အစ္စမေလာဆာက ဂျရတ်အတွက် ဖြေဆေးလား

ရာသီစ(၃)ပွဲမှာ နှစ်ပွဲရှုံး တစ်ပွဲသာနိုင်ထားတဲ့ နည်းပြဂျရတ်ရဲ့ ဗီလာဟာ ဝက်ဖို့ဒ်တောင်ပံတိုက်စစ်မှူး အစ္စမေလာ ဆာကို ပေါင် ၂၅သန်းအပြင် အပိုဆောင်းကြေးတချို့နဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားခဲ့ပါပြီ။

ဗီလာနဲ့သဘောတူ ညီမှုရပြီးနောက် ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ်ဟာ ပရက်စတန်နဲ့ပွဲမှာ အစ္စမေလာဆာကို အသင်းစာရင်းကနေ ချန်လှပ်ခဲ့တာတွေ့ရပါတယ်။ ဝက်ဖို့ဒ်နည်းပြ ရော့အက်ဝက်ဒ်ကတော့

အသက် ၂၄နှစ်အရွယ် အစ္စမေလာဆာမှာ ဒဏ်ရာပြဿနာရှိနေလို့ဆိုပြီးအကြောင်းပြခဲ့ပါတယ်။ ဆီနီဂေါလက်ရွေးစင်လည်းဖြင်တဲ့ အစ္စမေလာဆာဟာ ၂၀၁၉ခုနှစ်မှာ ပြင်သစ်ကလပ် ရန်းနက်စ်ကနေ ဝက်ဖို့ဒ်ကိုရောက်လာခဲ့တာပါ။

ပြိုင်ပွဲစုံ ၉၅ပွဲကစားပေးထားပြီး ၂၅ဂိုးသွင်းပေးထားနိုင်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ကို ဝက်ဖို့ဒ်တန်းပြန် တက်ခွင့်ရခဲ့ရာမှာ အစ္စမေလာဆာရဲ့ သွင်းဂိုး ၂၃ဂိုးက

အဓိကကျခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ပရီးမီးယားလိဂ်မှာ ဝက်ဖို့ဒ်နဲ့အတူရုန်းကန်ခဲ့ရပြီး ချန်ပီယံရှစ်ကိုပြန်ရောက်သွားခဲ့တာဖြစ် ပါတယ်။ အခုရာသီသစ်မှာတော့

အစ္စမေလာဆာဟာ ချန်ပီယံရှစ်မှာ ဝက်ဖို့ဒ်နဲ့အတူခြေစွမ်းပြန်ပြနေတာလည်းဖြစ် ပါတယ်။ အဲဒါကြောင့်လည်း ရာသီအစမှာ ၃ ဂိုးသာသွင်းထားနိုင်သေးတဲ့ ဗီလာတိုက်စစ်ကို ပြင်ဆင်ဖို့လုပ်နေတဲ့ ဂျရတ်ဟာ အစ္စမေလာဆာကို ခေါ်ယူဖို့ မျက်စီကျခဲ့တာလည်း

ဖြစ်ပါတယ်။ အစ္စမေလာဆာဟာ ဝက်ဖို့ဒ်နဲ့အတူ ပရီးမီးယားလိဂ်ကိုရောက်လာခဲ့စဉ်ကတော့ သွင်းဂိုး ၅ဂိုးသာ သွင်းထားနိုင်ခဲ့တာပါ။ ဒါကြောင့် နည်းပြဂျရတ် အတွက် အချိန်မီဖြေဆေးဖြစ် မဖြစ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

(zawgyi)

ရာသီစ(၃)ပြဲမွာ ႏွစ္ပြဲရႈံး တစ္ပြဲသာႏိုင္ထားတဲ့ နည္းျပဂ်ရတ္ရဲ႕ ဗီလာဟာ ဝက္ဖို႔ဒ္ေတာင္ပံတိုက္စစ္မႉး အစၥေမလာ ဆာကို ေပါင္ ၂၅သန္းအျပင္ အပိုေဆာင္းေၾကးတခ်ိဳ႕နဲ႔ေခၚယူဖို႔ သေဘာတူညီမႈရထားခဲ့ပါၿပီ။

ဗီလာနဲ႔သေဘာတူ ညီမႈရၿပီးေနာက္ ခ်န္ပီယံရွစ္ကလပ္ ဝက္ဖို႔ဒ္ဟာ ပရက္စတန္နဲ႔ပြဲမွာ အစၥေမလာဆာကို အသင္းစာရင္းကေန ခ်န္လွပ္ခဲ့တာေတြ႕ရပါတယ္။ ဝက္ဖို႔ဒ္နည္းျပ ေရာ့အက္ဝက္ဒ္ကေတာ့

အသက္ ၂၄ႏွစ္အ႐ြယ္ အစၥေမလာဆာမွာ ဒဏ္ရာျပႆနာရွိေနလို႔ဆိုၿပီးအေၾကာင္းျပခဲ့ပါတယ္။ ဆီနီေဂါလက္ေ႐ြးစင္လည္းျဖင္တဲ့ အစၥေမလာဆာဟာ ၂၀၁၉ခုႏွစ္မွာ ျပင္သစ္ကလပ္ ရန္းနက္စ္ကေန ဝက္ဖို႔ဒ္ကိုေရာက္လာခဲ့တာပါ။

ၿပိဳင္ပြဲစုံ ၉၅ပြဲကစားေပးထားၿပီး ၂၅ဂိုးသြင္းေပးထားႏိုင္တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၂၀-၂၁ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ကို ဝက္ဖို႔ဒ္တန္းျပန္ တက္ခြင့္ရခဲ့ရာမွာ အစၥေမလာဆာရဲ႕ သြင္းဂိုး ၂၃ဂိုးက အဓိကက်ခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာေတာ့ ပရီးမီးယားလိဂ္မွာ ဝက္ဖို႔ဒ္နဲ႔အတူ႐ုန္းကန္ခဲ့ရၿပီး ခ်န္ပီယံရွစ္ကိုျပန္ေရာက္သြားခဲ့တာျဖစ္ ပါတယ္။ အခုရာသီသစ္မွာေတာ့ အစၥေမလာဆာဟာ ခ်န္ပီယံရွစ္မွာ ဝက္ဖို႔ဒ္နဲ႔အတူေျခစြမ္းျပန္ျပေနတာလည္းျဖစ္ ပါတယ္။

အဲဒါေၾကာင့္လည္း ရာသီအစမွာ ၃ ဂိုးသာသြင္းထားႏိုင္ေသးတဲ့ ဗီလာတိုက္စစ္ကို ျပင္ဆင္ဖို႔လုပ္ေနတဲ့ ဂ်ရတ္ဟာ အစၥေမလာဆာကို ေခၚယူဖို႔ မ်က္စီက်ခဲ့တာလည္းျဖစ္ပါတယ္။

အစၥေမလာဆာဟာ ဝက္ဖို႔ဒ္နဲ႔အတူ ပရီးမီးယားလိဂ္ကိုေရာက္လာခဲ့စဥ္ကေတာ့ သြင္းဂိုး ၅ဂိုးသာ သြင္းထားႏိုင္ခဲ့တာပါ။ ဒါေၾကာင့္ နည္းျပဂ်ရတ္ အတြက္ အခ်ိန္မီေျဖေဆးျဖစ္ မျဖစ္ဆိုတာကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။