အစားအစာတွေအတွက် မကြားဖူးတဲ့ဈေးနှုန်းတွေ ကြားနေရလို့ ပရိသတ်တွေ တင်းနေပြီ

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လာရောက်အားပေးတဲ့ ပရိသတ်တွေအတွက် စီမံပေးထားတဲ့ အစားအသောက်တွေဟာ အဆင်မပြေမှုတွေများပြီး ဈေးကြီး လွန်းနေတာကြောင့်

ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်တယ်လို့ The Sun သတင်းစာက ရေးသားဖော်ပြပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ဘောလုံးသမိုင်းမှာ ပရိသတ်တွေအတွက်

အထူးခြားဆုံး ဖြစ်ရမယ်ဆိုပြီး ကြွေးကြော်ထားခဲ့ကြတဲ့ ကာတာ အာဏာပိုင်တွေဟာ လက်ရှိမှာတော့ ပရိသတ်တွေအတွက် ထောင့်စေ့အောင် လုပ်မပေးနိုင်တာကို တွေ့နေရပြီ ဖြစ်ပါတယ်။

ပရိသတ်တွေ တည်းခိုနားနေလို့ရမယ့် နေရာတွေ၊ ပရိသတ်ဇုန် တွေမှာ စီမံပေးထားတဲ့ အစားအသောက် အရောင်းဆိုင်တွေဟာဆိုရင် ဈေး နှုန်းတွေ အဆမတန် ကြီးမားလွန်းနေတာကြောင့်

ပရိသတ်တွေ ဝေဖန်ပြော ဆိုနေကြတာဖြစ်ပါတယ်။ ပရိသတ်ဇုန် နေရာတစ်ခုမှာ ရောင်းချပေးတဲ့ အရွက်စုံသုပ်တစ်ပွဲကို ၉ ပေါင်အထိ ပေးနေရလို့ ဝေဖန်စရာ ဖြစ်နေပြီး အာလူးပူရီတစ်ပွဲနဲ့

ကိုလာ အအေးတစ်ပုလင်းကိုလည်း ၄.၆ ပေါင် လောက် ပေးချေနေရတာပါ။ ဒါကြောင့် ပေးရတဲ့ဈေးနဲ့ စားရတဲ့ အစားအသောက်ဟာ အင်မတန်ကို ကွဲပြားခြားနားလွန်းနေပြီး ဘတ်ဂျက်ဆိုင်ရှာပြီး

စားမယ့်သူမျိုး တွေအတွက် ရွေးချယ်စရာဟာ အရမ်းကို နည်းပါးလွန်းနေတယ်လို့ သိရပါတယ်။ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီကို လာရောက်ပြီး ကြည့်ရှုကြမယ့် ကမ္ဘာတစ်ဝန်းလုံးက

ပရိသတ်အရေအတွက်ဟာဆိုရင် ၆၀၀၀၀ ဝန်းကျင်အထိ ရှိလာနိုင်တာကြောင့် အစားအစာတွေနဲ့ပတ်သက်ပြီး ရွေးချယ်စရာ နည်း ပါးမှုနဲ့ ဈေးကြီးနေတာတွေက အဆင်မပြေမှုတွေ အများကြီး ဖြစ်လာတော့မှာပါ။

ဒါကြောင့် အခုလိုမျိုး အဆင်မပြေမှုတွေနဲ့ ပတ်သက်ပြီး လက်တွေ့ ကြုံ နေရပြီဖြစ်တဲ့ ပရိသတ်တွေကတော့ လိုင်းပေါ်မှာ တက်ပြီး ပေါက်ကွဲခဲ့ကြပါ တယ်။

‘’ခင်ဗျားတို့ ဒီ 6-ာက်ရေးမပါတဲ့ ပြိုင်ပွဲကြီးကို လာမယ်ဆိုရင်တော့ ဓားပြတိုက်ခံရဖို့ပဲ ရှိတယ်’’ လို့ ပရိသတ်တစ်ယောက်က လိုင်းပေါ်မှာ ရေး သားခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့

‘’ငါ့အိမ်က ယုန်လေးတောင် အဲဒီထက်ကောင်းတဲ့ အသီးအရွက်တွေ စားရပါသေးတယ်ကွာ’’ လို့ ရေးသား ခဲ့ပြီး တတိယ တစ်ယောက်ကတော့

‘’ကမ္ဘာ့အဆိုးရွားဆုံး ပြိုင်ပွဲကြီးအဖြစ် လွယ်လွယ်လေးနဲ့ ဖြစ်လာတော့မှာ’’ လို့ ရေးသားခဲ့ကြပါတယ်။

(Zawgyi)

အစားအစာေတြအတြက္ မၾကားဖူးတဲ့ေဈးႏႈန္းေတြ ၾကားေနရလို႔ ပရိသတ္ေတြ တင္းေနၿပီ

ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးကို လာေရာက္အားေပးတဲ့ ပရိသတ္ေတြအတြက္ စီမံေပးထားတဲ့ အစားအေသာက္ေတြဟာ အဆင္မေျပမႈေတြမ်ားၿပီး ေဈးႀကီး လြန္းေနတာေၾကာင့္

