အင်္ဂလန်လေ့ကျင့်ရေးမှာ မက်ဂွိုင်းယားကမ္ဘာ့အကောင်းဆုံးအဖြစ်ပြောင်းလဲသွားတဲ့အပေါ် ပရိသတ်တွေမယုံကြည်နိုင်အောင်ဖြစ်နေ

မက်ဂွိုင်းယားဟာ အင်္ဂလန်အသင်းလေ့ကျင့်ရေးအတွင်း ၅ စက္ကန့်စာအချိန်လောက်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားပုံစံဖြစ်ခဲ့တာက ပရိသတ်ကိုအံ့အားသင့်စေခဲ့ပါတယ်။

ယူနိုက်တက်မှာပွဲထွက်ခွင့်ဆုံးရှုံးခဲ့တဲ့ မက်ဂွိုင်းယားဟာ ဆောက်ဂိတ်ရဲ့အပြီးသတ်ကစားသမား ၂၆ ဦး စာရင်းထဲပါဝင်နေပြီး အီရန်နဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ ကစားခွင့်ရဖို့သေချာနေသူဖြစ်တယ်။

လက်စတာနဲ့ ဟူးလ်စီးတီး နောက်ခံလူဟောင်းဟာ လေ့ကျင့်ရေးမှာ ရူးသွပ်ဖို့ကောင်းတဲ့ အစွမ်းအစတွေထုတ်ပြနိုင်ခဲ့တာက မယုံကြည်နိုင်စရာပါပဲ။ အင်္ဂလန်အသင်းသားတွေဟာ

ပြင်းထန်တဲ့ 33C အပူချိန်အောက်မှာ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး ဗိုင်းရပ်စ်လိုပျံ့နှံ့သွားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာတော့ မက်ဂွိုင်းယားရဲ့ အကောင်းဆုံးလှုပ်ရှားမှုတွေကို မြင်တွေ့ခဲ့ရတာဖြစ်တယ်။

ဆာကာ ဆီကဘောလုံးကိုလုယူခဲ့သလို ကိုအာဒီကို ဇီဒန်းအကွက်နဲ့ကျော်ဖြတ်ပြီးနောက် ဂိုးကန်မသွင်းခင်မှာဒေါသထွက်နေတဲ့ မာရာဒိုနာလိုခြေယောင်တွေအထပ်ထပ်ပြခဲ့တဲ့ မက်ဂွိုင်းယားရဲ့စကေးက

အလန်းစားဖြစ်ခဲ့တာပါ။ ဒီလောက်သေသပ်အောင်လုပ်ပြနိုင်တဲ့ မက်ဂွိုင်းယားကို ဆိုစီဒက်နဲ့ပွဲမှာ ရော်နယ်ဒိုရဲ့တွဲဖက်တိုက်စစ်မှူးအဖြစ်သုံးခဲ့တဲ့ နည်းပြတန်ဟတ်ရဲ့လုပ်ဆောင်ချက်က အံ့အားသင့်စရာမရှိတော့ပါဘူး။

အရပ် ၆ပေ၊ ၄လက်မ ရှိတဲ့ မက်ဂွိုင်းယားဟာ အဝေးပေးစနစ်ကစားရာမှာ တိုက်စစ်အတွက်အလုပ်ဖြစ်နိုင်တဲ့ စကေးတွေရှိနေတာကို တန်ဟတ်သေချာပေါက်သိနေတာဖြစ်နိုင်ပါတယ်။ မက်ဂွိုင်းယားနဲ့ပတ်သတ်လို့

အင်္ဂလန်နည်းပြဆောက်ဂိတ်က “အရင်ကပြိုင်ပွဲတွေမှာ အသင်းအတွက်ကစားပေးခဲ့သူတွေ အများကြီးရှိတာသိပါတယ်။ သူတို့ဘယ်အဆင့်မှာရှိတယ်၊ ဘာတွေလိုအပ်တယ်ဆိုတာသိပါတယ်။

ကျွန်တော်တို့မှာ ကောင်းကောင်းကစားနိုင်တဲ့တခြားကစားသမားတွေလည်းရှိပါတယ်။ အားလုံးကိုဟန်ချက်ညီအောင်လုပ်ရပါမယ်။ မက်ဂွိုင်းယားက ကျွန်တော်တို့ရဲ့အကောင်းဆုံး ဗဟိုခံစစ်မှူးတစ်ယောက်ပါ” လို့

ချီးကျူးထားပါတယ်။

(Zawgyi)

အဂၤလန္ေလ့က်င့္ေရးမွာ မက္ဂြိဳင္းယားကမာၻ႔အေကာင္းဆုံးအျဖစ္ေျပာင္းလဲသြားတဲ့အေပၚ ပရိသတ္ေတြမယုံၾကည္ႏိုင္ေအာင္ျဖစ္ေန

