အင်္ဂလန်အသင်းမှာ ဂူလီ ပထမဆုံးရွေးချယ်ခံရပြီး ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချို ချန်လှပ်ခံရ

ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး

ရက်ရှ်ဖို့ဒ်နဲ့ တောင်ပံကစားသမား ဆန်ချိုတို့ဟာ
ယခုလအတွင်း ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့
ကစားရမယ့်ခြေစမ်းပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းကနေ
ချန်လှပ်ခံခဲ့ရပေမယ့် ပဲလေ့စ်အသင်းနောက်ခံလူ
ဂူလီကတော့ ကစားသမားဘ၀ ပထမဆုံးအကြိမ်အဖြစ်

လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဂူလီဟာ ပြီးခဲ့ဲတဲ့နွေရာသီက ပေါင် ၁၈သန်းနဲ့
ချဲလ်ဆီးကနေ ပဲလေ့စ်ကို ရောာက်လာပြီးချိန်ကတည်းက
ခြေစွမ်းပြနေတာဖြစ်ပြီး အခုနောက်ပိုင်း ပုံမှန်ခြေစွမ်းရနေတဲ့
အာဆင်နယ်အသင်းနောက်ခံလူ ဘင်ဝှိုက်လည်း

အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ယခုလအစောပိုင်းက
ဝုဗ်နဲ့ပွဲမှာ ဂူလီရဲ့ခြေစွမ်းကို လာရောက်အကဲခတ်ခဲ့သလို
လက်ထောက်နည်းပြ စတိဗ်ဟော်လန်ကလည်း
တနင်္လာနေ့က မန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ

ဂူလီရဲ့ကစားပုံကို လာရောက်ကြည့်ရှုခဲ့ပါတယ်။
ဂူလီဟာ အင်္ဂလန်ယူ၂၁ အသင်းအတွက် ၁၆ပွဲ
ကစားပေးခဲ့ပြီး အင်္ဂလန်လူငယ်အသင်း
၂၀၁၇ ကမ္ဘာ့ဖလား ယူ-၁၇ ချန်ပီယံဖြစ်ခဲ့တုန်းကလည်း
အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။

ချဲလ်ဆီးကနေ ပဲလေ့စ်ကို အငှားလာကစားနေတဲ့
ကွင်းလယ်လူ ဂယ်လက်ဟာလည်း အင်္ဂလန်အသင်းမှာ
ဒုတိယမြောက်ရွေးချယ်ခံခဲ့ရပြီး ဆန်ချိုက ဒီနှစ်ထဲမှာ
ခြေစွမ်းပြန်ပြန်လာပေမယ့် ကလပ်အသင်းဖော်
ရက်ရှ်ဖို့ဒ်နဲ့အတူ အင်္ဂလန်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကို မရွေးချယ်ခဲ့တာနဲ့ပတ်သက်လို့
ရက်ရှ်ဖို့ဒ်က ”ကျွန်တော်တို့အထင်မှာ
တခြားတိုက်စစ်ကစားသမားတွေက သူတို့နှစ်ယောက်ထက်
နည်းနည်းပိုကောင်းနေတယ်လို့ ထင်လို့ပါ။
ဖိုဒန်၊ စတာလင်း၊ ဂရီးလစ်ချ်၊ စမစ်ရိုတို့ပါ။

ဆန်ချိုက ယူနိုက်တက်မှာ ခြေစွမ်းတိုးတက်လာတာ
မှန်ပေမယ့် ဒီထက်ပိုတိုးတက်ဖို့တော့ လိုအပ်နေပါတယ်။
ရက်ရှ်ဖို့ဒ်ကတော့ ခက်ခဲကြမ်းတမ်းတဲ့ကလာကို
ဖြတ်သန်းနေရပြီး သူ့အတွက် အချိန်တွေလည်း
အများကြီးရှိပါသေးတယ်”လို့ ရှင်းပြပါတယ်။

အင်္ဂလန်အသင်းလူစာရင်း
ဂိုး – ပစ်ဖို့ဒ်၊ ရမ်းစ်ဒေးလ်၊ နစ်ပုပ်။
နောက် – အာနိုးလ်၊ ကိုအာဒီ၊ ဂူလီ၊ ရိစ်ဂျိမ်းစ်၊ မက်ဂွိုင်းယား၊ တိုင်ရုန်းမင်းစ်၊ လုခ်ရှော၊ ဂျွန်စတုန်း၊ ဘင်ဝှိုက်။
လယ် – ဘယ်လင်ဂမ်၊ ဂယ်လက်ဟာ၊ ဟန်ဒါဆန်၊ မေဆင်မောင့်၊ ဒက်ကလန်ရိုက်စ်၊ ဝက်ပရောက်စ်။
ရှေ့ – အေဘရာဟမ်၊ ဖိုဒန်၊ ဂရီးလစ်ချ်၊ ဟယ်ရီကိန်း၊ ဆာကာ၊ စမစ်ရို၊ စတာလင်း။

Zawgyi

အဂၤလန္အသင္းမွာ ဂူလီ ပထမဆုံးေ႐ြးခ်ယ္ခံရၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ ဆန္ခ်ိဳ ခ်န္လွပ္ခံရ
ယူႏိုက္တက္ကစားသမားေတြျဖစ္တဲ့ တိုက္စစ္မႉး

