အစောဆုံးပွဲ ဖီအိုနဲ့လက်တွဲ၊ ဗီရိုနာနဲ့ အူဒီးနီးစ် သရေရသွားရင် အံ့သြစရာမရှိဘူး အဖြေရှာကြည့်မိတဲ့ တနင်္ဂနွေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)

ဖီအိုရင်တီးနား 🆚 ဘိုလော့ဂ်နာ

ဖီအိုရင်တီးနား ဘော်ဒီဈေးတက်လာတယ်။ ဖီအိုဟာ ပြိုင်ပွဲစုံ ၃ ပွဲဆက်

နိုင်ပွဲပျောက်ခဲ့ပေမယ့် ကစားပုံညံ့သွားတာတော့မဟုတ် ဘူး။

ဘိုလော့ဂ်နာကိုဧည့်ခံတိုင်းလည်း ဖီအို ရလဒ်ကောင်းခဲ့ပြီး

နောက်ဆုံး ၉ပွဲမှာ ၇ပွဲနိုင်ခဲ့တယ်။ ဘိုလော့ဂ်နာက  နောက်ဆုံး ၅ပွဲမှာ ၁ပွဲသာရှုံးခဲ့ပြီး

ခြေတက်လာသလိုရှိပေမယ့် အသင်းငယ်တွေနဲ့သာ ရင်ဆိုင်ခဲ့ရလို့ပါ။

အဝေးကွင်း ၄ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရာမှာလည်း

ဆလာနီတာနာနဲ့သရေကျခဲ့တာက လွဲရင် ကက်ဂလီယာရီ၊

ဗီရိုနာနဲ့ လာဇီယိုတို့ကို ရှုံးခဲ့တယ်။ ဂိုး မပြတ်တောင် ဖီအို နိုင်ပွဲပြန်ရှာတွေ့မှာပါ။

ရွေးချယ်မှု – ဖီအိုရင်တီးနား

ဗီရိုနာ 🆚 နာပိုလီ

ဗီရိုနာက အပြောမဟုတ် တကယ်စွမ်းတယ်ဆိုတာ

ရလဒ်တွေ ကသက်သေပြနေတယ်။

နောက်ဆုံး ၁၀ပွဲမှာဆိုရင် ၂ပွဲသာရှုံး ခဲ့သလို ဂိုးမသွင်းနိုင်တာလည်း ၁ပွဲသာရှိခဲ့တယ်။

အိမ်ကွင်း ၃ ပွဲဆက်နိုင်ခဲ့ရာမှာလည်း ၉ဂိုးသွင်းနိုင်ခဲ့တယ်။

ဒီရာသီ ဗီရိုနာ တိုက်စစ်က အင်တာ၊ အေစီမီလန်နဲ့လာဇီယိုပြီးရင် အကောင်း ဆုံးပါပဲ။

နာပိုလီက ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲမှာ ၁ပွဲသာနိုင်ခဲ့ပြီး ခြေစွမ်းယိမ်းယိုင်နေတာပါ။

ပြီးခဲ့တဲ့ရာသီ ၂ကျော့လုံး ဗီရိုနာ ကို နာပိုလီ မနိုင်ခဲ့သလို ဒီရာသီအိမ်ကွင်းမှာလည်း

၁-၁ သာ ကစားနိုင်ခဲ့ပါတယ်။ ဗီရိုနာ သရေရသွားရင် အံ့သြစရာမရှိပါ ဘူး။

ရွေးချယ်မှု – ဗီရိုနာ

အတ္တလန္တာ 🆚 ဂျီနိုအာ

အတ္တလန္တာတိုက်စစ် ပုံမှန်ပြန်ဖြစ်လာပြီလို့ဆိုနိုင်တယ်။

ပြိုင်ပွဲ စုံ နောက်ဆုံး ၄ပွဲမှာဆိုရင် ၃ဂိုးနဲ့အထက်သွင်းနိုင်တာ ၃ပွဲရှိခဲ့ တယ်။

ဒီရာသီ ပြိုင်ပွဲစုံအိမ်ကွင်း ပွဲ ၂၀ မှာလည်း အတ္တလန္တာ ဂိုးမသွင်းနိုင်တာ ၂ပွဲသာရှိခဲ့တာပါ။

