အစိုးရ အာဏာစက်အောက်ရှိနေတဲ့ တူနီးရှားအသင်းကို ပြိုင်ပွဲကထုတ်ပစ်မယ်လို့ ဖီဖာ ခြိမ်းခြောက်

တူနီးရှားလက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားကစားခွင့်ပိတ်ပင်ခံရနိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရပြီလို့ BBC ကဖော်ပြခဲ့ပါတယ်။ တူနီးရှားအစိုးရဘက်က ဘောလုံးအဖွဲ့ချုပ်လုပ်ပိုင်ခွင့်တွေကို

နိုင်ငံရေးနဲ့ရောယှက်ပြီး ဝင်ရောက်စွက်ဖက်နေတယ်လို့ ဖီဖာက ယူဆနေတာဖြစ်တယ်။ ဖီဖာရဲ့သတ်မှတ်ချက်တွေထဲမှာတော့ ပြိုင်ပွဲဝင်နိုင်ငံတွေအနေနဲ့ တရားဥပဒေအပါအဝင်

နိုင်ငံရေးအရစွက်ဖက်ခြင်းကင်းစင်ရမယ်လို့ ပါရှိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ တူနီးရှားအားကစားဝန်ကြီး ကာမယ်ဒီဂူချီက ‘ဖက်ဒရယ်ဗျူရိုဖျက်သိမ်းခြင်း’ ဖြစ်နိုင်ချေနဲ့ပတ်သတ်လို့

ထပ်တလဲလဲပြောဆိုနေပြီး ယူကရိန်းကျူးကျော်စစ်မှာ ရုရှားကိုထောက်ပံ့နေတဲ့ အီရန်ကို ကမ္ဘာ့ဖလားကထုတ်ပယ်ဖို့တောင်းဆိုခဲ့ပါတယ်။ ဖီဖာကတော့ တူနီးရှားဘောလုံးအဖွဲ့ချုပ်အနေနဲ့

အစိုးရလောင်းရိပ်အောက်က ရုန်းထွက်ဖို့ သတိပေးပြောဆိုမှုတွေပြုလုပ်ထားပြီးဖြစ်တယ်။ ဖီဖာဟာ အစိုးရဝင်ရောက်စွက်ဖက်မှုရှိခဲ့တဲ့ ဇင်ဘာဘွေနဲ့ ကင်ညာနိုင်ငံတွေကို

ဘောလုံးလောကနဲ့ဝေးကွာစေဖို့ ဆိုင်းငံ့ပြစ်ဒဏ်တွေ ချမှတ်ခဲ့သလို ပြီးခဲ့တဲ့ဩဂုတ်လအတွင်း ‘တတိယပါတီဝင်တွေရဲ့ မမျှတတဲ့ဩဇာလွှမ်းမိုးမှုကြောင့်’ အိန္ဒိယအသင်းကို

ဆိုင်ငံ့ပြစ်ဒဏ်ချမှတ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အိန္ဒိယနဲ့ပတ်သတ်တဲ့ပြစ်ဒဏ်ကို ဖီဖာဘက်က လျှော့ချပေးခဲ့တာဖြစ်တယ်။ Open Stadiums ကလူ့အခွင့်အရေး အဖွဲ့ဝင်တွေဟာ

အမျိုးသမီးတွေအပေါ်မတရားဖိနှိပ်လွန်းတဲ့ အီရန်ကို ကမ္ဘာ့ဖလားကထုတ်ပယ်ဖို့ တောင်းဆိုထားသလို ဗြိတိန်ကာကွယ်ရေးဝန်ကြီးငှာနဘက်ကလည်း ယူကရိန်းနိုင်ငံတဝှမ်းပစ်မှတ်တွေကို

တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ မောင်းသူမဲ့လေယာဉ်(UAV) တွေအတွက် ရုရှားကို အီရန်ကဆက်လက် ထောက်ပံ့နေတယ်လို့ ပြောဆိုပြီး ဖီဖာကိုဖိအားပေးမှုတွေဆက် တိုက်ပြုလုပ်ခဲ့ကြပါတယ်။

တူနီးရှားကတော့ ကမ္ဘာ့ဖလားပါဝင်ခွင့်အတွက် သတိပေးခြင်းခံရတဲ့ နောက်ဆုံးနိုင်ငံဖြစ်ပါတယ်။

(Zawgyi)

အစိုးရ အာဏာစက္ေအာက္ရွိေနတဲ့ တူနီးရွားအသင္းကို ၿပိဳင္ပြဲကထုတ္ပစ္မယ္လို႔ ဖီဖာ ၿခိမ္းေျခာက္

