အငြင်းပွားစရာ VAR ဆုံးဖြတ်ချက်ကြောင့် စပါးရဲ့မျှော်လင့်ချက်တွေ အရောင်မှိန်ခဲ့တဲ့ည

စပို့တင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ စပါးဟာ နောက်ဆုံးမိနစ် အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်ကြောင့် သရေရလဒ်သာရခဲ့ပြီး

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လွတ်မြောက်နိုင်ဖို့အတွက် နောက်ဆုံးထွက်သက်အထိ ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။

ဝှိုက်ဟတ်လိန်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင်စပါးဟာ နောက်က လိုက်ကစားခဲ့ရတာဖြစ်ပြီး ပွဲချိန် ၂၂ မိနစ်မှာ အက်ဒ်ဝပ်ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရလို့ ပထမပိုင်းမှာ ၁-၀ ဂိုးနဲ့ ရှုံးနေခဲ့တာပါ။

ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတဲ့ စပါးဟာ ပွဲချိန် မိနစ် ၈၀ မှာ တော့ ထောင့်ကန်ဘောကနေတစ်ဆင့် ဘန်တန်ကာ ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ စပါးတို့ ချေပဂိုး ရသွားခဲ့တယ်။

အဲဒီနောက် အနိုင်ဂိုးရဖို့အတွက် ပွဲကို တင် ကစားခဲ့ပေမယ့် စပို့တင်းရဲ့ ခံစစ်ပိုင်းကို မကျော်ဖြတ်နိုင်ခဲ့တဲ့အပြင် စပါးအသင်းရဲ့ ဂိုးရလိုဇောကလည်း ဒီပွဲမှာ တိုက်စစ်ပိုင်းကို အားနည်းစေခဲ့တာမျိုး ရှိခဲ့ပါတယ်။

ဒါပေမဲ့ ပွဲချိန် ၉၀+၅ မိနစ်မှာတော့ တိုက်စစ်မှူး ဟယ်ရီကိန်းက အနီးကပ် အနေအထားကနေတစ်ဆင့် အိမ်ရှင်အတွက် ဂိုးသွင်းနိုင်ခဲ့လို့ နည်းပြကွန်တီအပါအဝင် စပါးပရိသတ်တွေ

ဝုန်းဒိုင်းကြဲ အောင်ပွဲခံခဲ့ကြပြီး နောက် တစ်ဆင့်တက်ပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် VAR ပြန်လည်စစ်ဆေးပြီးတဲ့အခါ မှာတော့ ဒီသွင်းဂိုးကို ပယ်ဖျက်ပစ်ခဲ့ပါတယ်။

ဒါကြောင့် ကွင်းလယ်ဒိုင် မက်ကီလီကို ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းခဲ့တဲ့ နည်းပြကွန်တီဟာ တိုက် ရိုက်အနီကတ် အပြခံခဲ့ရပါတယ်။

အခွင့်အရေးတွေ ရှိလျက်သားနဲ့ အမိအရ မယူနိုင်ခဲ့တဲ့ စပါးဟာ ချန်ပီယံလိဂ် အုပ်စု (D) မှာ ရမှတ် ၈ မှတ်နဲ့ ထိပ်ဆုံးက နေ ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်တစ်ဆင့် တက်နိုင်ဖို့အတွက်

လာမယ့်တစ်ပတ် ကစားမယ့် မာဆေးနဲ့ ပွဲစဉ်မှာတော့ အနိမ့်ဆုံး သရေတစ်မှတ် ရဖို့ လိုအပ်သွားပြီပဲဖြစ်ပါတယ်။

(Zawgyi)

အျငင္းပြားစရာ VAR ဆုံးျဖတ္ခ်က္ေၾကာင့္ စပါးရဲ႕ေမွ်ာ္လင့္ခ်က္ေတြ အေရာင္မွိန္ခဲ့တဲ့ည