ဂျီနိုအာကတော့ သရေပွဲ ဘုရင်အသင်းလို့ဆိုနိုင်ပြီး နည်းပြသစ်ကိုင်ခဲ့တဲ့ ၆ပွဲလုံးသရေ ကျခဲ့တယ်။

အတ္တလန္တာဂိုးသွင်းအားတက်လာပေမယ့် ရိုးမားနဲ့ အင်တာကို ဝ-၀ ကစားပြခဲ့တဲ့

ဂျီနိုအာခံစစ်ကလည်း ပေါ့သေး သေးမဟုတ်ဘူး။

အတ္တလန္တာ ဘော်ဒီဈေးပြင်းပြီး ဂိုးပေါင်းဈေး ပျော့နေတာမို့ ဂိုးအောက် စွန့်စားရွေးသင့်တယ်။

ရွေးချယ်မှု – ဂိုးအောက်

အူဒီးနီးစ် 🆚 ရိုးမား

ရိုးမား ဘော်ဒီဈေးကျလာတယ်။ ရိုးမားဟာ နိုင်ပွဲတွေသာရနေ ပေမယ့်

ဂိုးသွင်းနှုန်းအားရစရာမရှိဘဲ ပြိုင်ပွဲစုံ ၃ပွဲဆက်နိုင်ခဲ့ရာ မှာ ၁ပွဲ ၁ဂိုးထက် ပိုမသွင်းနိုင်ခဲ့ဘူး။

အူဒီးနီးစ်က အိမ်ကွင်းမာ တဲ့အသင်းဖြစ်ပြီး ပြိုင်ပွဲစုံ

နောက်ဆုံးအိမ်ကွင်း ၁၀ပွဲမှာ ၁ပွဲသာ ရှုံးခဲ့တာပါ။

အိမ်ကွင်း Dacia Arena မှာဆိုရင် ဂျူဗင်တပ်၊ အေ စီမီလန်နဲ့လာဇီယိုကိုတောင်

အူဒီးနီးစ် သရေကစားနိုင်ခဲ့တာပါ။ ရိုးမားကိုဧည့်ခံတိုင်း အူဒီးနီးစ်

ရုန်းကန်ရတာများပေမယ့် ဒီတစ် ကြိမ်တော့ အမှတ်ခွဲယူနိုင်မှာပါ။

ရွေးချယ်မှု – အူဒီးနီးစ်

တိုရီနို 🆚 အင်တာမီလန်

ချန်ပီယံလိဂ်အိပ်မက်ပျက်ပြယ်သွားပေမယ့် လီဗာပူးကို ရှုံးကြွေး ဆပ်နိုင်ခဲ့တာမို့

အင်တာတစ်သင်းလုံးယုံကြည်မှုရနေမှာပါ။ မနေ့ ညက အေစီမီလန်

နိုင်ပွဲရသွားတဲ့အတွက်လည်း အင်တာ သရေ တောင်ကျလို့မရတော့ပါဘူး။

တိုရီနိုက လတ်တလောကြွေကျနေ ပြီး ၆ပွဲဆက်နိုင်ပွဲပျောက်ခဲ့တယ်။

အိမ်ကွင်းမှာတောင်အရင်ကလို စိတ်ချလို့မရတော့ဘဲ ၃ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပြီး

ကက်ဂလီယာရီ နဲ့ ဗီနီဇီယာကိုရှုံးခဲ့ရတယ်။ အပြန်အလှန်တွေ့ဆုံမှု ၅ပွဲဆက်နိုင်ခဲ့ သလို

တိုရီနိုကွင်းမှာလည်း ၂ပွဲဆက်နိုင်ထားတဲ့ အင်တာ အမှတ် ပြည့်ရသွားမှာပါ။

ရွေးချယ်မှု – အင်တာမီလန်

zawgyi

အေစာဆုံးပြဲ ဖီအိုနဲ႔လက္တြဲ၊ ဗီ႐ိုနာနဲ႔ အူဒီးနီးစ္ သေရရသြားရင္ အံ့ၾသစရာမရွိဘူး အေျဖရွာၾကည့္မိတဲ့ တနဂၤေႏြည စီးရီးေအ အေမးပုစာၦ (ေကာင္းပိုင္)