တူနီးရွားလက္ေ႐ြးစင္အသင္းဟာ ကမာၻ႔ဖလားကစားခြင့္ပိတ္ပင္ခံရႏိုင္တဲ့အေရးနဲ႔ ရင္ဆိုင္ေနရၿပီလို႔ BBC ကေဖာ္ျပခဲ့ပါတယ္။ တူနီးရွားအစိုးရဘက္က

ေဘာလုံးအဖြဲ႕ခ်ဳပ္လုပ္ပိုင္ခြင့္ေတြကို ႏိုင္ငံေရးနဲ႔ေရာယွက္ၿပီး ဝင္ေရာက္စြက္ဖက္ေန တယ္လို႔ ဖီဖာက ယူဆေနတာျဖစ္တယ္။ ဖီဖာရဲ႕သတ္မွတ္ခ်က္ေတြထဲမွာေတာ့

ၿပိဳင္ပြဲဝင္ႏိုင္ငံေတြအေနနဲ႔ တရားဥပေဒအပါအဝင္ ႏိုင္ငံေရးအရစြက္ဖက္ျခင္းကင္းစင္ရမယ္လို႔ ပါရွိၿပီးသားျဖစ္ပါတယ္။ ဒါေပမဲ့ တူနီးရွားအားကစားဝန္ႀကီး

ကာမယ္ဒီဂူခ်ီက ‘ဖက္ဒရယ္ဗ်ဴ႐ိုဖ်က္သိမ္းျခင္း’ ျဖစ္ႏိုင္ေခ်နဲ႔ပတ္သတ္လို႔ ထပ္တလဲလဲေျပာဆိုေနၿပီး ယူကရိန္းက်ဴးေက်ာ္စစ္မွာ ႐ုရွားကိုေထာက္ပံ့ေနတဲ့ အီရန္ကို

ကမာၻ႔ဖလားကထုတ္ပယ္ဖို႔ေတာင္းဆိုခဲ့ပါတယ္။ ဖီဖာကေတာ့ တူနီးရွားေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ အစိုးရေလာင္းရိပ္ေအာက္က ႐ုန္းထြက္ဖို႔

သတိေပးေျပာဆိုမႈေတြျပဳလုပ္ထားၿပီးျဖစ္တယ္။ ဖီဖာဟာ အစိုးရဝင္ေရာက္စြက္ဖက္မႈရွိခဲ့တဲ့ ဇင္ဘာေဘြနဲ႔ ကင္ညာႏိုင္ငံေတြကို ေဘာလုံးေလာကနဲ႔ေဝးကြာေစဖို႔

ဆိုင္းငံ့ျပစ္ဒဏ္ေတြခ်မွတ္ခဲ့သလို ၿပီးခဲ့တဲ့ဩဂုတ္လအတြင္း ‘တတိယပါတီဝင္ေတြရဲ႕ မမွ်တတဲ့ဩဇာလႊမ္းမိုးမႈေၾကာင့္’ အိႏၵိယအသင္းကို ဆိုင္ငံ့ျပစ္ဒဏ္ခ်မွတ္ခဲ့ဖူးပါတယ္။

ေနာက္ပိုင္းမွာေတာ့ အိႏၵိယနဲ႔ပတ္သတ္တဲ့ျပစ္ဒဏ္ကို ဖီဖာဘက္က ေလွ်ာ့ခ်ေပးခဲ့တာျဖစ္တယ္။ Open Stadiums ကလူ႔အခြင့္အေရး အဖြဲ႕ဝင္ေတြဟာ

အမ်ိဳးသမီးေတြအေပၚမတရားဖိႏွိပ္လြန္းတဲ့ အီရန္ကို ကမာၻ႔ဖလားကထုတ္ပယ္ဖို႔ေတာင္းဆိုထားသလို ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးငွာနဘက္ကလည္း

ယူကရိန္းႏိုင္ငံတဝွမ္းပစ္မွတ္ေတြကို တိုက္ခိုက္ရာမွာ အသုံးျပဳခဲ့တဲ့ ေမာင္းသူမဲ့ေလယာဥ္(UAV) ေတြအတြက္ ႐ုရွားကို အီရန္ကဆက္လက္ေထာက္ပံ့ေနတယ္လို႔

ေျပာဆိုၿပီး ဖီဖာကိုဖိအားေပးမႈေတြဆက္ တိုက္ျပဳလုပ္ခဲ့ၾကပါတယ္။ တူနီးရွားကေတာ့ ကမာၻ႔ဖလားပါဝင္ခြင့္အတြက္ သတိေပးျခင္းခံရတဲ့ ေနာက္ဆုံးႏိုင္ငံျဖစ္ပါတယ္။