အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးအကြိမ်ခေါ်ယူခံရမှုအတွက် အတိုင်းထက်အလွန် ပျော်ရွှင်မိကြောင်း ဝန်ခံလိုက်တဲ့ စမစ်ရိုဝီ

အာဆင်နယ်ကြယ်ပွင့်စမစ်ရိုဝီက အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ

ပထမဆုံးအကြိမ်ခေါ်ယူခံရမှုအတွက် အတိုင်းထက်အလွန်

ပျော်ရွှင်မိကြောင်း ဝန်ခံလိုက်ပါတယ်။ ဒါ့အပြင် ၂၁ နှစ်အရွယ် စမစ်ရိုဝီက

တစ်ချိန်တုန်းက အာဆင်နယ်ရဲ့လန်ဒန်ပြိုင်ဘက် ချဲလ်ဆီးရဲ့ငြင်းဆန်ခြင်းကို

ခံခဲ့ရကြောင်း ဖွင့်ဟလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်နဲ့ ဝက်စ်ပရောက်တို့ရဲ့ဒဏ်ရာတွေကြောင့်

စမစ်ရိုဝီဟာ အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့အသင်းမှာ ပါဝင်လာခဲ့တာပါ။

သူဟာ အရင်က ယူ-၂၁ အသင်းမှာ ပါဝင်ရဖို့ရှိပေမယ့် အခုတော့

အကြောင်းတိုက်ဆိုင်လာလို့ လက်ရွေးစင်အသင်းကြီးမှာ ပါဝင်ရတာဖြစ်ပြီး

အဲဒါကို အခွင့်ကောင်းယူဖို့ ဆုံးဖြတ်ထားပါတယ်။

”ဒါဟာ အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ ကျွန်တော် သေချာပေါက်ကို

မမျှော်လင့်ထားပါဘူး။ ကျွန်တော် ယူ-၂၁ အသင်းကို သွားတော့မှာပါ။

ဆောက်ဂိတ်က သူ့အသင်းမှာ ကျွန်တော်ပါတယ်လို့ ဖုန်းဆက်မပြောခင်နေ့မှာပဲ

အဲဒီလိုစီစဉ်ထားတာပါ။ ကျွန်တော်နဲ့ကျွန်တော့်မိသားစုအတွက်

ကြီးကျယ်တဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါတယ်။ ဆောက်ဂိတ်ဖုန်းဆက်တော့

ကျွန်တော်က အိမ်အပေါ်ထပ်ရောက်နေပြီး အမေက အောက်ထပ်မှာပါ။

ကျွန်တော်လည်း အောက်ထပ်ပြေးဆင်းပြီး အမေ့ကို ချက်ချင်းပြောပြကာ

အရမ်းကို စိတ်ခံစားမှုဖြစ်ခဲ့ပါတယ်။။ အဲဒီအတွက် အရမ်းဂုဏ်ယူနေသလို

အသင်းသားတွေနဲ့တွေ့ဆုံဖို့လည်း မစောင့်နိုင်တော့ပါဘူး။ အရာအားလုံးက

လျင်လျင်မြန်မြန်ကြီးဖြစ်သွားတာပါ။ ဒါပေမဲ့ ကျွန်တော်ကတော့

နှိမ်နှိမ်ချချနေဖို့ပဲ ကြိုးစားမှာပါ”လို့ စမစ်ရိုဝီက သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

သူဟာ အခုချိန်မှာ အာဆင်နယ်နဲ့အင်္ဂလန်တို့ရဲ့ထိပ်တန်းအရည်အသွေးရှိ

လူငယ်ကြယ်ပွင့်တစ်ယောက်ဖြစ်နေပေမယ့် တစ်ချိန်တုန်းက ချဲလ်ဆီးရဲ့

ပယ်ချခြင်းကို ခံခဲ့ရလို့ စိတ်ပျက်မှုခံစားခဲ့ရသူဖြစ်ပါတယ်။

အဲဒီအကြောင်းကို ရိုဝီက”အာဆင်နယ်ကို ကျွန်တော်မသွားခင် ချဲလ်ဆီးမှာ

ခြေစွမ်းစမ်းသပ်ခံခဲ့ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်အငြင်းခံခဲ့ရပါတယ်။

အရမ်းငယ်သေးလို့ အဲဒီအချိန်က မခံစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒါပြီးတဲ့နောက်

ကျွန်တော် အာဆင်နယ်ကို ချက်ချင်းသွားခဲ့ပြီး ကံကောင်းစွာနဲ့ပဲ ရွေးခံခဲ့ရပါတယ်။

အဲဒီကတည်းက နောက်ပြန်မကြည့်တောပါ”လို့ ပြန်ပြောင်းပြောခဲ့ပါတယ်။

စမစ်ရိုဝီဟာ ဒီရာသီ အာဆင်နယ်မှာ အထူးခြေစွမ်းပြနေပြီး

ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၄ ဂိုးသွင်းထားပါတယ်။

zawgyi

အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးမွာ ပထမဆုံးအႀကိမ္ေခၚယူခံရမႈအတြက္ အတိုင္းထက္အလြန္ ေပ်ာ္႐ႊင္မိေၾကာင္း ဝန္ခံလိုက္တဲ့ စမစ္႐ိုဝီ

