အင်္ဂလန်လိဂ်ဖလားဗိုလ်လုပွဲဟာ ကီပါအတွက်ကတော့ ကျိန်စာသင့်သလိုဖြစ်နေ

ချဲလ်ဆီးဂိုးသမားကီပါအတွက်ကတော့ အင်္ဂလန်လိဂ်ဖလားဗိုလ်လုပွဲဟာ

ကျိန်စာသင့်သလို ဖြစ်နေပါတယ်။

အဲဒီစပိန်သားဟာ လက်ရှိချဲလ်ဆီးအသင်းမှာ မန်ဒီရဲ့နောက်

ဒုတိယဂိုးသမားဖြစ်ပေမယ့် ပင်နယ်တီကာကွယ်နိုင်မှုမှတ်တမ်းကောင်းကြောင့်

ဖလားပွဲတွေမှာဆိုရင် ပင်နယ်တီကန်ရတော့မယ်ဆိုတာနဲ့ ပွဲမပြီးခင်လေးမှာ

အဲဒီအတွက် နည်းပြတူချယ်က သူ့ကို လူစားသွင်းလေ့ရှိတာပါ။

တကယ်လည်း ဒီရာသီဥရောပစူပါဖလားမှာ ချဲလ်ဆီးဗိုလ်စွဲခဲ့တာဟာ

ကီပါကြောင့်ဖြစ်ပြီး အချိန် ၁၁၉ မိနစ်မှာ မန်ဒီအစား လူစားဝင်ကာ

ပင်နယ်တီအဆုံးအဖြတ်မှာ ဗီလာရီးရဲလ်ဘက်က ၂ လုံးကို ကာကွယ်ပေးခဲ့ပါတယ်။

တနင်္ဂနွေညက ကစားသွားတဲ့လီဗာပူးနဲ့ပွဲမှာလည်း

တူချယ်ဟာ ကီပါကို အဲဒီလိုပုံစံအတိုင်း ပင်နယ်တီဝင်ဖမ်းစေပေမယ့်

ဒီတစ်ကြိမ်မှာတော့ အလုပ်မဖြစ်ခဲ့ပါဘူး။

ပင်နယ်တီအတွက် လူစားဝင်လာတာဖြစ်ပေမယ့်

ကီပါဟာ လီဗာပူးဘက်က သွင်းတဲ့ အလုံးတိုင်းကို ခွင့်ပြုခဲ့ရတာပါ။

နောက်ဆုံး ဂိုးသမားချင်းကန်ရတဲ့အနေအထားဖြစ်သွားပြီး

လီဗာပူးဘက်က ကယ်လီဟာက တည်တည်ငြိမ်ငြိမ်ကန်သွင်းနိုင်ခဲ့ပေမယ့်

ကီပါကတော့ သူ့အလှည့်မှာ မိုးပေါ်ထောင်ကန်ခဲ့လို့

ချဲလ်ဆီးဟာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ဖြစ်တဲ့ ၂၀၁၉ တုန်းကလည်း ကီပါဟာ လိဂ်ဖလားဗိုလ်လုပွဲမှာ

ပင်နယ်တီအိပ်မက်ဆိုးနဲ့ ကြုံတွေ့ခဲ့ရသေးတာပါ။

ဆာရီလက်ထက် အဲဒီတုန်းကဆိုရင်

သူဟာ ချဲလ်ဆီးမှာ ပထမဦးစားပေးဂိုးသမားပါ။

မန်စီးတီးနဲ့ကစားခဲ့တဲ့အဲဒီဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်အတွက်

ဆာရီက အရန်ဂိုးသမားကာဘယ်လာရိုကို လူစားသွင်းဖို့

ကီပါက ကွင်းထဲက ထွက်ဖို့ ငြင်းဆန်ခဲ့ပြီး အဲဒီအဖြစ်အပျက်ဟာလည်း

ကမ္ဘာ့ဘောလုံးလောကမှာ ဟိုးလေတကျော်ကျော်ဖြစ်သွားပါတယ်။

ဖြစ်ချင်တော့ ပင်နယ်တီအဆုံးအဖြတ်မှာ

ကီပါဟာ တစ်ကြိမ်သာကာကွယ်နိုင်မှုနဲ့အတူ

မန်စီးတီးကို ၄-၃ နဲ့ရှုံးသွားပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။

