အင်္ဂလန်ရဲ့ အကောင်းဆုံးက ဟယ်ရီကိန်းမဟုတ်ဘဲ ဖီးလ်ဖိုဒန်ဖြစ်တယ်လို့ ရွန်နေး ပြော

ကာတာကမ္ဘာ့ဖလားပွဲမတိုင်ခင်မှာ အင်္ဂလန်အသင်းရဲ့အကောင်းဆုံးကစားသမားက ဖီးလ်ဖိုဒန်ဖြစ်တယ်လို့ ထာဝရဂိုးသွင်းအများဆုံးဖြစ်တဲ့ ဝိန်းရွန်နေးကယုံကြည်နေပါတယ်။

အသက် ၂၂နှစ်အရွယ် မန်စီးတီးကစားသမားဟာ ယူနိုက်တက်ဘက်ကိုဟက်ထရစ်ဂိုးအပါအဝင် ဒီရာသီပြိုင်ပွဲစုံမှာ မန်ချက်စတာကလပ်အတွက် ၈ ဂိုး အထိသွင်းပြီးပုံစံကောင်းပြသထားနိုင်တာဖြစ်တယ်။

ဂွါဒီယိုလာရဲ့သွန်သင်မှုအောက်မှာထူးချွန်သူတစ်ယောက်ဖြစ်လာတဲ့ ဖိုဒန်ဟာယုံကြည်မှု အပြည့်နဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကိုသွားရောက်လိမ့်မယ်လို့ ရွန်နေးကဆိုပါတယ်။ လက်ရှိအင်္ဂလန်

အသင်းရဲ့အကောင်းဆုံးကစားသမားက ဟယ်ရီကိန်းမဟုတ်သလို ဖိုဒန်ရဲ့ဖန်တီးမှုနဲ့ ဂိုးသွင်းစွမ်းရည်တွေက အင်္ဂလန်ကိုသေချာပေါက် ထောက်ပံ့နိုင်တယ်လို့ သရဲနီတိုက်စစ်မှူးဟောင်းကဖွင့်ဟထားပါတယ်။

The Times သတင်းစာနဲ့တွေ့ဆုံမှုမှာ ဝိန်းရွန်နေးက “ပြီးခဲ့တဲ့နှစ်တွေအတွင်း သူပြုလုပ်ခဲ့တာတွေက အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားဖြစ်နေတယ်ဆိုတာပြသနေပါတယ်။ ဖိုဒန်က ဂိုးသွင်းနိုင်သလို

ဖန်တီးမှုပါလုပ်နိုင်ပါတယ်။ သူအင်္ဂလန်အတွက်အကောင်းဆုံးမလုပ်နိုင်သေးဘူး၊ မန်စီးတီးအတွက် သူဘာတွေလုပ်ခဲ့သလဲ၊ ဒါပေမဲ့ သူ့မှာခင်ဗျားတို့လိုချင်တဲ့ အရာအားလုံးပိုင်ဆိုင်ထားပြီး နည်းစနစ်ပိုင်းအရရော၊

အရည်အချင်းအရပါ သူက ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားလို့ထင်ပါတယ်။ ဂျက်ဂရီလစ်ရှ်နဲ့ မက်ဒီဆင်တို့အရန်ခုံမှာရှိနေတာအရမ်းကိုကောင်းပါတယ်။ ဂရီလစ်ရှ်ဟာ တောင်ပံနှစ်ဖက်ကနေ နံပါတ် ၁၀

နေရာကိုဝင်လာနိုင်သူဖြစ်လို့ ဆောက်ဂိတ်ဟာအရန်ခုံပေါ်မှာရွေးချယ်စရာတွေရှိနေပါတယ်” လို့ ဆိုခဲ့ပါတယ်။ ဟယ်ရီကိန်းနဲ့ပတ်သတ်လို့ ရွန်နေးကသူ့ရဲ့အင်္ဂလန်အသင်း သွင်းဂိုးစံချိန်ကိုအမြန်ဆုံးချိုးနိုင်ရင်ပို

ကောင်းလိမ့်မယ်လို့ဆိုခဲ့ပြီး ဒီလိုဆိုရင် စပါးတိုက်စစ်မှူးဟာ စိတ်လွန်ကိုယ်လွတ်နဲ့ ကစားပွဲအပေါ်ပိုပြီး အာရုံစိုက်နိုင်လာလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

(Zawgyi)

အဂၤလန္အသင္းရဲ႕အေကာင္းဆုံးကစားသမားက ဟယ္ရီကိန္းမဟုတ္ဘဲ ဖီးလ္ဖိုဒန္ျဖစ္တယ္လို႔ ႐ြန္ေနး ေျပာဆို

