
ချန်ပီယံရှစ်ပြိုင်ပွဲဝင် ဖူလ်ဟမ်အသင်းဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ညက
ဘာမင်ဂမ်ကို ၆-၂ နဲ့အနိုင်ရရှိခဲ့ပြီးနောက် ၈၈ နှစ်အတွင်း
အင်္ဂလိပ်ဘောလုံးသမိုင်းမှာ ၃ ပွဲဆက်တစ်ပွဲကိုအနည်းဆုံး ၆ ဂိုး
သွင်းနိုင်တဲ့အသင်းအဖြစ်ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
ဖူလ်ဟမ်ဟာ အဲဗာတန်နဲ့ ဝက်ဖို့ဒ်နည်းပြဟောင်း မာကိုဆေးလ်ဗား
လက်ထဲမှာတိုးတက်လာတဲ့အသင်းဖြစ်ပြီး
ချန်ပီယံရှစ် အမှတ်ပေးဇယားမှာလည်း ၂၆ ပွဲကစားပြီးချိန်
၅၄ မှတ်နဲ့ဒုတိယနေရာက ဘုန်းမောက်ကို ၅ မှတ်ဖြတ်ထားပါတယ်။
ဖူလ်ဟမ် ဟာ ဇန်နဝါရီ ၁၂ မှာ ရီဒင်းကိုအဝေးကွင်းမှာ ၇ ဂိုးပြတ်၊
ဇန်နဝါရီ ၁၅ မှာ ဘရစ္စတိုးလ်ကို အိမ်ကွင်းမှာ ၆-၂ ၊
မနေ့က ဇန်နဝါ ရီ ၁၈ မှာ ဘာမင်ဂမ်ကို
အိမ်ကွင်းမှာဘဲ ၆-၂ တို့နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဖူလ်ဟမ်ဟာ ၁၉၉၃-၉၄ ဘောလုံး ရာသီက
ချက်စတာပြီးရင် ၈၈ နှစ်အတွင်း ၃ ပွဲဆက်အနည်းဆုံး
၆ ဂိုးသွင်းနိုင်တဲ့ပထမဆုံးအင်္ဂလိပ်အသင်းဖြစ်ခဲ့တာပါ။
ဒီ မှတ်တမ်းကိုဥရောပဘောလုံးကျွမ်းကျင်သူတွေကလည်း
အံ့အားသင့်နေကြပြီး ဒီရာသီမှာအမြင့်ဆုံးဂိုးသွင်းနှုန်းဖြစ်နေတယ် လို့
အသိအမှတ်ပြုကြပါတယ်။
ဖူလ်ဟမ်ဟာ ဒီရာသီချန်ပီယံရှစ်မှာသွင်းဂိုး ၇၀ အထိရှိထားတာကြောင့်
သူတို့အခုလိုထိပ်ဆုံးကရပ်တည်ပြီး ဂိုးတွေသွင်းနိုင် မှုဟာ
တိုက်စစ်ပိုင်းကောင်းမွန်မှုကြောင့်ဆိုတာငြင်းမရပါဘူး။
ဒီနေရာမှာ ဆားဘီးယားသားဖြစ်တဲ့ နယူးကာဆယ်တိုက်စစ် မှူး
အလက်ဇန်းဒါး မီထရိုဗစ်က အဓိကအကျဆုံးဖြစ်နေပြီး
၂၅ ပွဲကစားခဲ့ရာမှာ ၂၇ ဂိုးတောင်သွင်းပေးထားပါတယ်။
အခုလို မျိုး အသက် ၂၇ နှစ်ရှိတဲ့မီထရိုဗစ် တစ်ယောက်ခြေစွမ်းပြနေမှုကြောင့်
အရင်ကသူတို့တွေအားထားရဘူးတဲ့ လူးဝစ်ဆာဟာ ကိုတောင်