မက္ဂြိဳင္းယားဟာ အဂၤလန္အသင္းေလ့က်င့္ေရးအတြင္း ၅ စကၠန႔္စာအခ်ိန္ေလာက္မွာ ကမာၻ႔အေကာင္းဆုံးကစားသမားပုံစံျဖစ္ခဲ့တာက ပရိသတ္ကိုအံ့အားသင့္ေစခဲ့ပါတယ္။ ယူႏိုက္တက္မွာပြဲထြက္ခြင့္ဆုံးရႈံးခဲ့တဲ့ မက္ဂြိဳင္းယားဟာ ေဆာက္ဂိတ္ရဲ႕အၿပီးသတ္ကစားသမား ၂၆ ဦး စာရင္းထဲပါဝင္ေနၿပီး အီရန္နဲ႔အုပ္စုအဖြင့္ပြဲစဥ္မွာ ကစားခြင့္ရဖို႔ေသခ်ာေနသူျဖစ္တယ္။ လက္စတာနဲ႔ ဟူးလ္စီးတီးေနာက္ခံလူေဟာင္းဟာ ေလ့က်င့္ေရးမွာ ႐ူးသြပ္ဖို႔ေကာင္းတဲ့အစြမ္းအစေတြထုတ္ျပႏိုင္ခဲ့တာက မယုံၾကည္ႏိုင္စရာပါပဲ။ အဂၤလန္အသင္းသားေတြဟာ ျပင္းထန္တဲ့ 33C အပူခ်ိန္ေအာက္မွာ ေလ့က်င့္မႈေတြျပဳလုပ္ခဲ့ၿပီး ဗိုင္းရပ္စ္လိုပ်ံ႕ႏွံ႔သြားတဲ့ ဗီဒီယိုဖိုင္တစ္ခုမွာေတာ့ မက္ဂြိဳင္းယားရဲ႕အေကာင္းဆုံးလႈပ္ရွားမႈေတြကို ျမင္ေတြ႕ခဲ့ရတာျဖစ္တယ္။ ဆာကာ ဆီကေဘာလုံးကိုလုယူခဲ့သလို ကိုအာဒီကို ဇီဒန္းအကြက္နဲ႔ေက်ာ္ျဖတ္ၿပီးေနာက္ ဂိုးကန္မသြင္းခင္မွာေဒါသထြက္ေနတဲ့ မာရာဒိုနာလိုေျခေယာင္ေတြအထပ္ထပ္ျပခဲ့တဲ့ မက္ဂြိဳင္းယားရဲ႕စေကးက အလန္းစားျဖစ္ခဲ့တာပါ။ ဒီေလာက္ေသသပ္ေအာင္လုပ္ျပႏိုင္တဲ့ မက္ဂြိဳင္းယားကို ဆိုစီဒက္နဲ႔ပြဲမွာ ေရာ္နယ္ဒိုရဲ႕တြဲဖက္တိုက္စစ္မႉးအျဖစ္သုံးခဲ့တဲ့ နည္းျပတန္ဟတ္ရဲ႕လုပ္ေဆာင္ခ်က္က အံ့အားသင့္စရာမရွိေတာ့ပါဘူး။ အရပ္ ၆ေပ၊ ၄လက္မ ရွိတဲ့ မက္ဂြိဳင္းယားဟာ အေဝးေပးစနစ္ကစားရာမွာ တိုက္စစ္အတြက္အလုပ္ျဖစ္ႏိုင္တဲ့ စေကးေတြရွိေနတာကို တန္ဟတ္ေသခ်ာေပါက္သိေနတာျဖစ္ႏိုင္ပါတယ္။ မက္ဂြိဳင္းယားနဲ႔ပတ္သတ္လို႔ အဂၤလန္နည္းျပေဆာက္ဂိတ္က “အရင္ကၿပိဳင္ပြဲေတြမွာ အသင္းအတြက္ကစားေပးခဲ့သူေတြ အမ်ားႀကီးရွိတာသိပါတယ္။ သူတို႔ဘယ္အဆင့္မွာရွိတယ္၊ ဘာေတြလိုအပ္တယ္ဆိုတာသိပါတယ္။ ကြၽန္ေတာ္တို႔မွာ ေကာင္းေကာင္းကစားႏိုင္တဲ့တျခားကစားသမားေတြလည္းရွိပါတယ္။ အားလုံးကိုဟန္ခ်က္ညီေအာင္လုပ္ရပါမယ္။ မက္ဂြိဳင္းယားက ကြၽန္ေတာ္တို႔ရဲ႕အေကာင္းဆုံးဗဟိုခံစစ္မႉးတစ္ေယာက္ပါ” လို႔ ခ်ီးက်ဴးထားပါတယ္။