စပို႔တင္းနဲ႔ တစ္ဂိုးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ စပါးဟာ ေနာက္ဆုံးမိနစ္ အျငင္းပြားဖြယ္ VAR ဆုံးျဖတ္ခ်က္ေၾကာင့္ သေရရလဒ္သာရခဲ့ၿပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန လြတ္ေျမာက္ႏိုင္ဖို႔အတြက္ ေနာက္ဆုံးထြက္သက္အထိ ႐ုန္းကန္ရေတာ့မွာ ျဖစ္ပါတယ္။

ဝႈိက္ဟတ္လိန္းမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပြဲစဥ္မွာ အိမ္ရွင္စပါးဟာ ေနာက္ကလိုက္ကစားခဲ့ရတာျဖစ္ၿပီး ပြဲခ်ိန္ ၂၂ မိနစ္မွာ အက္ဒ္ဝပ္ရဲ႕ သြင္းဂိုးကို ခြင့္ျပဳခဲ့ရလို႔ ပထမပိုင္းမွာ ၁-၀ ဂိုးနဲ႔ ရႈံးေနခဲ့တာပါ။

ဒီပြဲကို မျဖစ္မေန အႏိုင္ရဖို႔ လိုအပ္ေနတဲ့ စပါးဟာ ပြဲခ်ိန္ မိနစ္ ၈၀ မွာ ေတာ့ ေထာင့္ကန္ေဘာကေနတစ္ဆင့္ ဘန္တန္ကာ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ စပါးတို႔ ေခ်ပဂိုး ရသြားခဲ့တယ္။

အဲဒီေနာက္ အႏိုင္ဂိုးရဖို႔အတြက္ ပြဲကို တင္ ကစားခဲ့ေပမယ့္ စပို႔တင္းရဲ႕ ခံစစ္ပိုင္းကို မေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့အျပင္ စပါးအသင္းရဲ႕ ဂိုးရလိုေဇာကလည္း ဒီပြဲမွာ တိုက္စစ္ပိုင္းကို အားနည္းေစခဲ့တာမ်ိဳး ရွိခဲ့ပါတယ္။

ဒါေပမဲ့ ပြဲခ်ိန္ ၉၀+၅ မိနစ္မွာေတာ့ တိုက္စစ္မႉး ဟယ္ရီကိန္းက အနီးကပ္ အေနအထားကေနတစ္ဆင့္ အိမ္ရွင္အတြက္ ဂိုးသြင္းႏိုင္ခဲ့လို႔ နည္း ျပကြန္တီအပါအဝင္ စပါးပရိသတ္ေတြ ဝုန္းဒိုင္းႀကဲ ေအာင္ပြဲခံခဲ့ၾကၿပီး ေနာက္ တစ္ဆင့္တက္ၿပီလို႔ ထင္မွတ္ခဲ့ၾကေပမယ့္ VAR ျပန္လည္စစ္ေဆးၿပီးတဲ့အခါ မွာေတာ့ ဒီသြင္းဂိုးကို ပယ္ဖ်က္ပစ္ခဲ့ပါတယ္။

ဒါေၾကာင့္ ကြင္းလယ္ဒိုင္ မက္ ကီလီကို ေဒါသတႀကီး ေအာ္ဟစ္ႀကိမ္းေမာင္းခဲ့တဲ့ နည္းျပကြန္တီဟာ တိုက္ ႐ိုက္အနီကတ္ အျပခံခဲ့ရပါတယ္။

အခြင့္အေရးေတြ ရွိလ်က္သားနဲ႔ အမိအရ မယူႏိုင္ခဲ့တဲ့ စပါးဟာ ခ်န္ပီယံလိဂ္ အုပ္စု (D) မွာ ရမွတ္ ၈ မွတ္နဲ႔ ထိပ္ဆုံးက ေန ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ေနာက္တစ္ဆင့္ တက္ႏိုင္ဖို႔အတြက္ လာမယ့္တစ္ပတ္ ကစားမယ့္ မာေဆးနဲ႔ ပြဲစဥ္မွာေတာ့ အနိမ့္ဆုံး သေရတစ္မွတ္ ရဖို႔ လိုအပ္သြားၿပီပဲျဖစ္ပါတယ္။