အစဉ်အလာကြီးမားတဲ့ ၂သင်းအထိ ဖရီးဝင်ခွင့်ရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲစုံအသစ်

ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ချန်ပီယံလိဂ်

ပြိုင်ပွဲစုံအသစ်ကို ၂၀၂၄-၂၅ ရာသီကနေ စတင်ကျင်းပမယ်လို့
အတည်ပြုကြေညာလိုက်ပါတယ်။
ယနေ့အစောပိုင်းမှာကတည်းက The Athletic သတင်းဌာနရဲ့
ဖော်ပြချက်အရ ယူအီးအက်ဖ်အေဟာ ပြိုင်ပွဲပုံစံ
ပြောင်းလဲဖို့အတွက် ဥရောပထိပ်တန်းကလပ်တွေနဲ့

ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြိုင်ပွဲစုံသစ်အရ အုပ်စုတွင်းမှာ အသင်းတစ်သင်းအနေနဲ့
အရင်လို ၆ပွဲမကစားရတော့ဘဲ ၈ပွဲအထိ ကစားရမှာဖြစ်သလို
ယူရိုပါလိဂ်ကလည်း ချန်ပီယံလိဂ်လိုပဲ အုပ်စုတွင်းမှာ
၈ပွဲအထိ ကစားရမှာဖြစ်ပါတယ်။

ကွန်းဖရန့်လိဂ်ကတော့ အုပ်စုတွင်းမှာ လက်ရှိအတိုင်း ၆ပွဲပဲ ကစားရမှာဖြစ်ပါတယ်။
ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ လက်ရှိပြိုင်ပွဲဝင် ၃၂သင်းကနေ
၃၆သင်းအထိ ၄သင်း တိုးချဲ့ပါဝင်မှာဖြစ်ရာ အဲဒီ ၄သင်းအနက်
၂နေရာစာကို ယခင်ရာသီချန်ပီယံလိဂ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်တဲ့
ကလပ်ကို ဝင်ခွင့်ပေးမှာဖြစ်ပြီး အဲဒီ ၂ နေရာအတွက်

ဥရောပပြိုင်ပွဲမှာ သမိုင်အစဉ်အလာကြီးမားပေမယ့်
ပြည်တွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့အသင်းတွေကို ရွေးချယ်သွားမှာပါ။
လက်ကျန် ၂ နေရာအနက် တစ်နေရာအတွက် ဥရောပရှိ
အဆင့် ၅နေရာရှိ အဖွဲ့ချုပ်မှာ တတိယရအသင်းကို ပေးအပ်မှာဖြစ်ပြီး
နောက်ဆုံးတစ်နေရာကိုတော့ ချန်ပီယံလမ်းကြောင်း (“Champions Path”)က

နောက်ထပ်အသင်းတစ်သင်းရရှိမှာဖြစ်ပါတယ်။
လက်ရှိပုံစံကတော့ အသင်း ၄သင်းပါ အုပ်စု ၈ခုမှာ
အသင်းတွေက အိမ်ကွင်း၊ အဝေးကွင်း စုစုပေါင်း
၆ပွဲကစားရတာဖြစ်ပြီး ထိပ်ဆုံး ၂သင်းက
ရှုံးထွက်အဆင့် တက်ရောက်နိုင်မှာဖြစ်ကာ

အဲဒီအဆင့်ကနေစတင်ပြီး ရှုံးထွက်ဖြစ်သွားပြီဖြစ်ပါတယ်။
ပုံစံအသစ်မှာတော့ အသင်းအားလုံးပါဝင်မယ့်
လိဂ်အမှတ်ပေးဇယား ပါဝင်မှာဖြစ်ပြီး တစ်သင်းချင်းစီက
ကွဲပြားခြားနားတဲ့ ပြိုင်ဘက်တွေနဲ့ အိမ်ကွင်း ၄ပွဲ၊
အဝေးကွင်း ၄ပွဲကစားရမှာဖြစ်ပါတယ်။

အဲဒီမှာ ထိပ်ဆုံး ၈သင်းက ရှုံးထွက်အဆင့်ကို
တိုက်ရိုက်ဝင်ခွင့်ရမှာဖြစ်ပြီး အဆင့် ၉ ကနေ
အဆင့် ၂၄ အတွင်းရ အသင်းတွေကတော့
ရှုံးထွက်အဆင့် တက်ရောက်ဖို့ ပလေးအော့ဖ် ၂ပွဲ
ကစားရမှာဖြစ်ပါတယ်။

Zawgyi

အစဥ္အလာႀကီးမားတဲ့ ၂သင္းအထိ ဖရီး၀င္ခြင့္ရမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲစုံအသစ္
ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္(ယူအီးအက္ဖ္ေအ)က ခ်န္ပီယံလိဂ္

