အစ္စကိုဟာ လာမယ့်နွေရာသီတွင်ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးပါက မဟာပြိုင်ဘက်ဘာစီလိုနာသို့ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေ

ရီးရဲလ်မက်ဒရစ်အလယ်တန်းကစားသမားအစ္စကိုဟာလာမယ့်နွေရာသီတွင်

ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးပါက မဟာပြိုင်ဘက်

ဘာစီလိုနာသို့ပြောင်းရွှေ့ကစားရန်ဆန္ဒရှိနေကြောင်းသိရပါတယ်။

စပိန်ကွင်းလယ်ဖန်တီးရှင်ဟာယခုရာသီမှာလာလီဂါမှာ၂ပွဲတည်းသာ

ပွဲထွက်ခွင့်ရရှိထားပြီး မာယော့ကာအား ၆-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲမှာ တစ်ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

ကတ်တလန်အခြေစိုက်သတင်းစာ El National က အစ္စကိုဟာ

ဘာစီလိုနာသို့ပြောင်းရွှေ့ကစားလိုနေကြောင်းသိရပါတယ်။ တကယ်လို့

အပြောင်းအရွှေ့ဖြစ်လာခဲ့မယ်ဆိုရင် ၁၄ နှစ်အတွင်း ကလပ်နှစ်ခုအကြား

ပထမဆုံးအပြောင်းအရွှေ့ဖြစ်လာပါမယ်။ လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက ဆာဗီယိုလာက

ဘာကာကနေ ရီးရဲလ်သို့ပြောင်းပြီးနောက် ပထမဆုံးအပြောင်းအရွှေ့ဖြစ်လာပါမယ်။

အသက် ၂၉နှစ်ရှိ အစ္စကိုဟာ ရီးရဲလ်မက်ဒရစ်အတွက် ၃၄၂ ပွဲကစားထားရာမှာ

၅၂ ဂိုးသွင်းယူပြီး ၅၆ ကြိမ်ဖန်တီးထားနိုင်ပါတယ်။ သူဟာ ရီးရဲလ်မက်ဒရစ်တွင်

ကစားတဲ့ရှစ်ရာသီအတွင်းမှာချန်ပီယံလိဂ်ဖလားလေးကြိမ်၊

ဖီဖာကမ္ဘာ့ကလပ်ဖလား၄ကြိမ်၊ဥရောပစူပါဖလား၃ကြိမ်၊လာလီဂါဖလား၂ကြိမ်၊

စပိန်စူပါဖလား၂ကြိမ်နှင့်ကိုပါဒယ်ရေးဖလား၁ကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

zawgyi

အစၥကိုဟာ လာမယ့္ေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးပါက မဟာၿပိဳင္ဘက္ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားရန္ ဆႏၵရွိေန

ရီးရဲလ္မက္ဒရစ္အလယ္တန္းကစားသမားအစၥကိုဟာလာမယ့္ေႏြရာသီတြင္

ရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးပါက မဟာၿပိဳင္ဘက္

ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားရန္ဆႏၵရွိေနေၾကာင္းသိရပါတယ္။

စပိန္ကြင္းလယ္ဖန္တီးရွင္ဟာယခုရာသီမွာလာလီဂါမွာ၂ပြဲတည္းသာ

ပြဲထြက္ခြင့္ရရွိထားၿပီး မာေယာ့ကာအား ၆-၁ ဂိုးျဖင့္ အႏိုင္ရရွိတဲ့ပြဲမွာ တစ္ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။

ကတ္တလန္အေျခစိုက္သတင္းစာ El National က အစၥကိုဟာ

ဘာစီလိုနာသို႔ေျပာင္းေ႐ႊ႕ကစားလိုေနေၾကာင္းသိရပါတယ္။ တကယ္လို႔

အေျပာင္းအေ႐ႊ႕ျဖစ္လာခဲ့မယ္ဆိုရင္ ၁၄ ႏွစ္အတြင္း ကလပ္ႏွစ္ခုအၾကား

ပထမဆုံးအေျပာင္းအေ႐ႊ႕ျဖစ္လာပါမယ္။ လြန္ခဲ့တဲ့ ၁၄ ႏွစ္တုန္းက

ဆာဗီယိုလာကဘာကာကေနရီးရဲလ္သို႔ေျပာင္းၿပီးေနာက္ ပထမဆုံးအေျပာင္းအေ႐ႊ႕ျဖစ္လာပါမယ္။

အသက္ ၂၉ႏွစ္ရွိ အစၥကိုဟာ ရီးရဲလ္မက္ဒရစ္အတြက္ ၃၄၂ ပြဲကစားထားရာမွာ

၅၂ ဂိုးသြင္းယူၿပီး ၅၆ ႀကိမ္ဖန္တီးထားႏိုင္ပါတယ္။ သူဟာ ရီးရဲလ္မက္ဒရစ္တြင္

ကစားတဲ့ရွစ္ရာသီအတြင္းမွာခ်န္ပီယံလိဂ္ဖလားေလးႀကိမ္၊

ဖီဖာကမာၻ႔ကလပ္ဖလား၄ႀကိမ္၊ဥေရာပစူပါဖလား၃ႀကိမ္၊လာလီဂါဖလား၂ႀကိမ္၊

စပိန္စူပါဖလား၂ႀကိမ္ႏွင့္ကိုပါဒယ္ေရးဖလား၁ႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။