အာဆင္နယ္ၾကယ္ပြင့္စမစ္႐ိုဝီက အဂၤလန္လက္ေ႐ြးစင္အသင္းႀကီးမွာ

ပထမဆုံးအႀကိမ္ေခၚယူခံရမႈအတြက္ အတိုင္းထက္အလြန္

ေပ်ာ္႐ႊင္မိေၾကာင္း ဝန္ခံလိုက္ပါတယ္။ ဒါ့အျပင္ ၂၁ ႏွစ္အ႐ြယ္ စမစ္႐ိုဝီက

တစ္ခ်ိန္တုန္းက အာဆင္နယ္ရဲ႕လန္ဒန္ၿပိဳင္ဘက္ ခ်ဲလ္ဆီးရဲ႕ျငင္းဆန္ျခင္းကို

ခံခဲ့ရေၾကာင္း ဖြင့္ဟလိုက္ပါတယ္။ ရက္ရွ္ဖို႔ဒ္နဲ႔ ဝက္စ္ပေရာက္တို႔ရဲ႕ဒဏ္ရာေတြေၾကာင့္

စမစ္႐ိုဝီဟာ အဂၤလန္နည္းျပေဆာက္ဂိတ္ရဲ႕အသင္းမွာ ပါဝင္လာခဲ့တာပါ။

သူဟာ အရင္က ယူ-၂၁ အသင္းမွာ ပါဝင္ရဖို႔ရွိေပမယ့္ အခုေတာ့

အေၾကာင္းတိုက္ဆိုင္လာလို႔ လက္ေ႐ြးစင္အသင္းႀကီးမွာ ပါဝင္ရတာျဖစ္ၿပီး

အဲဒါကို အခြင့္ေကာင္းယူဖို႔ ဆုံးျဖတ္ထားပါတယ္။

”ဒါဟာ အိပ္မက္ေတြ တကယ္ျဖစ္လာတာပါ။ ကြၽန္ေတာ္ ေသခ်ာေပါက္ကို

မေမွ်ာ္လင့္ထားပါဘူး။ ကြၽန္ေတာ္ ယူ-၂၁ အသင္းကို သြားေတာ့မွာပါ။

ေဆာက္ဂိတ္က သူ႔အသင္းမွာ ကြၽန္ေတာ္ပါတယ္လို႔ ဖုန္းဆက္မေျပာခင္ေန႔မွာပဲ

အဲဒီလိုစီစဥ္ထားတာပါ။ ကြၽန္ေတာ္နဲ႔ကြၽန္ေတာ့္မိသားစုအတြက္

ႀကီးက်ယ္တဲ့အခိုက္အတန႔္တစ္ခုျဖစ္ခဲ့ပါတယ္။ ေဆာက္ဂိတ္ဖုန္းဆက္ေတာ့

ကြၽန္ေတာ္က အိမ္အေပၚထပ္ေရာက္ေနၿပီး အေမက ေအာက္ထပ္မွာပါ။

ကြၽန္ေတာ္လည္း ေအာက္ထပ္ေျပးဆင္းၿပီး အေမ့ကို ခ်က္ခ်င္းေျပာျပကာ

အရမ္းကို စိတ္ခံစားမႈျဖစ္ခဲ့ပါတယ္။။ အဲဒီအတြက္ အရမ္းဂုဏ္ယူေနသလို

အသင္းသားေတြနဲ႔ေတြ႕ဆုံဖို႔လည္း မေစာင့္ႏိုင္ေတာ့ပါဘူး။ အရာအားလုံးက

လ်င္လ်င္ျမန္ျမန္ႀကီးျဖစ္သြားတာပါ။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့

ႏွိမ္ႏွိမ္ခ်ခ်ေနဖို႔ပဲ ႀကိဳးစားမွာပါ”လို႔ စမစ္႐ိုဝီက သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာပါ။

သူဟာ အခုခ်ိန္မွာ အာဆင္နယ္နဲ႔အဂၤလန္တို႔ရဲ႕ထိပ္တန္းအရည္အေသြးရွိ

လူငယ္ၾကယ္ပြင့္တစ္ေယာက္ျဖစ္ေနေပမယ့္ တစ္ခ်ိန္တုန္းက ခ်ဲလ္ဆီးရဲ႕

ပယ္ခ်ျခင္းကို ခံခဲ့ရလို႔ စိတ္ပ်က္မႈခံစားခဲ့ရသူျဖစ္ပါတယ္။

အဲဒီအေၾကာင္းကို ႐ိုဝီက”အာဆင္နယ္ကို ကြၽန္ေတာ္မသြားခင္ ခ်ဲလ္ဆီးမွာ

ေျခစြမ္းစမ္းသပ္ခံခဲ့ပါေသးတယ္။ ဒါေပမဲ့ ကြၽန္ေတာ္အျငင္းခံခဲ့ရပါတယ္။

အရမ္းငယ္ေသးလို႔ အဲဒီအခ်ိန္က မခံစားႏိုင္ခဲ့ပါဘူး။ ဒါေပမဲ့ အဲဒါၿပီးတဲ့ေနာက္

ကြၽန္ေတာ္ အာဆင္နယ္ကို ခ်က္ခ်င္းသြားခဲ့ၿပီး ကံေကာင္းစြာနဲ႔ပဲ ေ႐ြးခံခဲ့ရပါတယ္။

အဲဒီကတည္းက ေနာက္ျပန္မၾကည့္ေတာပါ”လို႔ ျပန္ေျပာင္းေျပာခဲ့ပါတယ္။

စမစ္႐ိုဝီဟာ ဒီရာသီ အာဆင္နယ္မွာ အထူးေျခစြမ္းျပေနၿပီး

ပရီးမီးယားလိဂ္ ၁၁ ပြဲမွာ ၄ ဂိုးသြင္းထားပါတယ္။