ပြန်ပြီးအ မှတ်ရစေပါတယ်။
ဖူလ်ဟမ်အသင်းဟာ ၂၀၀၃ ကပရီးမီးယားလိဂ်မှာ
မန်ယူကိုအနိုင်ရခဲ့တော့ ဆာဟာ ကခြေစွမ်းပြခဲ့တာပါ။
ဒါကြောင့်လည်း ၂၀၀၄ မှာအဲဒီတုန်းကမန်ယူနည်းပြ ဖာဂူဆန်က
သူ့ကိုခေါ်ယူဖို့အသည်းအသန်ကြိုးစားမှုနဲ့အတူ
မန်ယူကို ရောက်ရှိသွားသူဖြစ်ပါတယ်။ နည်းပြ မာကိုဆေးလ်ဗား ဟာလည်း
ခေသူမဟုတ်ဘဲ ဟားလ်စီးတီးနဲ့ ဝက်ဖို့ဒ်တို့ကိုကိုင်တွယ်စဥ်မှာ
အစွမ်းပြခဲ့ဘူးသူဖြစ်ပါ တယ်။ ဖူလ်ဟမ်အသင်းပြီးခဲ့တဲ့ရာသီက
ပရီးမီးယားလိဂ်ကနေတန်းဆင်းခဲ့ရမှုနဲ့အတူ
သူဟာ စကော့ပါကားနေရာမှာ အစား ထိုးတာဝန်ယူခဲ့ရပါတယ်။
သူတာဝန်ယူပြီးနောက် ဖူလ်ဟမ်ရဲ့တိုးတက်မှုကလည်းထင်ထားတာထက်
ပိုမိုမြန်ဆန်ခဲ့ပြီး အခု လိုအခြေအနေရောက်လာလို့
ပရီးမီးယားလိဂ်ကိုချက်ခြင်းတန်းပြန်တက်မယ့်အသင်းအဖြစ်
သတ်မှတ်ခံထားရကြောင်းသိရ ပါတယ်။
zawgyi
အဂၤလိပ္ေဘာလုံးသမိုင္းမွာ ၃ ပြဲဆက္တစ္ပြဲကိုအနည္းဆုံး ၆ ဂိုး သြင္းႏိုင္တဲ့အသင္းအျဖစ္ရပ္တည္ခဲ့တဲ့ ဖူလ္ဟမ္
ခ်န္ပီယံရွစ္ၿပိဳင္ပြဲဝင္ ဖူလ္ဟမ္အသင္းဟာ ၿပီးခဲ့တဲ့ အဂၤါေန႔ညက
ဘာမင္ဂမ္ကို ၆-၂ နဲ႔အႏိုင္ရရွိခဲ့ၿပီးေနာက္ ၈၈ ႏွစ္အတြင္း
အဂၤလိပ္ေဘာလုံးသမိုင္းမွာ ၃ ပြဲဆက္တစ္ပြဲကိုအနည္းဆုံး ၆ ဂိုး
သြင္းႏိုင္တဲ့အသင္းအျဖစ္ရပ္တည္ခဲ့တယ္လို႔ သိရပါတယ္။
ဖူလ္ဟမ္ဟာ အဲဗာတန္နဲ႔ ဝက္ဖို႔ဒ္နည္းျပေဟာင္း မာကိုေဆးလ္ဗား
လက္ထဲမွာတိုးတက္လာတဲ့အသင္းျဖစ္ၿပီး
ခ်န္ပီယံရွစ္ အမွတ္ေပးဇယားမွာလည္း ၂၆ ပြဲကစားၿပီးခ်ိန္
၅၄ မွတ္နဲ႔ဒုတိယေနရာက ဘုန္းေမာက္ကို ၅ မွတ္ျဖတ္ထားပါတယ္။
ဖူလ္ဟမ္ ဟာ ဇန္နဝါရီ ၁၂ မွာ ရီဒင္းကိုအေဝးကြင္းမွာ ၇ ဂိုးျပတ္၊
ဇန္နဝါရီ ၁၅ မွာ ဘရစၥတိုးလ္ကို အိမ္ကြင္းမွာ ၆-၂ ၊
မေန႔က ဇန္နဝါ ရီ ၁၈ မွာ ဘာမင္ဂမ္ကို
