အငြိမ်းစားဟာဇက် ရီးယဲလ်အတွက်  ပြန်ကစားတော့မယ်…

ရီးယဲလ်အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမားဟာဇက်ဟာ စက်တင်ဘာလ

နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ဒီညကစားမယ့်ကာဒစ်ဇ်နဲ့ပွဲမှာ ပါဝင်ကစား

နိုင်ဖို့ရှိတယ်လို့ နည်းပြအန်ဆယ်လော့တီက အတည်ပြုပြောကြားလိုက်ပါတယ်။

ဟာဇက်ဟာ စက်တင်ဘာလ(၂၈)ရက်က ရှရစ်ဖ်ကို အိမ်ကွင်းမှာ(၂-၁)ဂိုးနဲ့မထင်

မှတ်ဘဲရှုံးနိမ့်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ရီးယဲလ်အသင်းအတွက် နောက်ဆုံးပါဝင်

ကစားခဲ့ပြီးကတည်းက အနားယူနေရပြီး အခုမှ ပထမဆုံးအကြိမ်ပါဝင်ကစား

နိုင်မှာပါ။ ရီးယဲလ်အသင်းမှာ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ကစားသမား(၆)ဦး

ရှိနေတဲ့အတွက် လူမစုံလို့ ဟာဇက်ကို ပွဲထုတ်တာလားဆိုတဲ့မီဒီယာတွေရဲ့

မေးခွန်းကိုတော့ အန်ဆယ်လော့တီက ငြင်းဆန်ခဲ့ပါတယ်။

အန်ဆယ်လော့တီက “ကာဒစ်ဇ်နဲ့ပွဲမှာ ဟာဇက် ပွဲထွက်ကစားမှာပါ။ ဒါပေမဲ့

ဒါက တခြားအဓိက,ကစားသမားတွေ မကစားနိုင်တဲ့အတွက်ကြောင့်တော့

မဟုတ်ပါဘူး။ ဟာဇက်က လေ့ကျင့်ခန်းအစီအစဉ်မှာကြိုးစားလေ့ကျင့်ခဲ့ပြီး

သူ့ရဲ့စိတ်ဓာတ်ပြင်းထန်မှုက ဘယ်တော့မှမပြောင်းလဲခဲ့ပါဘူး”လို့ပြောကြား

ခဲ့ပါတယ်။

အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ ဒီရာသီလာလီဂါမှာ

(၁၀)ပွဲကစားခဲ့ပေမယ့် ပွဲအစအဆုံးဘယ်တော့မှကစားခွင့်မရခဲ့ဘဲ

စက်တင်ဘာ(၁၉)ရက်က ဗလင်စီယာကို (၂-၁)ဂိုးနဲ့အနိုင်ရတဲ့ပွဲနောက်ပိုင်း

ပွဲထွက်ကစားခွင့်မရတော့ပါဘူး။ ရီးယဲလ်အသင်းမှာ အဆန်စီယို၊ ရိုဒရီဂို၊

ဂါရတ်ဘေးလ်၊ မိုဒရစ်၊ မာဆယ်လို၊ လူနင်တို့ဟာ ကိုဗစ်ရောဂါကူးစက်ခံ

ထားရလို့ အခုပွဲကို လွဲချော်မှာဖြစ်ပေမယ့် ဘယ်ဘက်ကြွက်သားဒဏ်ရာရခဲ့တဲ့

ဘန်ဇီမာကတော့ ဒီပွဲမှာပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။

Zawgyi

အၿငိမ္းစားဟာဇက္ ရီးယဲလ္အတြက္  ျပန္ကစားေတာ့မယ္…

ရီးယဲလ္အသင္းရဲ႕ေတာင္ပံတိုက္စစ္ကစားသမားဟာဇက္ဟာ စက္တင္ဘာလ

ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ ဒီညကစားမယ့္ကာဒစ္ဇ္နဲ႔ပြဲမွာ ပါဝင္ကစား

ႏိုင္ဖို႔ရွိတယ္လို႔ နည္းျပအန္ဆယ္ေလာ့တီက အတည္ျပဳေျပာၾကားလိုက္ပါတယ္။

ဟာဇက္ဟာ စက္တင္ဘာလ(၂၈)ရက္က ရွရစ္ဖ္ကို အိမ္ကြင္းမွာ(၂-၁)ဂိုးနဲ႔မထင္

မွတ္ဘဲရႈံးနိမ့္ခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ ရီးယဲလ္အသင္းအတြက္ ေနာက္ဆုံးပါဝင္

ကစားခဲ့ၿပီးကတည္းက အနားယူေနရၿပီး အခုမွ ပထမဆုံးအႀကိမ္ပါဝင္ကစား

ႏိုင္မွာပါ။ ရီးယဲလ္အသင္းမွာ ကိုဗစ္ေရာဂါကူးစက္ခံထားရတဲ့ကစားသမား(၆)ဦး

ရွိေနတဲ့အတြက္ လူမစုံလို႔ ဟာဇက္ကို ပြဲထုတ္တာလားဆိုတဲ့မီဒီယာေတြရဲ႕

ေမးခြန္းကိုေတာ့ အန္ဆယ္ေလာ့တီက ျငင္းဆန္ခဲ့ပါတယ္။

အန္ဆယ္ေလာ့တီက “ကာဒစ္ဇ္နဲ႔ပြဲမွာ ဟာဇက္ ပြဲထြက္ကစားမွာပါ။ ဒါေပမဲ့

ဒါက တျခားအဓိက,ကစားသမားေတြ မကစားႏိုင္တဲ့အတြက္ေၾကာင့္ေတာ့

မဟုတ္ပါဘူး။ ဟာဇက္က ေလ့က်င့္ခန္းအစီအစဥ္မွာႀကိဳးစားေလ့က်င့္ခဲ့ၿပီး

သူ႔ရဲ႕စိတ္ဓာတ္ျပင္းထန္မႈက ဘယ္ေတာ့မွမေျပာင္းလဲခဲ့ပါဘူး”လို႔ေျပာၾကား

ခဲ့ပါတယ္။

အသက္(၃၀)အ႐ြယ္ရွိၿပီျဖစ္တဲ့ ဟာဇက္ဟာ ဒီရာသီလာလီဂါမွာ

(၁၀)ပြဲကစားခဲ့ေပမယ့္ ပြဲအစအဆုံးဘယ္ေတာ့မွကစားခြင့္မရခဲ့ဘဲ

စက္တင္ဘာ(၁၉)ရက္က ဗလင္စီယာကို (၂-၁)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲေနာက္ပိုင္း

ပြဲထြက္ကစားခြင့္မရေတာ့ပါဘူး။ ရီးယဲလ္အသင္းမွာ အဆန္စီယို၊ ႐ိုဒရီဂို၊

ဂါရတ္ေဘးလ္၊ မိုဒရစ္၊ မာဆယ္လို၊ လူနင္တို႔ဟာ ကိုဗစ္ေရာဂါကူးစက္ခံ

ထားရလို႔ အခုပြဲကို လြဲေခ်ာ္မွာျဖစ္ေပမယ့္ ဘယ္ဘက္ႂကြက္သားဒဏ္ရာရခဲ့တဲ့

ဘန္ဇီမာကေတာ့ ဒီပြဲမွာပါဝင္ကစားႏိုင္မွာျဖစ္ပါတယ္။