အစိုးရကိုဆန့်ကျင်ခဲ့တဲ့ ချန်ပီယံကမ်းခြေဘောလုံးအသင်းကို အီရန်တပ်က သိမ်းပိုက်လိုက်
အီရန်အာဏာပိုင်တွေဟာ အမျိုးသားကမ်းခြေ ဘောလုံးအသင်းတစ်သင်းလုံးကို တပ်ဖွဲ့အကူအညီနဲ့ သိမ်းပိုက်ခဲ့ပါတယ်။ နိုင်ငံတကာစင်မြင့်ပေါ်မှာ အစိုးရဆန့်ကျင်သူတွေကို
ထောက်ခံကြောင်းပြသဖို့အတွက် ကစားသမားတွေဘက်က ရွေးချယ်ခဲ့တဲ့နောက် အခုလိုထိန်းချုပ်ခံခဲ့ရတာဖြစ်တယ်။ ယူအေအီးနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့
The Emirates Intercontinental Beach Soccer Cup ဗိုလ်လုပွဲမှာ အီရန်က ဘရာဇီးအသင်းကိုအနိုင်ယူခဲ့သလို အနိုင်ဂိုးရှင်ပီရာမွန်းဟာ
ဒီပွဲရဲ့သူရဲကောင်းအဖြစ် ထွက်ပေါ်လာခဲ့တာဖြစ်တယ်။ အနိုင်ရဖို့ 6သလုမျောပါးကစားခဲ့ရတဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ ပီရာမွန်းက
ဆံပင်ကိုလက်နဲ့ဆုပ်ပြီးညှက်ဖြတ်တဲ့ပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒါဟာ အီရန်အစိုးရရဲ့အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံတာကို ရှုတ်ချတဲ့ဟန်ပန်ဖြစ်ပြီး
အချုပ်ခန်းထဲမှာ အမီနီ6သဆုံးခဲ့ပြီး နိုင်ငံရေးအခြေအနေမငြိမ်သက်မှုတွေနဲ့ပတ်သတ်တဲ့ခံစားချက်ကို ထုတ်ဖော်ဖို့အတွက် ကစားသမားတွေက ဒီဂိမ်းကို အကောင်းဆုံးအသုံးချခဲ့တာဖြစ်တယ်။
အသက် ၂၂နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ အမီနီဟာ သူမရဲ့ ခေါင်းခြုံပုဝါကို ကောင်းစွာမဝတ်ခဲ့လို့ ရဲတပ်ဖွဲ့ဖမ်းဆီးထိန်းသမ်းခံရကာ6သဆုံးခဲ့ပြီးနောက်
ဒေသတွင်းမှာလူထုဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာဖြစ်တယ်။ ဘရာဇီးနဲ့ဗိုလ်လုပွဲမတိုင်ခင်မှာ အီရန်ကစားသမားတွေဟာ နိုင်ငံတော်သီချင်းလိုက်မဆိုဘဲ
မတ်တပ်ရပ်နေခဲ့ကြပါတယ်။ ဒါဟာ သူတို့ရဲ့အောင်မြင်မှုအပေါ်ဖီလင်မလာတဲ့ ပုံစံဆိုတာကို အားလုံးနားလည်ခဲ့ကြပါတယ်။ အီရန်သမ္မတနိုင်ငံရဲ့စည်းမျဉ်း၊
အိုလံပစ်ကျင့်ဝတ်နဲ့ ဖီဖာချမှတ်ထားတဲ့စည်းမျဉ်းတွေအရတော့ အားကစားနယ်ပယ် တွေမှာနိုင်ငံရေးနဲ့ပတ်သတ်တဲ့အပြုအမူတွေ ရှောင်ကြဉ်ရမယ်လို့သီးသန့် ပါရှိနေပါတယ်။
Viral Tab ကတော့ ကမ်းခြေဘောလုံးအသင်းကို အီရန်တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ စွပ်စွဲထားပြီဖြစ်တယ်။ ယူအေအီးနိုင်ငံကပြန်လာတဲ့ တူညီတဲ့ ယူနီဖောင်းဝတ်အမျိုးသား ၁၅ ဦး ထက်မနည်းကို
အမည်မဖော်နိုင်တဲ့နေရာဆီ ခေါ်ဆောင်သွားတာမျိုးဖြစ်တယ်လို့ သတင်းတွေကဖော်ပြထားတာဖြစ်တယ်။
(Zawgyi)
နိုင်ငံတကာစင်မြင့်ပေါ်မှာ အိစုးရဆန့်ကျင်သူတွေကိုထောက်ခံကြောင်းပြသဖို့အတွက် ကစားသမားတွေဘက်ကရွေးချယ်ခဲ့တဲ့နောက်
ရှုပ်ချတဲ့ဟန်ပန်ဖြစ်ပြီး အမီနီ6သဆုံးခဲ့ပြီးနိုင်ငံရေးအခြေအနေမငြိမ်သက်မှုတွေနဲ့ပတ်သတ်တဲ့ခံစားချက်ကို ထုတ်ဖော်ဖို့အတွက် ကစားသမားတွေက