ရက္ရွ္ဖို႔ဒ္နဲ႔ ေတာင္ပံကစားသမား ဆန္ခ်ိဳတို႔ဟာ
ယခုလအတြင္း ဆြစ္ဇာလန္၊ အိုင္ဗရီကို႔စ္တို႔နဲ႔
ကစားရမယ့္ေျခစမ္းပြဲေတြအတြက္ အဂၤလန္အသင္းလူစာရင္းကေန
ခ်န္လွပ္ခံခဲ့ရေပမယ့္ ပဲေလ့စ္အသင္းေနာက္ခံလူ
ဂူလီကေတာ့ ကစားသမားဘ၀ ပထမဆုံးအႀကိမ္အျဖစ္

လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။
ဂူလီဟာ ၿပီးခဲ့ဲတဲ့ေႏြရာသီက ေပါင္ ၁၈သန္းနဲ႔
ခ်ဲလ္ဆီးကေန ပဲေလ့စ္ကို ေရာာက္လာၿပီးခ်ိန္ကတည္းက
ေျခစြမ္းျပေနတာျဖစ္ၿပီး အခုေနာက္ပိုင္း ပုံမွန္ေျခစြမ္းရေနတဲ့
အာဆင္နယ္အသင္းေနာက္ခံလူ ဘင္ဝႈိက္လည္း

အဂၤလန္အသင္းမွာ ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။
အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ဟာ ယခုလအေစာပိုင္းက
ဝုဗ္နဲ႔ပြဲမွာ ဂူလီရဲ႕ေျခစြမ္းကို လာေရာက္အကဲခတ္ခဲ့သလို
လက္ေထာက္နည္းျပ စတိဗ္ေဟာ္လန္ကလည္း
တနလၤာေန႔က မန္စီးတီးနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ

ဂူလီရဲ႕ကစားပုံကို လာေရာက္ၾကည့္ရႈခဲ့ပါတယ္။
ဂူလီဟာ အဂၤလန္ယူ၂၁ အသင္းအတြက္ ၁၆ပြဲ
ကစားေပးခဲ့ၿပီး အဂၤလန္လူငယ္အသင္း
၂၀၁၇ ကမာၻ႔ဖလား ယူ-၁၇ ခ်န္ပီယံျဖစ္ခဲ့တုန္းကလည္း
အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါဝင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးကေန ပဲေလ့စ္ကို အငွားလာကစားေနတဲ့
ကြင္းလယ္လူ ဂယ္လက္ဟာလည္း အဂၤလန္အသင္းမွာ
ဒုတိယေျမာက္ေ႐ြးခ်ယ္ခံခဲ့ရၿပီး ဆန္ခ်ိဳက ဒီႏွစ္ထဲမွာ
ေျခစြမ္းျပန္ျပန္လာေပမယ့္ ကလပ္အသင္းေဖာ္
ရက္ရွ္ဖို႔ဒ္နဲ႔အတူ အဂၤလန္အသင္း လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရပါတယ္။

ဆန္ခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို မေ႐ြးခ်ယ္ခဲ့တာနဲ႔ပတ္သက္လို႔
ရက္ရွ္ဖို႔ဒ္က ”ကြၽန္ေတာ္တို႔အထင္မွာ
တျခားတိုက္စစ္ကစားသမားေတြက သူတို႔ႏွစ္ေယာက္ထက္
နည္းနည္းပိုေကာင္းေနတယ္လို႔ ထင္လို႔ပါ။
ဖိုဒန္၊ စတာလင္း၊ ဂရီးလစ္ခ်္၊ စမစ္႐ိုတို႔ပါ။

ဆန္ခ်ိဳက ယူႏိုက္တက္မွာ ေျခစြမ္းတိုးတက္လာတာ
မွန္ေပမယ့္ ဒီထက္ပိုတိုးတက္ဖို႔ေတာ့ လိုအပ္ေနပါတယ္။
ရက္ရွ္ဖို႔ဒ္ကေတာ့ ခက္ခဲၾကမ္းတမ္းတဲ့ကလာကို
ျဖတ္သန္းေနရၿပီး သူ႔အတြက္ အခ်ိန္ေတြလည္း
အမ်ားႀကီးရွိပါေသးတယ္”လို႔ ရွင္းျပပါတယ္။

အဂၤလန္အသင္းလူစာရင္း
ဂိုး – ပစ္ဖို႔ဒ္၊ ရမ္းစ္ေဒးလ္၊ နစ္ပုပ္။
ေနာက္ – အာႏိုးလ္၊ ကိုအာဒီ၊ ဂူလီ၊ ရိစ္ဂ်ိမ္းစ္၊ မက္ဂြိဳင္းယား၊ တိုင္႐ုန္းမင္းစ္၊ လုခ္ေရွာ၊ ဂြၽန္စတုန္း၊ ဘင္ဝႈိက္။
လယ္ – ဘယ္လင္ဂမ္၊ ဂယ္လက္ဟာ၊ ဟန္ဒါဆန္၊ ေမဆင္ေမာင့္၊ ဒက္ကလန္႐ိုက္စ္၊ ဝက္ပေရာက္စ္။
ေရွ႕ – ေအဘရာဟမ္၊ ဖိုဒန္၊ ဂရီးလစ္ခ်္၊ ဟယ္ရီကိန္း၊ ဆာကာ၊ စမစ္႐ို၊ စတာလင္း။