မနေ့ညက ကစားခဲ့တဲ့ ၃ပွဲမှာ ဆမ်ဒိုးရီးယားဘော်ဒီနဲ့ ရိုးမား – ဗီရိုနာ ဂိုးအပေါ်
အောင်ပွဲခံခဲ့ပေမယ့် အေစီမီလန်ဘော်ဒီ ကတော့ တက်တက်စင်လွဲခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ၃ပွဲ မှာ ၂ပွဲအောင်ခဲ့တာမို့အကျိုးအမြတ်တော့ရမှာပါ။
ဒီကနေ့ည မှာလည်း ဆက်လက်အောင်ပွဲခံနိုင်ဖို့ အကောင်းဆုံးကြိုးစား ထားပါတယ်။
ဖီအိုရင်တီးနား အတ္တလန္တာ
ဗလာဟိုဗစ်မရှိတော့ပေမယ့် ဖီအိုရင်တီးနား ဂိုးသွင်းအားကျ မသွားဘဲ
ပီယာတက်ခ်ကလည်း အားကိုးလို့ရတယ်။
ဖီအိုရင် တီးနားဟာ လာဇီယိုကိုရှုံးခဲ့တဲ့ပွဲကလွဲရင်
ဒီရာသီအိမ်ကွင်းပွဲ တိုင်းဂိုးသွင်းနိုင်ခဲ့ပြီး ၁ဂိုးထက်ပိုသွင်းနိုင်တာ ၁၀ပွဲရှိခဲ့တယ်။
အတ္တလန္တာကလည်း အိုလံပီယာကို့စ်နဲ့ ယူရိုပါလိဂ်ပွဲမှာ နိုင်ပွဲ ပြန်ရထားတယ်။
ဒီရာသီ ဖီအိုနဲ့တွေ့ဆုံခဲ့တဲ့ ၂ပွဲလုံးမှာတော့ အတ္တလန္တာ ရှုံးပွဲကြုံထားတယ်။
ကိုပါအီတာလီယာကွာတားပွဲ အဖြစ် ဒီလထဲမှာပဲ ပူပူနွေးနွေးတွေ့ခဲ့ရာမှာ
အတ္တလန္တာကွင်း မှာ ဖီအိုက ၂-၃နဲ့နိုင်ခဲ့တယ်။
ဒီနှစ်သင်းတွေ့တိုင်း အပြန်အ လှန်ဂိုးသွင်း ဂိုးပေါ်လေ့ရှိတဲ့
အစဉ်အလာကိုဆက်ထိန်းပြီး ဂိုး ပေါ်ဦးမယ့်ပွဲပါ။
ရွေးချယ်မှု – ဂိုးအပေါ်
ဗီနီဇီယာ ဂျီနိုအာ
တိုရီနိုကိုနိုင်ခဲ့ပေမယ့် တိုက်စစ်မှူး အိုကီရီကီ အထုတ်ခံခဲ့ရ တာမို့
ဗီနီဇီယာ ပေးဆပ်မှုကြီးမားခဲ့တယ်။ ဗီနီဇီယာဟာ
တို ရီနိုကိုမနိုင်မီက စီးရီးအေ ၁၀ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာပါ။
အိမ်ကွင်းမှာလည်း တိုရီနို စီးရီးအေနိုင်ပွဲမရခဲ့တာ ၇ပွဲဆက် ရှိပါပြီ။
ဂျီနိုအာက နည်းပြသစ်လက်ထက် နိုင်ပွဲမရသေးပေ မယ့်
ရှုံးပွဲလည်းမရှိသေးဘဲ ၃ပွဲလုံးသရေကစားထားပါတယ်။
၁၉၉၇ နောက်ပိုင်း ဗီနီဇီယာကို ၁၀ပွဲဆက်မရှုံးခဲ့တဲ့
ဂျီနိုအာ အနိမ့်ဆုံး သရေတစ်မှတ်ရဦးမှာပါ။
ရွေးချယ်မှု – ဂျီနိုအာ
အင်တာမီလန် ဆက်ဆူအိုလို
စိတ်ပျက်ဖွယ်ရလဒ်တွေကနေ အင်တာမီလန် နိုးထပြရမယ့်ပွဲ ပါ။
အေစီမီလန်က ဆလာနီတာနာနဲ့ မမျှော်လင့်ဘဲသရေကျခဲ့ တာမို့
ဒီပွဲနိုင်ရင် ထိပ်ဆုံးပြန်တက်လာမယ့်မက်လုံးကလည်းရှိ နေပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံး ၈ပွဲမှာ မိနစ် ၉၀ နိုင်ပွဲ ၂ပွဲသာ ရှိခဲ့သလို
ကြေးအောင်တာလည်း ၁ပွဲသာရှိခဲ့တာတောင်
အင် တာ ဘော်ဒီဈေးရော ဂိုးပေါင်းဈေးပါ ပြင်းရှနေပါတယ်။
ဆက် ဆူအိုလိုကလည်း သူတို့ရဲ့ Trade Mark အတိုင်း
အင်တာကို တိုက်စစ်နဲ့ပဲတုံ့ပြန်ဦးမှာပါ။ အင်တာနိုင်ရင် ၃-၁၊ ၄-၂ ဖြစ်နိုင် တာမို့
အပေါ်စုံရိုက်သင့်တယ်။
ရွေးချယ်မှု – အင်တာမီလန် / ဂိုးအပေါ်
အူဒီးနီးစ် လာဇီယို
ဒီပွဲမှာ လာဇီယိုဘော်ဒီဈေး =၁၅ က ပျော့လွန်းပါတယ်။
ကိုဗစ် ဖြစ်နေတဲ့ အင်မိုဘီလီ ပြန်ပါဖို့မသေချာသလို
လူးကပ်စ်လီဗာနဲ့ လူးဝစ်အယ်ဘာတိုလည်းပွဲပယ်ခံထားရလို့
ကွင်းလယ်အားနည်း နေဖွယ်ရှိပေမယ့် အဆင့် ၆ နေရာကအသင်းက
အဆင့် ၁၆က အသင်းကို အဲဒီလောက်ပဲပေးရတာသံသယဝင်စရာပါ။
အူဒီးနီးစ် က ဗီရိုနာကိုဂိုးပြတ်ရှုံးခဲ့ပေမယ့် ပြိုင်ပွဲစုံ
အိမ်ကွင်းနောက်ဆုံး ၈ပွဲ မှာတော့ ၁ပွဲသာရှုံးခဲ့တာပါ။
ကြေးအရသာမက အိမ်ကွင်းလည်း မာတဲ့ အူဒီးနီးစ် အမှတ်ခွဲယူသွားနိုင်ပါတယ်။
ရွေးချယ်မှု – လာဇီယို
zawgyi
အစဉ်အလာအတိုင်းဂိုးပေါ်ဦးမယ့် ဖီအို – အတ္တလန္တာ၊ အင်တာအပေါ်စုံအောင်ဖွယ်ရှိ အဖြေရှာကြည့်မိတဲ့ တနင်္ဂနွေည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
ဗီနီဇီယာ ဂျီနိုအာ
ရွေးချယ်မှု – ဂျီနိုအာ
အူဒီးနီးစ် လာဇီယို
ရွေးချယ်မှု – လာဇီယို