အိမ္ကြင္းမွာဘဲ ၆-၂ တို႔နဲ႔အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္ ဖူလ္ဟမ္ဟာ ၁၉၉၃-၉၄ ေဘာလုံး ရာသီက
ခ်က္စတာၿပီးရင္ ၈၈ ႏွစ္အတြင္း ၃ ပြဲဆက္အနည္းဆုံး
၆ ဂိုးသြင္းႏိုင္တဲ့ပထမဆုံးအဂၤလိပ္အသင္းျဖစ္ခဲ့တာပါ။
ဒီ မွတ္တမ္းကိုဥေရာပေဘာလုံးကြၽမ္းက်င္သူေတြကလည္း
အံ့အားသင့္ေနၾကၿပီး ဒီရာသီမွာအျမင့္ဆုံးဂိုးသြင္းႏႈန္းျဖစ္ေနတယ္ လို႔
အသိအမွတ္ျပဳၾကပါတယ္။
ဖူလ္ဟမ္ဟာ ဒီရာသီခ်န္ပီယံရွစ္မွာသြင္းဂိုး ၇၀ အထိရွိထားတာေၾကာင့္
သူတို႔အခုလိုထိပ္ဆုံးကရပ္တည္ၿပီး ဂိုးေတြသြင္းႏိုင္ မႈဟာ
တိုက္စစ္ပိုင္းေကာင္းမြန္မႈေၾကာင့္ဆိုတာျငင္းမရပါဘူး။
ဒီေနရာမွာ ဆားဘီးယားသားျဖစ္တဲ့ နယူးကာဆယ္တိုက္စစ္ မႉး
အလက္ဇန္းဒါး မီထ႐ိုဗစ္က အဓိကအက်ဆုံးျဖစ္ေနၿပီး
၂၅ ပြဲကစားခဲ့ရာမွာ ၂၇ ဂိုးေတာင္သြင္းေပးထားပါတယ္။
အခုလို မ်ိဳး အသက္ ၂၇ ႏွစ္ရွိတဲ့မီထ႐ိုဗစ္ တစ္ေယာက္ေျခစြမ္းျပေနမႈေၾကာင့္
အရင္ကသူတို႔ေတြအားထားရဘူးတဲ့ လူးဝစ္ဆာဟာ ကိုေတာင္
ျပန္ၿပီးအ မွတ္ရေစပါတယ္။
ဖူလ္ဟမ္အသင္းဟာ ၂၀၀၃ ကပရီးမီးယားလိဂ္မွာ
မန္ယူကိုအႏိုင္ရခဲ့ေတာ့ ဆာဟာ ကေျခစြမ္းျပခဲ့တာပါ။
ဒါေၾကာင့္လည္း ၂၀၀၄ မွာအဲဒီတုန္းကမန္ယူနည္းျပ ဖာဂူဆန္က
သူ႔ကိုေခၚယူဖို႔အသည္းအသန္ႀကိဳးစားမႈနဲ႔အတူ
မန္ယူကို ေရာက္ရွိသြားသူျဖစ္ပါတယ္။ နည္းျပ မာကိုေဆးလ္ဗား ဟာလည္း
ေခသူမဟုတ္ဘဲ ဟားလ္စီးတီးနဲ႔ ဝက္ဖို႔ဒ္တို႔ကိုကိုင္တြယ္စဥ္မွာ
အစြမ္းျပခဲ့ဘူးသူျဖစ္ပါ တယ္။ ဖူလ္ဟမ္အသင္းၿပီးခဲ့တဲ့ရာသီက
ပရီးမီးယားလိဂ္ကေနတန္းဆင္းခဲ့ရမႈနဲ႔အတူ
သူဟာ စေကာ့ပါကားေနရာမွာ အစား ထိုးတာဝန္ယူခဲ့ရပါတယ္။
သူတာဝန္ယူၿပီးေနာက္ ဖူလ္ဟမ္ရဲ႕တိုးတက္မႈကလည္းထင္ထားတာထက္
ပိုမိုျမန္ဆန္ခဲ့ၿပီး အခု လိုအေျခအေနေရာက္လာလို႔
ပရီးမီးယားလိဂ္ကိုခ်က္ျခင္းတန္းျပန္တက္မယ့္အသင္းအျဖစ္
သတ္မွတ္ခံထားရေၾကာင္းသိရ ပါတယ္။