ကာတာကမာၻ႔ဖလားပြဲမတိုင္ခင္မွာ အဂၤလန္အသင္းရဲ႕အေကာင္းဆုံးကစားသမားက ဖီးလ္ဖိုဒန္ျဖစ္တယ္လို႔ ထာဝရဂိုးသြင္းအမ်ားဆုံးျဖစ္တဲ့ ဝိန္း႐ြန္ေနးကယုံၾကည္ေနပါတယ္။

အသက္ ၂၂ႏွစ္အ႐ြယ္ မန္စီးတီးကစားသမားဟာ ယူႏိုက္တက္ဘက္ကိုဟက္ထရစ္ဂိုးအပါအဝင္ ဒီရာသီၿပိဳင္ပြဲစုံမွာ မန္ခ်က္စတာကလပ္အတြက္ ၈ ဂိုး အထိသြင္းၿပီးပုံစံေကာင္းျပသထားႏိုင္တာျဖစ္တယ္။

ဂြါဒီယိုလာရဲ႕သြန္သင္မႈေအာက္မွာထူးခြၽန္သူတစ္ေယာက္ျဖစ္လာတဲ့ ဖိုဒန္ဟာယုံၾကည္မႈ အျပည့္နဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲကိုသြားေရာက္လိမ့္မယ္လို႔ ႐ြန္ေနးကဆိုပါတယ္။ လက္ရွိအဂၤလန္

အသင္းရဲ႕အေကာင္းဆုံးကစားသမားက ဟယ္ရီကိန္းမဟုတ္သလို ဖိုဒန္ရဲ႕ဖန္တီးမႈနဲ႔ ဂိုးသြင္းစြမ္းရည္ေတြက အဂၤလန္ကိုေသခ်ာေပါက္ေထာက္ပံ့ႏိုင္တယ္လို႔ သရဲနီတိုက္စစ္မႉးေဟာင္းကဖြင့္ဟထားပါတယ္။

The Times သတင္းစာနဲ႔ေတြ႕ဆုံမႈမွာ ဝိန္း႐ြန္ေနးက “ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း သူျပဳလုပ္ခဲ့တာေတြက အဂၤလန္ရဲ႕အေကာင္းဆုံးကစားသမားျဖစ္ေနတယ္ဆိုတာျပသေနပါတယ္။

ဖိုဒန္က ဂိုးသြင္းႏိုင္သလို ဖန္တီးမႈပါလုပ္ႏိုင္ပါတယ္။ သူအဂၤလန္အတြက္အေကာင္းဆုံးမလုပ္ႏိုင္ေသးဘူး၊ မန္စီးတီးအတြက္ သူဘာေတြလုပ္ခဲ့သလဲ၊ ဒါေပမဲ့ သူ႔မွာခင္ဗ်ားတို႔လိုခ်င္တဲ့

အရာအားလုံးပိုင္ဆိုင္ထားၿပီး နည္းစနစ္ပိုင္းအရေရာ၊ အရည္အခ်င္းအရပါ သူက ကြၽန္ေတာ္တို႔ရဲ႕အေကာင္းဆုံးကစားသမားလို႔ထင္ပါတယ္။ ဂ်က္ဂရီလစ္ရွ္နဲ႔

မက္ဒီဆင္တို႔အရန္ခုံမွာရွိေနတာအရမ္းကိုေကာင္းပါတယ္။ ဂရီလစ္ရွ္ဟာ ေတာင္ပံႏွစ္ဖက္ကေန နံပါတ္ ၁၀ ေနရာကိုဝင္လာႏိုင္သူျဖစ္လို႔ ေဆာက္ဂိတ္ဟာအရန္ခုံေပၚမွာေ႐ြးခ်ယ္စရာေတြရွိေနပါတယ္” လို႔ ဆိုခဲ့ပါတယ္။

ဟယ္ရီကိန္းနဲ႔ပတ္သတ္လို႔ ႐ြန္ေနးကသူ႔ရဲ႕အဂၤလန္အသင္း သြင္းဂိုးစံခ်ိန္ကိုအျမန္ဆုံးခ်ိဳးႏိုင္ရင္ပိုေကာင္းလိမ့္မယ္လို႔ဆိုခဲ့ၿပီး ဒီလိုဆိုရင္ စပါးတိုက္စစ္မႉးဟာ စိတ္လြန္ကိုယ္လြတ္နဲ႔

ကစားပြဲအေပၚပိုၿပီး အာ႐ုံစိုက္ႏိုင္လာလိမ့္မယ္လို႔ ေျပာဆိုသြားပါတယ္။