အင်္ဂလန်အသင်းဖော်အချို့ရဲ့ဂုဏ်ပြုတာခံရအပြင် မညှာမတာဝေဖန်တတ်တဲ့ ပေါလ်စခိုးရဲ့ ချီးကျူးတာပါခံရတဲ့ ဆန်ချို
ဆန်ချိုရဲ့ပထမဆုံးမန်ယူသွင်းဂိုးအတွက် လက်ရွေးစင်အသင်းက
အသင်းဖော်အချို့ဟာ ဆိုရှယ်မီဒီယာထက်မှာ သူ့ကို
ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့ကြပါတယ်။
ဆန်ချိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဒေါ့မန်ကနေ
ရောက်ရှိလာပေမယ့် အရင်နည်းပြဆိုးလ်ရှားလက်ထက်
ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေမှာတော့ နော်ဝေသားနည်းပြထုတ်ပယ်ခံခဲ့ရပြီး
ယာယီကိုင်တွယ်နေတဲ့ မိုက်ကယ်ကာရစ်လက်ထက် ပထမဆုံးပွဲဖြစ်တဲ့
ဗီလာရီးရဲလ်နဲ့ချန်ပီယံလိဂ်ပွဲမှာတော့ ပွဲထွက်စာရင်းထဲ ပါဝင်ခဲ့တာပါ။
အဲဒီအင်္ဂလန်လက်ရွေးစင်ဟာ ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး
ဗီလာရီးရဲလ်နဲ့ပွဲမှာ မန်ယူအတွက် သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဒီဂိုးကြောင့် ယူနိုက်တက်ပရိသတ်တွေ ဝမ်းမြောက်ခဲ့ကြရသလို
လက်ရွေးစင်အသင်းဖော်အချို့ကလည်း သူတို့သူငယ်ချင်းရဲ့
အောင်မြင်မှုအတွက် ဆိုရှယ်မီဒီယာထက်မှာ ဝမ်းသာခဲ့ကြပါတယ်။
သူ့ရဲ့ဒေါ့မန်အသင်းဖော်ဟောင်းဘယ်လင်ဂမ်က အပြုံးမျက်နှာ
emoji နဲ့ ဆန်ချိုရဲ့နာမည်အတိုကောက်ကို Twitter ပေါ် တင်ခဲ့ပါတယ်။
ဝက်စ်ဟမ်းကွင်းလယ်လူဒီကလန်ရိုက်စ်ကလည်း Twitter မှာပဲ
“ဆန်ချိုအတွက် ပျော်ရွှင်ရပါတယ်”လို့ ပို့စ်တင်ခဲ့ပါတယ်။
ဆန်ချိုကတော့ နှစ်ယောက်စလုံးကို ကျေးဇူးတင်ကြောင်း reply ပြန်ခဲ့ပါတယ်။
ဗီလာရီးရဲလ်နဲ့ပွဲက သူ့ရဲ့စွမ်းဆောင်မှုကို ဘယ်လင်ဂမ်နဲ့ ဒီကလန်ရိုက်စ်တို့တင်
ဂုဏ်ပြုကြတာမဟုတ်ဘဲ မညှာမတာဝေဖန်တတ်တဲ့အသင်း
ဂန္ထဝင်ဟောင်းပေါလ်စခိုးတောင် ချီးကျူးခဲ့ပါတယ်။
”သူ့အတွက် တကယ်ကို ကျေနပ်မိပါတယ်။ ခက်ခဲတဲ့အစကြုံတွေ့ခဲ့ရတဲ့
လူငယ်ကစားသမားတစ်ယောက်ပါ။
ဒါပေမဲ့ သူဟာ ဒီညမှာ ယူနိုက်တက်ရဲ့အကောင်းဆုံးပလေယာလို့
ကျွန်တော်ထင်ပါတယ်။ သူ့ကို ပိုသုံးဖို့ လိုအပ်ပါတယ်”လို့
ပေါလ်စခိုးက ပွဲအပြီးမှာ ပြောခဲ့တာပါ။
zawgyi