ေဝဖန္ျပစ္တင္မႈေတြနဲ႔ ရင္ဆိုင္ေနရၿပီျဖစ္တယ္လို႔ The Sun သတင္းစာက ေရးသားေဖာ္ျပပါတယ္။ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဟာ ေဘာလုံးသမိုင္းမွာ ပရိသတ္ေတြအတြက္

အထူးျခားဆုံး ျဖစ္ရမယ္ဆိုၿပီး ေႂကြးေၾကာ္ထားခဲ့ၾကတဲ့ ကာတာ အာဏာပိုင္ေတြဟာ လက္ရွိမွာေတာ့ ပရိသတ္ေတြအတြက္ ေထာင့္ေစ့ေအာင္ လုပ္မေပးႏိုင္တာကို ေတြ႕ေနရၿပီ ျဖစ္ပါတယ္။

ပရိသတ္ေတြ တည္းခိုနားေနလို႔ရမယ့္ ေနရာေတြ၊ ပရိသတ္ဇုန္ ေတြမွာ စီမံေပးထားတဲ့ အစားအေသာက္ အေရာင္းဆိုင္ေတြဟာဆိုရင္ ေဈး ႏႈန္းေတြ အဆမတန္

ႀကီးမားလြန္းေနတာေၾကာင့္ ပရိသတ္ေတြ ေဝဖန္ေျပာ ဆိုေနၾကတာျဖစ္ပါတယ္။ ပရိသတ္ဇုန္ ေနရာတစ္ခုမွာ ေရာင္းခ်ေပးတဲ့ အ႐ြက္စုံသုပ္တစ္ပြဲကို ၉ ေပါင္အထိ ေပးေနရလို႔

ေဝဖန္စရာ ျဖစ္ေနၿပီး အာလူးပူရီတစ္ပြဲနဲ႔ ကိုလာ အေအးတစ္ပုလင္းကိုလည္း ၄.၆ ေပါင္ ေလာက္ ေပးေခ်ေနရတာပါ။ ဒါေၾကာင့္ ေပးရတဲ့ ေဈးနဲ႔ စားရတဲ့ အစားအေသာက္ ဟာ

အင္မတန္ကို ကြဲျပားျခားနားလြန္းေနၿပီး ဘတ္ဂ်က္ဆိုင္ရွာၿပီး စားမယ့္သူမ်ိဳး ေတြအတြက္ ေ႐ြးခ်ယ္စရာဟာ အရမ္းကို နည္းပါးလြန္းေနတယ္လို႔ သိရပါ တယ္။ ကာတာ

ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးဆီကို လာေရာက္ၿပီး ၾကည့္ရႈၾကမယ့္ ကမာၻတစ္ဝန္းလုံးက ပရိသတ္အေရအတြက္ဟာဆိုရင္ ၆၀၀၀၀ ဝန္းက်င္အ ထိ ရွိလာႏိုင္တာေၾကာင့္ အစားအစာေတြနဲ႔ပတ္သက္ၿပီး

ေ႐ြးခ်ယ္စရာ နည္း ပါးမႈနဲ႔ ေဈးႀကီးေနတာေတြက အဆင္မေျပမႈေတြ အမ်ားႀကီး ျဖစ္လာေတာ့မွာ ပါ။ ဒါေၾကာင့္ အခုလိုမ်ိဳး အဆင္မေျပမႈေတြနဲ႔

ပတ္သက္ၿပီး လက္ေတြ႕ ႀကဳံ ေနရၿပီျဖစ္တဲ့ ပရိသတ္ေတြကေတာ့ လိုင္းေပၚမွာ တက္ၿပီး ေပါက္ကြဲခဲ့ၾကပါ တယ္။ ‘’ခင္ဗ်ားတို႔ ဒီ 6-စာက္ေရးမပါတဲ့

ၿပိဳင္ပြဲႀကီးကို လာမယ္ဆိုရင္ေတာ့ ဓားျပတိုက္ခံရဖို႔ပဲ ရွိတယ္’’ လို႔ ပရိသတ္တစ္ေယာက္က လိုင္းေပၚမွာ ေရး သားခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့

‘’ငါ့အိမ္က ယုန္ေလးေတာင္ အဲဒီထက္ေကာင္းတဲ့ အသီးအ႐ြက္ေတြ စားရပါေသးတယ္ကြာ’’ လို႔ ေရးသား ခဲ့ၿပီး တတိယ တစ္ေယာက္ကေတာ့

‘’ကမာၻ႔အဆိုး႐ြားဆုံး ၿပိဳင္ပြဲႀကီးအျဖစ္ လြယ္လြယ္ေလးနဲ႔ ျဖစ္လာေတာ့မွာ’’ လို႔ ေရးသားခဲ့ၾကပါတယ္။