အင်္ဂလန်အသင်းမှာပါဝင်ကစားခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းတစ်သင်းဆီပြောင်းရွှေ့လိုနေတဲ့ လင်ဂတ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူလင်ဂတ်ဟာ လာမယ့်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကျရင် အင်္ဂလန်အသင်းမှာပါဝင်ကစားခွင့်ရဖို့အတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့်အသင်းတစ်သင်းဆီပြောင်းရွှေ့လိုနေပြီး နယူးကာဆယ်အသင်းခေါ်ယူလိုနေတဲ့ကစားသမားတွေထဲမှာ လင်ဂတ်လည်းတစ်ဦးအပါအဝင်ဖြစ်နေတယ်လို့သတင်းထွက်နေပါတယ်။ မကြာသေးခင်က နယူးကာဆယ်အသင်းကို ဆော်ဒီနိုင်ငံရဲ့ Public Investment Fund အဖွဲ့က ဝယ်ယူခဲ့ပြီးနောက်မှာ ကစားသမားသစ်တွေခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်နေပြီး နယူးကာဆယ်ပစ်မှတ်ထားနေတဲ့သူတွေထဲမှာ လင်ဂတ်လည်းပါဝင်နေတယ်လို့ သတင်းထွက်နေတာဖြစ်ပါတယ်။

လင်ဂတ်ကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက အသင်းဟောင်းဝက်စ်ဟမ်းအပါအဝင် ကလပ်အသင်းတချို့က ခေါ်ယူဖို့ချိတ်ဆက်ခဲ့ကြပေမယ့် ကစားသမားက ယူနိုက်တက်အသင်းမှာဆက်နေပြီးတော့ ပုံမှန်ကစားခွင့်ရဖို့အတွက်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့လည်း ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လင်ဂတ်ဟာ (၃)ပွဲသာကစားခွင့်ရခဲ့ပြီး အဲဒီပွဲတိုင်းက လူစားဝင်အဖြစ်သာကစားခဲ့ရတာဖြစ်သလို စုစုပေါင်းမှ(၄၅)မိနစ်သာကစားခဲ့ရတာဖြစ်ပါတယ်။ လင်ဂတ်အနေနဲ့ နယူးကာဆယ်၊ ဝက်စ်ဟမ်းအသင်းတို့ကိုအနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲတွေမှာ လူစားဝင်အဖြစ်ကစားခဲ့ရပေမယ့် ခြေစွမ်းပြပြီးဂိုးတွေသွင်းယူခဲ့တာကြောင့် အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားမယ့် လက်ရွေးစင်အသင်းလူစာရင်းမှာ သူ့ကိုရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲတုန်းက အင်္ဂလန်အသင်းပဏာမလူစာရင်းမှာရွေးချယ်ခံခဲ့ရပေမယ့် အပြီးသတ်လူစာရင်းမှာမပါဝင်ခဲ့တာကြောင့် အဲဒီလိုထပ်မဖြစ်အောင် ကလပ်အသင်းအတွက်ပုံမှန်ကစားခွင့်ရဖို့မျှော်လင့်နေတာပါ။ အင်္ဂလန်အသင်းရဲ့သတင်းစာရှင်းလင်းပွဲမှာ လင်ဂတ်က “ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ အချိန်အများကြီးလိုသေးပေမယ့် ဒီကာလအတွင်းမှာ ကလပ်အသင်းအတွက်ပုံမှန်ကစားခွင့်ရဖို့တော့ လိုပါတယ်။

ယူရိုပြိုင်ပွဲဆင်နွှဲခွင့်ရဖို့ အရမ်းနီးစပ်တဲ့အခြေအနေရောက်ရှိခဲ့ပြီး လက်ရွေးစင်အသင်းအတွက်ရွေးချယ်ခံလိုတယ်ဆိုရင် ကလပ်အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့က အဓိကကျတဲ့အခန်းကဏ္ဍမှာပါဝင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကလပ်အသင်းအတွက် ပွဲပေါင်း(၂၀)၊ (၂၅)ပွဲနဲ့အထက်ကစားခွင့်ရမယ်ဆိုရင် နိုင်ငံအသင်းမှာပါဝင်ခွင့်ရဖို့ မျှော်လင့် ချက်ရှိမှာဖြစ်ပါတယ်။ ကလပ်အသင်းမှာ အကောင်းဆုံးစွမ်းဆောင်ပြနိုင်မယ်ဆိုရင် ဘာတွေအပြောင်းအလဲဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်တာကြောင့် ကျွန်တော်ကတော့ ကွင်းထဲမှာခြေစွမ်းကောင်းပြသနိုင်ဖို့ပဲ ကြိုးစားသွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။

zawgyi

အဂၤလန္အသင္းမွာပါဝင္ကစားခြင့္ရဖို႔အတြက္ ပုံမွန္ပြဲထြက္ခြင့္ရမယ့္အသင္းတစ္သင္းဆီေျပာင္းေ႐ႊ႕လိုေနတဲ့ လင္ဂတ္

