အဆင့် ၄ နေရာက
အသင်း ပါဝင်ခွင့်ရတော့မှာမဟုတ်ပါဘူး။
ဒီလိုဖြစ်လာဖို့က အခွင့်အရေး အတော်လေး
နည်းနေတာမှန်ပေမယ့် နှစ်သင်းစလုံး

အထူးသဖြင့် စပါးအတွက် စိုးရိမ်စရာဖြစ်နေပြီး
စပါးဆိုရင် ၂၀၁၂ ခုနှစ်က ဒီလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။


အဲဒီအချိန်တုန်းက ချန်ပီယံလိဂ်မှာ အသင်း ၅သင်းအထိ

ဝင်ခွင့်မရသေးချိန်ဖြစ်ပြီး စပါးက ချဲလ်ဆီးကို
ကျော်ဖြတ်ကာ အဆင့် ၄ နေရာရခဲ့ပေမယ့်
ချဲလ်ဆီးက ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့လို့
စပါးလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။
ယူနိုက်တက်က ချန်ပီယံလိဂ် ၁၆သင်းအဆင့်

ပ-အကျော့ အဝေးကွင်းမှာ အက်သလက်နဲ့
၁-၁ ဂိုးသရေကျထားပြီး ဝက်စ်ဟမ်းက
ယူရိုပါလိဂ် ၁၆သင်းအဆင့်မှာ လာလီဂါကလပ်
ဆီဗီလာနဲ့ ပွဲကျပ်ရင်ဆိုင်ရမှာဖြစ်ပါတယ်။