zawgyi

အဂၤလန္လိဂ္ဖလားဗိုလ္လုပြဲဟာ ကီပါအတြက္ကေတာ့ က်ိန္စာသင့္သလိုျဖစ္ေန

ခ်ဲလ္ဆီးဂိုးသမားကီပါအတြက္ကေတာ့ အဂၤလန္လိဂ္ဖလားဗိုလ္လုပြဲဟာ

က်ိန္စာသင့္သလို ျဖစ္ေနပါတယ္။

အဲဒီစပိန္သားဟာ လက္ရွိခ်ဲလ္ဆီးအသင္းမွာ မန္ဒီရဲ႕ေနာက္

ဒုတိယဂိုးသမားျဖစ္ေပမယ့္ ပင္နယ္တီကာကြယ္ႏိုင္မႈမွတ္တမ္းေကာင္းေၾကာင့္

ဖလားပြဲေတြမွာဆိုရင္ ပင္နယ္တီကန္ရေတာ့မယ္ဆိုတာနဲ႔ ပြဲမၿပီးခင္ေလးမွာ

အဲဒီအတြက္ နည္းျပတူခ်ယ္က သူ႔ကို လူစားသြင္းေလ့ရွိတာပါ။

တကယ္လည္း ဒီရာသီဥေရာပစူပါဖလားမွာ ခ်ဲလ္ဆီးဗိုလ္စြဲခဲ့တာဟာ

ကီပါေၾကာင့္ျဖစ္ၿပီး အခ်ိန္ ၁၁၉ မိနစ္မွာ မန္ဒီအစား လူစားဝင္ကာ

ပင္နယ္တီအဆုံးအျဖတ္မွာ ဗီလာရီးရဲလ္ဘက္က ၂ လုံးကို ကာကြယ္ေပးခဲ့ပါတယ္။

တနဂၤေႏြညက ကစားသြားတဲ့လီဗာပူးနဲ႔ပြဲမွာလည္း

တူခ်ယ္ဟာ ကီပါကို အဲဒီလိုပုံစံအတိုင္း ပင္နယ္တီဝင္ဖမ္းေစေပမယ့္

ဒီတစ္ႀကိမ္မွာေတာ့ အလုပ္မျဖစ္ခဲ့ပါဘူး။

ပင္နယ္တီအတြက္ လူစားဝင္လာတာျဖစ္ေပမယ့္

ကီပါဟာ လီဗာပူးဘက္က သြင္းတဲ့ အလုံးတိုင္းကို ခြင့္ျပဳခဲ့ရတာပါ။

ေနာက္ဆုံး ဂိုးသမားခ်င္းကန္ရတဲ့အေနအထားျဖစ္သြားၿပီး

လီဗာပူးဘက္က ကယ္လီဟာက တည္တည္ၿငိမ္ၿငိမ္ကန္သြင္းႏိုင္ခဲ့ေပမယ့္

ကီပါကေတာ့ သူ႔အလွည့္မွာ မိုးေပၚေထာင္ကန္ခဲ့လို႔

ခ်ဲလ္ဆီးဟာ ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

လြန္ခဲ့တဲ့ ၃ ႏွစ္ျဖစ္တဲ့ ၂၀၁၉ တုန္းကလည္း ကီပါဟာ လိဂ္ဖလားဗိုလ္လုပြဲမွာ

ပင္နယ္တီအိပ္မက္ဆိုးနဲ႔ ႀကဳံေတြ႕ခဲ့ရေသးတာပါ။

ဆာရီလက္ထက္ အဲဒီတုန္းကဆိုရင္

သူဟာ ခ်ဲလ္ဆီးမွာ ပထမဦးစားေပးဂိုးသမားပါ။

မန္စီးတီးနဲ႔ကစားခဲ့တဲ့အဲဒီဗိုလ္လုပြဲမွာ ပင္နယ္တီအဆုံးအျဖတ္အတြက္

ဆာရီက အရန္ဂိုးသမားကာဘယ္လာ႐ိုကို လူစားသြင္းဖို႔

ကီပါက ကြင္းထဲက ထြက္ဖို႔ ျငင္းဆန္ခဲ့ၿပီး အဲဒီအျဖစ္အပ်က္ဟာလည္း

ကမာၻ႔ေဘာလုံးေလာကမွာ ဟိုးေလတေက်ာ္ေက်ာ္ျဖစ္သြားပါတယ္။

ျဖစ္ခ်င္ေတာ့ ပင္နယ္တီအဆုံးအျဖတ္မွာ

ကီပါဟာ တစ္ႀကိမ္သာကာကြယ္ႏိုင္မႈနဲ႔အတူ

မန္စီးတီးကို ၄-၃ နဲ႔ရႈံးသြားၿပီး ဒုတိယနဲ႔သာ ေက်နပ္ခဲ့ရတာပါ။