ဖီအိုရင္တီးနား ဘိုေလာ့ဂ္နာ

ဖီအိုရင္တီးနား ေဘာ္ဒီေဈးတက္လာတယ္။ ဖီအိုဟာ ၿပိဳင္ပြဲစုံ ၃ ပြဲဆက္

ႏိုင္ပြဲေပ်ာက္ခဲ့ေပမယ့္ ကစားပုံညံ့သြားတာေတာ့မဟုတ္ ဘူး။

ဘိုေလာ့ဂ္နာကိုဧည့္ခံတိုင္းလည္း ဖီအို ရလဒ္ေကာင္းခဲ့ၿပီး

ေနာက္ဆုံး ၉ပြဲမွာ ၇ပြဲႏိုင္ခဲ့တယ္။ ဘိုေလာ့ဂ္နာက  ေနာက္ဆုံး ၅ပြဲမွာ ၁ပြဲသာရႈံးခဲ့ၿပီး

ေျခတက္လာသလိုရွိေပမယ့္ အသင္းငယ္ေတြနဲ႔သာ ရင္ဆိုင္ခဲ့ရလို႔ပါ။

အေဝးကြင္း ၄ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့ရာမွာလည္း

ဆလာနီတာနာနဲ႔သေရက်ခဲ့တာက လြဲရင္ ကက္ဂလီယာရီ၊

ဗီ႐ိုနာနဲ႔ လာဇီယိုတို႔ကို ရႈံးခဲ့တယ္။ ဂိုး မျပတ္ေတာင္ ဖီအို ႏိုင္ပြဲျပန္ရွာေတြ႕မွာပါ။

ေ႐ြးခ်ယ္မႈ – ဖီအိုရင္တီးနား

ဗီ႐ိုနာ နာပိုလီ

ဗီ႐ိုနာက အေျပာမဟုတ္ တကယ္စြမ္းတယ္ဆိုတာ

ရလဒ္ေတြ ကသက္ေသျပေနတယ္။

ေနာက္ဆုံး ၁၀ပြဲမွာဆိုရင္ ၂ပြဲသာရႈံး ခဲ့သလို ဂိုးမသြင္းႏိုင္တာလည္း ၁ပြဲသာရွိခဲ့တယ္။

အိမ္ကြင္း ၃ ပြဲဆက္ႏိုင္ခဲ့ရာမွာလည္း ၉ဂိုးသြင္းႏိုင္ခဲ့တယ္။

ဒီရာသီ ဗီ႐ိုနာ တိုက္စစ္က အင္တာ၊ ေအစီမီလန္နဲ႔လာဇီယိုၿပီးရင္ အေကာင္း ဆုံးပါပဲ။

နာပိုလီက ၿပိဳင္ပြဲစုံေနာက္ဆုံး ၆ပြဲမွာ ၁ပြဲသာႏိုင္ခဲ့ၿပီး ေျခစြမ္းယိမ္းယိုင္ေနတာပါ။

ၿပီးခဲ့တဲ့ရာသီ ၂ေက်ာ့လုံး ဗီ႐ိုနာ ကို နာပိုလီ မႏိုင္ခဲ့သလို ဒီရာသီအိမ္ကြင္းမွာလည္း

၁-၁ သာ ကစားႏိုင္ခဲ့ပါတယ္။ ဗီ႐ိုနာ သေရရသြားရင္ အံ့ၾသစရာမရွိပါ ဘူး။

ေ႐ြးခ်ယ္မႈ – ဗီ႐ိုနာ

အတၱလႏၲာ ဂ်ီႏိုအာ

အတၱလႏၲာတိုက္စစ္ ပုံမွန္ျပန္ျဖစ္လာၿပီလို႔ဆိုႏိုင္တယ္။

ၿပိဳင္ပြဲ စုံ ေနာက္ဆုံး ၄ပြဲမွာဆိုရင္ ၃ဂိုးနဲ႔အထက္သြင္းႏိုင္တာ ၃ပြဲရွိခဲ့ တယ္။

ဒီရာသီ ၿပိဳင္ပြဲစုံအိမ္ကြင္း ပြဲ ၂၀ မွာလည္း အတၱလႏၲာ ဂိုးမသြင္းႏိုင္တာ ၂ပြဲသာရွိခဲ့တာပါ။