ၿပိဳင္ပြဲစုံအသစ္ကို ၂၀၂၄-၂၅ ရာသီကေန စတင္က်င္းပမယ္လုိ႔
အတည္ျပဳေၾကညာလုိက္ပါတယ္။
ယေန႔အေစာပုိင္းမွာကတည္းက The Athletic သတင္းဌာနရဲ႕
ေဖာ္ျပခ်က္အရ ယူအီးအက္ဖ္ေအဟာ ၿပိဳင္ပြဲပုံစံ
ေျပာင္းလဲဖို႔အတြက္ ဥေရာပထိပ္တန္းကလပ္ေတြနဲ႔

ေဆြးေႏြးခဲ့တယ္လုိ႔ သိရပါတယ္။
ၿပိဳင္ပြဲစုံသစ္အရ အုပ္စုတြင္းမွာ အသင္းတစ္သင္းအေနနဲ႔
အရင္လို ၆ပဲြမကစားရေတာ့ဘဲ ၈ပြဲအထိ ကစားရမွာျဖစ္သလုိ
ယူရိုပါလိဂ္ကလည္း ခ်န္ပီယံလိဂ္လိုပဲ အုပ္စုတြင္းမွာ
၈ပြဲအထိ ကစားရမွာျဖစ္ပါတယ္။

ကြန္းဖရန္႔လိဂ္ကေတာ့ အုပ္စုတြင္းမွာ လက္ရွိအတုိင္း ၆ပြဲပဲ ကစားရမွာျဖစ္ပါတယ္။
ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ လက္ရွိၿပိဳင္ပြဲ၀င္ ၃၂သင္းကေန
၃၆သင္းအထိ ၄သင္း တုိးခ်ဲ႕ပါ၀င္မွာျဖစ္ရာ အဲဒီ ၄သင္းအနက္
၂ေနရာစာကို ယခင္ရာသီခ်န္ပီယံလိဂ္မွာ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္တဲ့
ကလပ္ကို ၀င္ခြင့္ေပးမွာျဖစ္ၿပီး အဲဒီ ၂ ေနရာအတြက္

ဥေရာပၿပိဳင္ပြဲမွာ သမုိင္အစဥ္အလာႀကီးမားေပမယ့္
ျပည္တြင္းမွာ ခ်န္ပီယံလိဂ္၀င္ခြင့္မရတဲ့အသင္းေတြကို ေရြးခ်ယ္သြားမွာပါ။
လက္က်န္ ၂ ေနရာအနက္ တစ္ေနရာအတြက္ ဥေရာပရွိ
အဆင့္ ၅ေနရာရွိ အဖြဲ႕ခ်ဳပ္မွာ တတိယရအသင္းကို ေပးအပ္မွာျဖစ္ၿပီး
ေနာက္ဆုံးတစ္ေနရာကိုေတာ့ ခ်န္ပီယံလမ္းေၾကာင္း (“Champions Path”)က

ေနာက္ထပ္အသင္းတစ္သင္းရရွိမွာျဖစ္ပါတယ္။
လက္ရွိပုံစံကေတာ့ အသင္း ၄သင္းပါ အုပ္စု ၈ခုမွာ
အသင္းေတြက အိမ္ကြင္း၊ အေ၀းကြင္း စုစုေပါင္း
၆ပြဲကစားရတာျဖစ္ၿပီး ထိပ္ဆုံး ၂သင္းက
ရံႈးထြက္အဆင့္ တက္ေရာက္ႏိုင္မွာျဖစ္ကာ

အဲဒီအဆင့္ကေနစတင္ၿပီး ရံႈးထြက္ျဖစ္သြားၿပီျဖစ္ပါတယ္။
ပုံစံအသစ္မွာေတာ့ အသင္းအားလုံးပါ၀င္မယ့္
လိဂ္အမွတ္ေပးဇယား ပါ၀င္မွာျဖစ္ၿပီး တစ္သင္းခ်င္းစီက
ကြဲျပားျခားနားတဲ့ ၿပိဳင္ဘက္ေတြနဲ႔ အိမ္ကြင္း ၄ပြဲ၊
အေ၀းကြင္း ၄ပြဲကစားရမွာျဖစ္ပါတယ္။

အဲဒီမွာ ထိပ္ဆုံး ၈သင္းက ရံႈးထြက္အဆင့္ကို
တုိက္ရိုက္၀င္ခြင့္ရမွာျဖစ္ၿပီး အဆင့္ ၉ ကေန
အဆင့္ ၂၄ အတြင္းရ အသင္းေတြကေတာ့
ရံႈးထြက္အဆင့္ တက္ေရာက္ဖုိ႔ ပေလးေအာ့ဖ္ ၂ပြဲ
ကစားရမွာျဖစ္ပါတယ္။