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူလင္ဂတ္ဟာ လာမယ့္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲက်ရင္ အဂၤလန္အသင္းမွာပါဝင္ကစားခြင့္ရဖို႔အတြက္ ပုံမွန္ပြဲထြက္ခြင့္ရမယ့္အသင္းတစ္သင္းဆီေျပာင္းေ႐ႊ႕လိုေနၿပီး နယူးကာဆယ္အသင္းေခၚယူလိုေနတဲ့ကစားသမားေတြထဲမွာ လင္ဂတ္လည္းတစ္ဦးအပါအဝင္ျဖစ္ေနတယ္လို႔သတင္းထြက္ေနပါတယ္။ မၾကာေသးခင္က နယူးကာဆယ္အသင္းကို ေဆာ္ဒီႏိုင္ငံရဲ႕ Public Investment Fund အဖြဲ႕က ဝယ္ယူခဲ့ၿပီးေနာက္မွာ ကစားသမားသစ္ေတြေခၚယူအားျဖည့္ဖို႔ ျပင္ဆင္ေနၿပီး နယူးကာဆယ္ပစ္မွတ္ထားေနတဲ့သူေတြထဲမွာ လင္ဂတ္လည္းပါဝင္ေနတယ္လို႔ သတင္းထြက္ေနတာျဖစ္ပါတယ္။

လင္ဂတ္ကို ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းက အသင္းေဟာင္းဝက္စ္ဟမ္းအပါအဝင္ ကလပ္အသင္းတခ်ိဳ႕က ေခၚယူဖို႔ခ်ိတ္ဆက္ခဲ့ၾကေပမယ့္ ကစားသမားက ယူႏိုက္တက္အသင္းမွာဆက္ေနၿပီးေတာ့ ပုံမွန္ကစားခြင့္ရဖို႔အတြက္တိုက္ပြဲဝင္ဖို႔ဆုံးျဖတ္ခဲ့တာပါ။

ဒါေပမဲ့လည္း ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ လင္ဂတ္ဟာ (၃)ပြဲသာကစားခြင့္ရခဲ့ၿပီး အဲဒီပြဲတိုင္းက လူစားဝင္အျဖစ္သာကစားခဲ့ရတာျဖစ္သလို စုစုေပါင္းမွ(၄၅)မိနစ္သာကစားခဲ့ရတာျဖစ္ပါတယ္။ လင္ဂတ္အေနနဲ႔ နယူးကာဆယ္၊ ဝက္စ္ဟမ္းအသင္းတို႔ကိုအႏိုင္ရခဲ့တဲ့ပရီးမီးယားလိဂ္ပြဲေတြမွာ လူစားဝင္အျဖစ္ကစားခဲ့ရေပမယ့္ ေျခစြမ္းျပၿပီးဂိုးေတြသြင္းယူခဲ့တာေၾကာင့္ အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြကစားမယ့္ လက္ေ႐ြးစင္အသင္းလူစာရင္းမွာ သူ႔ကိုေ႐ြးခ်ယ္ခဲ့တာလည္းျဖစ္ပါတယ္။

လင္ဂတ္ဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲတုန္းက အဂၤလန္အသင္းပဏာမလူစာရင္းမွာေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ အၿပီးသတ္လူစာရင္းမွာမပါဝင္ခဲ့တာေၾကာင့္ အဲဒီလိုထပ္မျဖစ္ေအာင္ ကလပ္အသင္းအတြက္ပုံမွန္ကစားခြင့္ရဖို႔ေမွ်ာ္လင့္ေနတာပါ။ အဂၤလန္အသင္းရဲ႕သတင္းစာရွင္းလင္းပြဲမွာ လင္ဂတ္က “ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပဖို႔ အခ်ိန္အမ်ားႀကီးလိုေသးေပမယ့္ ဒီကာလအတြင္းမွာ ကလပ္အသင္းအတြက္ပုံမွန္ကစားခြင့္ရဖို႔ေတာ့ လိုပါတယ္။

ယူ႐ိုၿပိဳင္ပြဲဆင္ႏႊဲခြင့္ရဖို႔ အရမ္းနီးစပ္တဲ့အေျခအေနေရာက္ရွိခဲ့ၿပီး လက္ေ႐ြးစင္အသင္းအတြက္ေ႐ြးခ်ယ္ခံလိုတယ္ဆိုရင္ ကလပ္အသင္းမွာ ပုံမွန္ကစားခြင့္ရဖို႔က အဓိကက်တဲ့အခန္းက႑မွာပါဝင္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကလပ္အသင္းအတြက္ ပြဲေပါင္း(၂၀)၊ (၂၅)ပြဲနဲ႔အထက္ကစားခြင့္ရမယ္ဆိုရင္ ႏိုင္ငံအသင္းမွာပါဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ ခ်က္ရွိမွာျဖစ္ပါတယ္။ ကလပ္အသင္းမွာ အေကာင္းဆုံးစြမ္းေဆာင္ျပႏိုင္မယ္ဆိုရင္ ဘာေတြအေျပာင္းအလဲျဖစ္လာမလဲဆိုတာ ဘယ္သူမွမသိႏိုင္တာေၾကာင့္ ကြၽန္ေတာ္ကေတာ့ ကြင္းထဲမွာေျခစြမ္းေကာင္းျပသႏိုင္ဖို႔ပဲ ႀကိဳးစားသြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။