ဂ်ီႏိုအာကေတာ့ သေရပြဲ ဘုရင္အသင္းလို႔ဆိုႏိုင္ၿပီး နည္းျပသစ္ကိုင္ခဲ့တဲ့ ၆ပြဲလုံးသေရ က်ခဲ့တယ္။

အတၱလႏၲာဂိုးသြင္းအားတက္လာေပမယ့္ ႐ိုးမားနဲ႔ အင္တာကို ဝ-၀ ကစားျပခဲ့တဲ့

ဂ်ီႏိုအာခံစစ္ကလည္း ေပါ့ေသး ေသးမဟုတ္ဘူး။

အတၱလႏၲာ ေဘာ္ဒီေဈးျပင္းၿပီး ဂိုးေပါင္းေဈး ေပ်ာ့ေနတာမို႔ ဂိုးေအာက္ စြန႔္စားေ႐ြးသင့္တယ္။

ေ႐ြးခ်ယ္မႈ – ဂိုးေအာက္

အူဒီးနီးစ္ ႐ိုးမား

႐ိုးမား ေဘာ္ဒီေဈးက်လာတယ္။ ႐ိုးမားဟာ ႏိုင္ပြဲေတြသာရေန ေပမယ့္

ဂိုးသြင္းႏႈန္းအားရစရာမရွိဘဲ ၿပိဳင္ပြဲစုံ ၃ပြဲဆက္ႏိုင္ခဲ့ရာ မွာ ၁ပြဲ ၁ဂိုးထက္ ပိုမသြင္းႏိုင္ခဲ့ဘူး။

အူဒီးနီးစ္က အိမ္ကြင္းမာ တဲ့အသင္းျဖစ္ၿပီး ၿပိဳင္ပြဲစုံ

ေနာက္ဆုံးအိမ္ကြင္း ၁၀ပြဲမွာ ၁ပြဲသာ ရႈံးခဲ့တာပါ။

အိမ္ကြင္း Dacia Arena မွာဆိုရင္ ဂ်ဴဗင္တပ္၊ ေအ စီမီလန္နဲ႔လာဇီယိုကိုေတာင္

အူဒီးနီးစ္ သေရကစားႏိုင္ခဲ့တာပါ။ ႐ိုးမားကိုဧည့္ခံတိုင္း အူဒီးနီးစ္

႐ုန္းကန္ရတာမ်ားေပမယ့္ ဒီတစ္ ႀကိမ္ေတာ့ အမွတ္ခြဲယူႏိုင္မွာပါ။

ေ႐ြးခ်ယ္မႈ – အူဒီးနီးစ္

တိုရီႏို အင္တာမီလန္

ခ်န္ပီယံလိဂ္အိပ္မက္ပ်က္ျပယ္သြားေပမယ့္ လီဗာပူးကို ရႈံးေႂကြး ဆပ္ႏိုင္ခဲ့တာမို႔

အင္တာတစ္သင္းလုံးယုံၾကည္မႈရေနမွာပါ။ မေန႔ ညက ေအစီမီလန္

ႏိုင္ပြဲရသြားတဲ့အတြက္လည္း အင္တာ သေရ ေတာင္က်လို႔မရေတာ့ပါဘူး။

တိုရီႏိုက လတ္တေလာေႂကြက်ေန ၿပီး ၆ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့တယ္။

အိမ္ကြင္းမွာေတာင္အရင္ကလို စိတ္ခ်လို႔မရေတာ့ဘဲ ၃ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ၿပီး

ကက္ဂလီယာရီ နဲ႔ ဗီနီဇီယာကိုရႈံးခဲ့ရတယ္။ အျပန္အလွန္ေတြ႕ဆုံမႈ ၅ပြဲဆက္ႏိုင္ခဲ့ သလို

တိုရီႏိုကြင္းမွာလည္း ၂ပြဲဆက္ႏိုင္ထားတဲ့ အင္တာ အမွတ္ ျပည့္ရသြားမွာပါ။

ေ႐ြးခ်ယ္မႈ – အင္တာမီလန္